အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ၏ ဗဟုိအတြင္းေရးမွဴး၊အဖြဲ႔၀င္ ဦး၀င္းထိန္အား ပဥၥမလႈိင္း Online Media မွ သီးသန္႔ဆက္သြယ္ေမးျမန္းခဲ့မႈ

0
141

“ဒီပါတီကို ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ၿပီးေတာ့ လုပ္ထားေတာ့ အခုထိ ႀကီးထြားလာတာ။ သူရွိေနသ၍ ကာလပတ္လံုးကေတာ့ ဆက္လက္ရွင္သန္ေနမွာပဲ။ သူမရွိဘူးဆိုရင္ေတာ့ …………………”

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ၏ ဗဟုိအတြင္းေရးမွဴး၊အဖြဲ႔၀င္ ဦး၀င္းထိန္ကို ပဥၥမလႈိင္း Online Media မွ ဒီဇင္ဘာလ ၁၈ ရက္ေန႔တြင္ သီးသန္႔ဆက္သြယ္ ေမးျမန္းခဲ့မႈကို စာဖတ္သူမ်ားသိရွိႏိုင္ရန္ ေဖာ္ျပအပ္ ပါသည္။

ပဥၥမလႈိင္း – လက္ရွိ NLD ပါတီရဲ႕ထူးျခားျဖစ္စဥ္ေလးေတြဘာရွိမလဲ သိပါရေစ။

ဦး၀င္းထိန္ – ဘာမွမရွိပါဘူး။

ပဥၥမလႈိင္း – အန္ကယ္အေနနဲ႔ ပါတီရဲ႕အလုပ္သမားေရးရာေကာ္မတီဥကၠဌ ျဖစ္တဲ့အတြက္ နိုင္ငံရဲ႕ အလုပ္သမား၊အလုပ္ရွင္ အဆင္မေျပမႈကိစၥေတြ၊ လုပ္ခလစာမေျပလည္မႈ ကိစၥေတြကို ဘယ္လို ကိုင္တြယ္ေျဖရွင္းေပးဖုိ႔ အစီအစဥ္ရွိလဲ။

ဦး၀င္းထိန္ – အလုပ္သမားေတြနဲ႔က ပတ္သက္လို႔ရွိရင္ အလုပ္သမားရယ္၊ အလုပ္ရွင္ရယ္၊အစိုးရရယ္ ဒီသံုးခု က အဓိကပဲ။ အလုပ္ရွင္နဲ႔ အလုပ္သမားျပႆနာ ျဖစ္တာကမ်ားတယ္။ အဲ့ေတာ့ ျပႆနာက သူတို႔ခ်င္းေျဖရွင္းလို႔ ရရင္ ရ၊ မရရင္အစိုးရကို ၀င္ပါခိုင္းတယ္။ ေနာက္တစ္ပိုင္းက ILO ရွိတယ္။ သူတို႔ကလည္း ျမန္မာျပည္နဲ႔ပတ္သက္လို႔ ျမန္မာျပည္ကကိစၥ အကုန္လံုး စိတ္၀င္စားတယ္။ အဲ့ေတာ့ ဥပေဒအရ အလုပ္သမားရယ္၊ အလုပ္ရွင္ရယ္၊ အစိုးရရယ္ ျပႆနာ ျဖစ္ရင္ အစိုးရက သူတို႔ဘာသာ ရွင္းပါေစ။ အန္ကယ္တို႔ အလုပ္သမားက နိုင္ငံေရး အဖြဲ႔အစည္းထဲကို တိုက္ရိုက္၀င္ပါလို႔မရဘူး။ ဒါေပမယ့္ သူတို႔မေက်နပ္လို႔လာတိုင္ရင္ ေခၚၿပီးေတာ့ ေမးတယ္။ တတ္နိုင္သမွ်ေတာ့ အလုပ္သမားေရးရာ ေကာ္မတီအဖြဲ႔မွာ အဖြဲ႔၀င္ေတြရွိတယ္ေလ။ အထူးသျဖင့္ ရန္ကုန္မွာ ရွိတဲဲ့လူေတြေပါ့ ၊ ေခၚေမးမယ္။ အဓိကကေတာ့ ေျပလည္ရာေျပလည္ေၾကာင္းညိွမယ္။ ညွိလို႕မရရင္ အစိုးရဆီတင္ ၊ အစိုးရတင္လို႔ရွိရင္ ေျပလည္တာလည္းရွိတယ္။ မေျပလည္တာလည္း ရွိတယ္။ ဒါေပမယ့္ ခံုသမာဓိဆိုတဲ့ အဖြဲ႔ေတြလည္းရွိတယ္။ သူတို႔အလုပ္သမားနဲ႔အလုပ္ရွင္ မေျပလည္လို႔ရွိရင္ အလုပ္သမား အလုပ္ရွင္ျပႆနာကို အစိုးရက ဆံုးျဖတ္တယ္။ မေက်နပ္လို႔ရွိရင္ ခံုသမာဓိတင္ရတယ္။ ခံုသမာဓိ ဆံုးျဖတ္ခ်က္ကို လိုက္နာရတယ္။ ဒါကိုေစာင့္ၾကည့္ၿပီးေတာ့ အလုပ္သမားကိစၥေတြကို ေဘးကေန သင့္တင့္တဲ့ အႀကံဥာဏ္ေတြေပးၿပီး အေျဖရွာေပးတယ္။ ဒါပဲ။

ပဥၥမလႈိင္း – ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ပါတီေအာင္ႏုိင္ေရးအတြက္ ေဒၚေအာင္ဆန္းစုၾကည္က အဓိက ဦးေဆာင္မဲဆြယ္စည္း႐ံုးခဲ့သလို ၂၀၁၅ ေရြးေကာက္ပြဲမွာလည္း ေဒၚေအာင္ဆန္းစုၾကည္ကပဲ ဦးေဆာင္ေပးခဲ့တယ္။ အဲဒါေၾကာင့္လဲ အခု အစိုးရကို ဦးေဆာင္ေပးရတာဆိုေတာ့ ၂၀၂၀ အတြက္ မဲဆြယ္တဲ့အခါ NLD ပါတီအေနနဲ႔ ဘယ္လိုနည္းလမ္းေတြနဲ႔ ေအာင္ႏုိင္ေရးရေအာင္ ႀကိဳးစားမလဲ။ ဘယ္လို စီစဥ္ထားပါသလဲ။

ဦး၀င္းထိန္ – ျဖတ္သန္းတာက ၁၉၉၃ ခုႏွစ္တုန္းကအန္ကယ္တို႔က ေထာင္ထဲေရာက္ေနေတာ့ ေကာင္းေကာင္း မသိဘူး။၂၀၁၂ မွာေတာ့ကိုယ္တိုင္ပါတယ္။ ၂၀၁၅ မွာ ကိုယ္တိုင္ပါတယ္။ အဲ့ေတာ့ ဘာေတြလုပ္ရမယ္ဆိုတာ သိၿပီးၿပီ။ ဘာေတြလုပ္ရမလဲဆိုလို႔ရွိရင္ ကိုယ့္လႊတ္ေတာ္ကိုယ္စားလွယ္က သူ႔မဲဆႏၵရွင္နဲ႔ နယ္က မဲဆႏၵရွင္ေတြနဲ႔ တသားတည္းျဖစ္ေအာင္ လုပ္ရမယ္။ ဒါမွ တသားတည္းျဖစ္ေအာင္လုပ္မွ သူတို႔ကမဲေပးမွာ။ အဲ့လိုမွ မစည္းရံုးနိုင္ဘူးဆိုလို႔ရွိရင္ မဲမရဘူး။ စည္းရံုးပံု စည္းရံုးနည္းလည္း သိေနၿပီ။ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုယ္ကိုယ္တိုင္ ႏုိင္ငံေရး ၀င္မလုပ္ရဘူးဆိုေပမယ့္ သူ႔ဆီမွာလည္းရွိေနတယ္။ ဒီဟာေတြကို သံုးၿပီးေတာ့မွ ႀကိဳးစားမယ္။ ဒါကတစ္ခ်က္ေပါ့။ ေနာက္တစ္ခ်က္က်ေတာ့ လက္ရွိမွာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရွိေနတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အလုပ္ေကာင္းေကာင္းလုပ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိတယ္။ အဲ့ဒါ အမ်ားစုေပါ့ လူနည္းစု တစ္ခ်ိဳ႕က ေကာင္းေကာင္း မလုပ္ဘူး။ မလုပ္ဘူးဆိုတာက ကိုယ့္ၿမိဳ႕နယ္က မဲဆႏၵရွင္ေတြက ဘယ္လို သေဘာထားတယ္။ ဘာညာျပန္မဆင္းဘူး ျပန္မေမးဘူး။ အဲ့ေတာ့ တကယ္ အလုပ္လုပ္တဲ့သူေတြဆိုလို႔ရွိရင္ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြ က ကိုယ့္မဲဆႏၵရွင္ေတြရဲ႕ ဆႏၵနဲ႔ ကိုက္ညီတဲ့အလုပ္ေတြ လုပ္တယ္။ သူတို႔အတြက္ စိုးရိမ္စရာမရွိဘူး။ အဲ့လိုမွ မလုပ္ဘူးဆိုရင္ ဒီလူအတြက္ စိုးရိမ္စရာရွိတယ္။ မဲဆႏၵနယ္က မဲေပးမွာ မဟုတ္ဘူး။ မဲမေပးရင္ ရံႈးၿပီ။ ဒါပါပဲ။

ပဥၥမလႈိင္း – NLD ပါတီမွာ အန္ကယ္အပါအ၀င္ အထက္ပိုင္းတာ၀န္ ယူထားသူေတြ အမ်ားစုက အသက္ႀကီးပိုင္းေတြ ျဖစ္ေနၾကၿပီ။ အနာဂတ္မွာ ပါတီေရရွည္ဆက္လက္ တည္ၿမဲေရးအတြက္ ဘယ္လုိေတြ လုပ္ေဆာင္သြားဖို႔ ရွိပါသလဲ။ ဘယ္လိုမ်ိဳးဆက္သစ္ေတြကို ပါတီမွာ ေနရာေပးဖို႔ရွိပါသလဲ။

ဦး၀င္းထိန္ – အခုလည္း လႊတ္ေတာ္ထဲမွာ လူငယ္ပါပါတယ္။ ရာခိုင္ႏႈန္း အရေတာ့ ၄၀ ရာခိုင္ႏႈန္း ေလာက္ရွိတယ္။ လူငယ္ဆိုတာကေတာ့ NLD လူငယ္နဲ႔ဆို အသက္ ၃၀ ေအာက္သတ္မွတ္တာ။ သို႔ေသာ္ လႊတ္ေတာ္ ကိုယ္စားလွယ္က်ေတာ့ အရင္တုန္းက လူငယ္လႈပ္ရွားမႈမွာပါတဲ့ပုဂိၢဳလ္ေတြ ေမာင္ေမာင္ဦးတို႔ တြတ္ပီတို႔ ၿပံဳးခ်ိဳတို႔ ရဲလြင္၊ မင္းမင္းတို႔ သူတို႔က ၈၈ တုန္းကပါခဲ့တယ္။ အဲ့တုန္းက လူငယ္ေတြက အခု ၅၀ ေရာက္ၿပီ။ အသက္ကလည္း ၅၀ ႏွစ္ေရာက္ၿပီဆုိေတာ့ သူတို႔အတြက္လုပ္အားက အားေကာင္းတဲ့အခ်ိန္၊ အဲ့ဒါမ်ိဳးေတြပါတယ္။ အခု အန္ကယ္တို႔ကဒီႏွစ္က စၿပီးေတာ့ သႀကၤန္မတိုင္ခင္မွာ ၿမိဳ႕နယ္တိုင္းၿမိဳ႕နယ္တိုင္း လူငယ္ေတြ အင္အားေဖာ္ထုတ္သြားမွာပါ။ တခိ်ဳ႕ၿမိဳ႕နယ္ေတြဆို ၅၀ ေလာက္ တခ်ဳိ႕ၿမိဳ႕နယ္ေတြဆို ၁၀၀ ေလာက္ရတယ္။ ရန္ကုန္မွာဆိုလို႔ရွိရင္ ၂၀၀၊၃၀၀ ေတြ ရတာရွိတယ္။ အဲ့ထဲမွာမွ အရည္အခ်င္းရွိတဲ့သူေတြကို လႊတ္ေတာ္ကိုယ္စားလွယ္၊ အရည္အခ်င္းရွိတဲ့သူေတြကို ေရြးၿပီးေတာ့ ျပဳစုပ်ိဳးေထာင္ရမွာေပါ့။ ေနာက္တခ်က္က ဒီလူငယ္ေတြကို ေဖာ္ထုတ္လို႔ရၿပီဆိုရင္ သူတို႔ကို သင္တန္းေတြေပးရမယ္။ နိုင္ငံေရး သင္တန္းေတြေပးရမယ္။ NLD ကသင္တန္းေတြေပးရမယ္။ NLD ရဲ႕ စည္းကမ္းေတြသိေအာင္သင္ရမယ္။ အထူးသျဖင့္ လႊတ္ေတာ္ဥပေဒေတြ နားလည္ေအာင္ သင္ရမယ္။ အဲ့ဒါၿပီးေတာ့မွ အရည္အခ်င္းရွိတဲ႔သူေတြကို ေရြးၿပီးေတာ့မွ အန္ကယ္တို႔က ျပဳစုပ်ိဳးေထာင္သြားမွာပါ။ ေရရွည္တည္တံ့ဖို႔ ဆိုတာကေတာ့ တစ္ခုေတာ့ ရွိတာေပါ့။ ဒီပါတီကို ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ၿပီးေတာ့ လုပ္ထားေတာ့ အခုထိ ႀကီးထြားလာတာ။ သူရွိေနသ၍ ကာလပတ္လံုးကေတာ့ ဆက္လက္ရွင္သန္ေနမွာပဲ။ မရွိဘူးဆိုရင္ေတာ့ တတ္နိုင္သမွ် ႀကိဳးစားထိန္းသိမ္းမွာေပါ့။ သို႔ေသာ္ ဘယ္ေလာက္ထိ ထိန္းနိုင္မလဲ၊ မထိန္းနိုင္ဘူးလဲဆိုတာကေတာ့ ေျပာလို႔မရဘူး။ သို႔ေသာ္ အဓိက သူခ်တဲ့ မူ၀ါဒက ျပည္သူလူထုရဲ႕ အက်ိဳးစီးပြားကို လုပ္နိုင္သမွ် လုပ္သည့္ ကာလပတ္လံုး ျပည္သူေတြက ေထာက္ခံမွာပဲ ျပည္သူနဲ႔ ကင္းကြာတယ္ဆိုလို႔ရွိရင္ေတာ့ ရလဒ္ မေကာင္းဘူးေပါ့။ ႀကိဳးစားရမွာေပါ့။ သူမရွိေတာ့ဘူး လက္လႊဲသြားၿပီဆိုလို႔ရွိရင္ သူေျပာသလိုပဲ ျပည္သူထူထုနဲ႔ တသားတည္းေန ျပည္သူလူထုအကိ်ဳးကို ေဆာင္ရြက္တဲ့ပါတီျဖစ္ေအာင္ေတာ့ ႀကိဳးစားရမွာေပါ့။

ပဥၥမလႈိင္း – ေလာေလာဆယ္ ရခိုင္အေရးကိစၥနဲ႔ပတ္သက္ၿပီး ျပည္ပနိုင္ငံေတြကေန ဖိအားေပးေနသလို ျပည္တြင္းပါတီေတြ ပညာရွင္အဖြဲ႕အစည္းေတြကလည္း ေ၀ဖန္သံုးသပ္မႈေတြ လုပ္ေနႀကတာ ေတြ႕ရပါတယ္။ ရခိုင္အေရးနဲ႔ ပတ္သက္ၿပီး NLD ပါတီရဲ႕ ရပ္တည္ခ်က္ သေဘာထားကိုလည္း သိပါရေစ။

ဦး၀င္းထိန္ – အခု နိုင္ငံတကာ ဖိအားေပးတာက ဆန္းေတာ့ မဆန္းဘူး။ ဘာေၾကာင့္မဆန္းတာလည္းဆိုေတာ့ အန္ကယ္တို႔ NLD က အၿမဲဖိအားေပးခံရတယ္။ ဟိုတုန္းက စစ္အစိုးရ ဖိအားေပးတယ္။ အခု နိုင္ငံတကာက ဖိအားေပးတယ္။ စေကးခ်င္းေတာ့ မတူဘူးေပါ့။ ဒါေပမယ့္ စစ္အစိုးရ ဖိအားေပးတုန္းကလည္း အန္ကယ္တို႔က ႀကံ႕ႀကံ႕ခံၿပီးေတာ့ ဇြဲနဲ႔ရုန္းကန္ၿပီးေတာ့ ဒီအေနအထားကို ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ၿပီးေတာ့ ေရာက္လာတယ္။ အခု ရခိုင္ကိစၥကလည္း ေဒၚေအာင္ဆန္းစုၾကည္ပါ၀င္ၿပီး အန္ကယ္တို႔ အစိုးရတစ္ဖြဲ႔လံုး ပါ၀င္ၿပီး ေစတနာေကာင္းနဲ႔ႀကိဳးစားၿပီးေတာ့ အဲ့နယ္ေျမ တည္တံ့ေအာင္လုပ္ရမယ္။ ဒါနဲ႔ပတ္သက္ရင္ ဒါကို ဘာလုပ္မလဲဆိုတာေၾကညာၿပီးသား။ ၁၉၈၂ ကတည္းက ႏုိင္ငံသားဥပေဒ ၊ေနာက္ ၁၉၉၃ ခုႏွစ္တုန္းက ႏွစ္ႏုိင္ငံ စာခ်ဳပ္ခ်ဳပ္တဲ့ဥပေဒ၊ ေနာက္တစ္ခုက အခုေလာေလာဆယ္ ႏုိင္ငံျခားေရး၀န္ႀကီးနဲ႔ ထုိးခဲ့တဲ့ MoU အေပၚမွာ မူတည္ၿပီးေတာ့မွ ႀကဳိးစားလုပ္ေဆာင္သြားမယ္။ အခုေရာက္သြားတဲ့အဖြဲ႔ေတြကုိ ျပန္လက္ခံဖုိ႔ လုပ္ငန္းေတြကစေနၿပီ၊ သုိ႔ေသာ္ ဘယ္ေလာက္ထိ ျမန္မလဲ ထိေရာက္မယ္လုိ႔ေတာ့ မေျပာတတ္ဘူး။

ပဥၥမလႈိင္း – ႏုိင္ငံေတာ္ရဲ႕ အတုိင္ပင္ခံ ပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ႔တဲ႔ ႏုိ၀င္ဘာလထဲမွာ တရုတ္ႏုိင္ငံကုိ အလုပ္သေဘာ ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ႔ပါတယ္။ ၿပီးေတာ႔ တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ ျပည္ပႏုိင္ငံေရး ပါတီေတြရဲ႕ အဆင္႔ျမင့္ေခါင္းေဆာင္မ်ား မ်က္ႏွာစုံညီအစည္းအေ၀းမွာ အထူးဧည့္သည္ေတာ္ အေနနဲ႔လည္း တက္ေရာက္မိန္႔ခြန္းေျပာခဲ့တယ္လို႔ သိရပါတယ္။ တရုတ္ ကြန္ျမဴနစ္ပါတီနဲ႔ NLD ပါတီအၾကားမွာ ထူးျခားတဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိလာႏုိင္ပါသလား။

ဦး၀င္းထိန္ – ေဒၚေအာင္ဆန္းစုၾကည္ တရုတ္ျပည္ခရီးကုိ သြားတဲ့အတြက္ေၾကာင့္ ဒီျမန္မာျပည္ရဲ႕ ျပႆနာဆတြကုိ တရုတ္က ပုိၿပီးေတာ႔ သိနားလည္လာတယ္။ ေနာက္တစ္ခ်က္က သူတုိ႔ အက်ဳိးလည္းပါတာေပါ့။ သူတုိ႔ ႏုိင္ငံက ဒီမွာလုပ္ေနတဲ့စီးပြားေရး စက္မႈလက္မႈလုပ္ငန္းေတြ ေခ်ာေခ်ာခ်ဴခ်ဴျဖစ္ဖုိ႔အတြက္ ရလဒ္ေကာင္းေတြ ရဖို႔ ၊ တတိယအခ်က္ကေတာ႔ အစုိးရအခ်င္းခ်င္းဆက္ဆံေရးအျပင္ ပါတီရဲ႕ ဆက္ဆံေရးကုိပါ ျမႇင့္တင္မယ္ဆုိတဲ့ အခ်က္တစ္ခ်က္ပါတယ္။ NLD နဲ႔ တရုတ္ကြန္ျမဴနစ္ပါတီ ဆက္ဆံေရးဟာ ပုိၿပီးေတာ့ပြင့္လင္းၿပီးေတာ့ ပိုၿပီးေတာ့ နီးစပ္တဲ့အလားအလာျမင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အန္ကယ္တုိ႔ဆီက ဖိတ္တဲ့ေနရာေတြကုိ လူငယ္ေတြ သြားတယ္။ လူႀကီးေတြ သြားတယ္။ CECေတြသြားတယ္။ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြသြားတယ္။ တစ္ႏွစ္ကုိ ေလးငါးေျခာက္ေယာက္ေလာက္ သြားႏုိင္တယ္။ သြားတဲ့အဓိပၸာယ္ကေတာ့ ကုိယ့္ပုိက္ဆံနဲ႔ ကုိယ္လည္း မသြားႏုိင္ဘူး။ သူတုိ႔ ဖိတ္ရင္သြားရမယ္။ သူတုိ႔ ႏုိင္ငံမွာ ဘယ္လုိ တုိးတက္ေအာင္လုပ္ေနၿပီလဲ။ သူတုိ႔ ပါတီက ဘယ္လုိ လုပ္ငန္းေတြ ရွိသလဲ။ ကုိယ္တုိ႔ကလည္း သူတုိ႔ဆီက ျပန္ေလ႔လာ၊ သူတုိ႔ကလည္း ကုိယ္႔လူေတြကုိ ျပန္ေလ႔လာျခင္းအားျဖင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးက ပုိၿပီးေတာ့ ျမင္႔လာမယ္လုိ႔ယူဆပါတယ္။

ပဥၥမလႈိင္း – ၿပီးခဲ႔တဲ႔ ရက္အတြင္းမွာ ရပ္ေက်း ဥကၠ႒ ျပန္လည္ေရြးခ်ယ္တဲ့ အေပၚ NLD ပါတီက ၀င္ေရာက္စြက္ ဖက္မႈေတြရွိေနတယ္လုိ႔ စြပ္စြဲခ်က္သတင္းေတြ ထြက္ေပၚေနတဲ့အေပၚ ဘယ္လုိမွတ္ခ်က္မ်ား ေပးခ်င္ပါသလဲ။

ဦး၀င္းထိန္ – အရင္႔အရင္ အစုိးရေတြတုန္းက ပါတီ ဥကၠ႒ေတြက သူတုိ႔ စိတ္ႀကဳိက္လုပ္သြားၾကတာေလ။ စိတ္ႀကဳိက္လုပ္သြားတဲ့အခါက်ေတာ့ ရွင္းရွင္းေျပာရရင္ ႀကံ႔ဖြတ္ကုိလုိလားတဲ႔ ေကာင္ေတြက မ်ားတယ္။ အခု အဲလုိ မဟုတ္ဘူး။ ႀကံ႕ဖြတ္ကုိ လုိလားတဲ႔သူလဲ ျဖဳတ္စရာမလုိဘူး။ သုိ႔ေသာ္ ရပ္ရြာလူထုက လုိလားတဲ႔သူ၊ သမာသမတ္က်တဲ့သူ ျဖစ္ဖုိ႔ႀကဳိးစား၊ NLD မို႔လုိ႔ ရရမွာလုိ႔ မဟုတ္ဘူး၊ သုိ႔ေသာ္လည္းပဲ ေက်းရြာဆုိလဲ ေက်းရြာလူေတြ ႀကဳိက္တဲ႔သူ ၊ရပ္ရြာဆုိလဲ ရပ္ရြာ ႀကဳိက္တဲ႔သူ သမာသမတ္က်တဲ႔သူကုိ ရဖုိ႔ႀကဳိးစားၾကတာေပါ႔။ ဒါကုိ စြက္ဖက္တာေတာ့ မဟုတ္ဘူး၊ ဒီလုိ အဆင့္ဆင့္ျဖစ္ေတာ့မွ အန္ကယ္တုိ႔ သြားခ်င္တဲ့ ဒီမုိကေရစီလမ္းေၾကာင္းကို ပုံေဖာ္တဲ့အခါမွာ အေႏွာက္အယွက္မျဖစ္မွာ။ ေနာက္မို႔လုိ႔ဆုိ အဲပုဂၢဳိလ္ေတြက အေႏွာက္အယွက္ျဖစ္ဖုိ႔မ်ားတယ္။

ပဥၥမလႈိင္း – ၂၀၂၀ မွာ NLD ပါတီရဲ႕ အဓိက ၿပဳိင္ဘက္ပါတီဟာ ဘယ္ပါတီျဖစ္လာႏိုင္မလဲ။ ျပည္ခုိင္ၿဖဳိးပါတီအပါအ၀င္ အျခား ဘယ္ပါတီေတြန႔ဲ အားၿပဳိင္ရမယ္လုိ႔ ထင္ပါသလဲ။

ဦး၀င္းထိန္ – ျဖစ္ႏုိင္တာေတာ့ ျပည္နယ္ေတြမွာ ျဖစ္ဖုိ႔မ်ားတယ္။ အခုလဲ ျဖစ္ခဲ့တာပဲ။ ရွမ္းတုိ႔ ရခုိင္တုိ႔ဆုိ အန္ကယ္တုိ႔ ေကာင္းေကာင္းမွ မႏုိင္ပဲ။ မြန္တု႔ိ ကရင္တုိ႔မွာေတာ႔ အေျခအေနေကာင္းတယ္။ မြန္ဆုိရင္ NLD ကမြန္ေတြခ်ည္းပဲ။ အမ်ားဆုံးမဲထည္႔တယ္။ ကရင္ကဆုိ ကရင္ေတြကုိ ထည္႔တယ္။ ဒါေၾကာင့္မို႔လုိ႔ ဒီကရင္ျပည္နယ္က ၀န္ႀကီးခ်ဳပ္ဆုိရင္ ေဒၚနန္းခင္ေထြးျမင့္ ၊ မြန္ဆုိရင္ ေဒါက္တာေအးဇံ၊ ခ်င္းဆုိရင္ ဆလုိင္းလြယ္လွ်ံ၊ ကခ်င္ျပည္နယ္ဆုိ ေဒါက္တာခက္ေအာင္ သူက ကခ်င္၊ အဘတုိ႔ဆီမွာ တိုင္းရင္းသားေတြ အကုန္လုံးပါတယ္။ အကုန္ပါတဲ့အထဲက အရည္အခ်င္းရွိတဲ့သူေတြ ေရြးရတာေပါ့။

ပဥၥမလႈိင္း – ၂၀၂၀ ေရြးေကာက္ပြဲမွာေအာင္ႏုိင္ခဲ႔ရင္ ေနာက္အစုိးရ သက္တမ္းတစ္ခု တာ၀န္ယူရမယ္ဆုိရင္ အခုလက္ရွိ ႏုိင္ငံေရး၊ စီးပြားေရး၊ ၿငိမ္းခ်မ္းေရး က႑ေတြမွာေရာ ထူးျခားတဲ႔ ုျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ သြားဖုိ႔ ဘယ္လုိ စီစဥ္ထားပါသလဲ။

ဦး၀င္းထိန္ – ျပဳျပင္ေျပာင္းလဲမႈ ဆုိတာထက္ကုိ ဒီမုိကေရစီဆုိတဲ့ အစုိးရသစ္ပင္ဟာ အခု ၂ ႏွစ္ပဲရွိေသးတယ္။ အပင္ေပါက္တာက မၿမဲေသးဘူး။ ၅ ႏွစ္ဆုိလဲ စိတ္မခ်ရေသးဘူး။ ၂၀၂၀ ေရြးေကာက္ပြဲ ႏုိင္ရင္ တုိင္းျပည္တာ၀န္ယူရမယ္ဆုိရင္ ၅ ႏွစ္ရွိတဲ့သစ္ပင္က တျဖည္းျဖည္း ၁၀ ႏွစ္ရွိမယ္။ ၁၀ ႏွစ္ရွိရင္ ဒီမုိကေရစီ သစ္ပင္ဟာ ခုိင္ၿမဲသြားၿပီး ေနာက္ ဘယ္အစုိးရပဲတက္တက္ ဒီယႏၱရားေတြဟာ ျဖတ္လုိ႔မရေတာ႔ဘူး။ အန္ကယ္တုိ႔လုိခ်င္တာက ဒီမုိကေရစီ ထြန္းကားဖုိ႔ ၊အဓိက ထြန္းကားဖုိ႔ ဆုိရင္ အေစာကေျပာသလုိ လူေတြ စီးပြားေရး၊ ႏုိင္ငံေရး အကုန္လုံး လုိက္ေလ်ာညီေထြ ျဖည့္ဆည္းမႈေတြ လုပ္ရမယ္။

ပဥၥမလႈိင္း – အခုလို အခ်ိန္ေပးေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

ေတြ႔ဆံုေမးျမန္းသူ – ယဥ္ေကႏြယ္(ေနျပည္ေတာ္)

“ဒီပါတီကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးတော့ လုပ်ထားတော့ အခုထိ ကြီးထွားလာတာ။ သူရှိနေသ၍ ကာလပတ်လုံးကတော့ ဆက်လက်ရှင်သန်နေမှာပဲ။ သူမရှိဘူးဆိုရင်တော့ …………………”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအတွင်းရေးမှူး၊အဖွဲ့ဝင် ဦးဝင်းထိန်ကို ပဥ္စမလှိုင်း Online Media မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် သီးသန့်ဆက်သွယ် မေးမြန်းခဲ့မှုကို စာဖတ်သူများသိရှိနိုင်ရန် ဖော်ပြအပ် ပါသည်။

ပဥ္စမလှိုင်း – လက်ရှိ NLD ပါတီရဲ့ထူးခြားဖြစ်စဉ်လေးတွေဘာရှိမလဲ သိပါရစေ။

ဦးဝင်းထိန် – ဘာမှမရှိပါဘူး။

ပဥ္စမလှိုင်း – အန်ကယ်အနေနဲ့ ပါတီရဲ့အလုပ်သမားရေးရာကော်မတီဥက္ကဌ ဖြစ်တဲ့အတွက် နိုင်ငံရဲ့ အလုပ်သမား၊အလုပ်ရှင် အဆင်မပြေမှုကိစ္စတွေ၊ လုပ်ခလစာမပြေလည်မှု ကိစ္စတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးဖို့ အစီအစဉ်ရှိလဲ။

ဦးဝင်းထိန် – အလုပ်သမားတွေနဲ့က ပတ်သက်လို့ရှိရင် အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်၊အစိုးရရယ် ဒီသုံးခု က အဓိကပဲ။ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ ဖြစ်တာကများတယ်။ အဲ့တော့ ပြဿနာက သူတို့ချင်းဖြေရှင်းလို့ ရရင် ရ၊ မရရင်အစိုးရကို ၀င်ပါခိုင်းတယ်။ နောက်တစ်ပိုင်းက ILO ရှိတယ်။ သူတို့ကလည်း မြန်မာပြည်နဲ့ပတ်သက်လို့ မြန်မာပြည်ကကိစ္စ အကုန်လုံး စိတ်ဝင်စားတယ်။ အဲ့တော့ ဥပဒေအရ အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်၊ အစိုးရရယ် ပြဿနာ ဖြစ်ရင် အစိုးရက သူတို့ဘာသာ ရှင်းပါစေ။ အန်ကယ်တို့ အလုပ်သမားက နိုင်ငံရေး အဖွဲ့အစည်းထဲကို တိုက်ရိုက်ဝင်ပါလို့မရဘူး။ ဒါပေမယ့် သူတို့မကျေနပ်လို့လာတိုင်ရင် ခေါ်ပြီးတော့ မေးတယ်။ တတ်နိုင်သမျှတော့ အလုပ်သမားရေးရာ ကော်မတီအဖွဲ့မှာ အဖွဲ့ဝင်တွေရှိတယ်လေ။ အထူးသဖြင့် ရန်ကုန်မှာ ရှိတဲဲ့လူတွေပေါ့ ၊ ခေါ်မေးမယ်။ အဓိကကတော့ ပြေလည်ရာပြေလည်ကြောင်းညှိမယ်။ ညှိလို့မရရင် အစိုးရဆီတင် ၊ အစိုးရတင်လို့ရှိရင် ပြေလည်တာလည်းရှိတယ်။ မပြေလည်တာလည်း ရှိတယ်။ ဒါပေမယ့် ခုံသမာဓိဆိုတဲ့ အဖွဲ့တွေလည်းရှိတယ်။ သူတို့အလုပ်သမားနဲ့အလုပ်ရှင် မပြေလည်လို့ရှိရင် အလုပ်သမား အလုပ်ရှင်ပြဿနာကို အစိုးရက ဆုံးဖြတ်တယ်။ မကျေနပ်လို့ရှိရင် ခုံသမာဓိတင်ရတယ်။ ခုံသမာဓိ ဆုံးဖြတ်ချက်ကို လိုက်နာရတယ်။ ဒါကိုစောင့်ကြည့်ပြီးတော့ အလုပ်သမားကိစ္စတွေကို ဘေးကနေ သင့်တင့်တဲ့ အကြံဉာဏ်တွေပေးပြီး အဖြေရှာပေးတယ်။ ဒါပဲ။

ပဥ္စမလှိုင်း – ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အဓိက ဦးဆောင်မဲဆွယ်စည်းရုံးခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကပဲ ဦးဆောင်ပေးခဲ့တယ်။ အဲဒါကြောင့်လဲ အခု အစိုးရကို ဦးဆောင်ပေးရတာဆိုတော့ ၂၀၂၀ အတွက် မဲဆွယ်တဲ့အခါ NLD ပါတီအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ အောင်နိုင်ရေးရအောင် ကြိုးစားမလဲ။ ဘယ်လို စီစဉ်ထားပါသလဲ။

ဦးဝင်းထိန် – ဖြတ်သန်းတာက ၁၉၉၃ ခုနှစ်တုန်းကအန်ကယ်တို့က ထောင်ထဲရောက်နေတော့ ကောင်းကောင်း မသိဘူး။၂၀၁၂ မှာတော့ကိုယ်တိုင်ပါတယ်။ ၂၀၁၅ မှာ ကိုယ်တိုင်ပါတယ်။ အဲ့တော့ ဘာတွေလုပ်ရမယ်ဆိုတာ သိပြီးပြီ။ ဘာတွေလုပ်ရမလဲဆိုလို့ရှိရင် ကိုယ့်လွှတ်တော်ကိုယ်စားလှယ်က သူ့မဲဆန္ဒရှင်နဲ့ နယ်က မဲဆန္ဒရှင်တွေနဲ့ တသားတည်းဖြစ်အောင် လုပ်ရမယ်။ ဒါမှ တသားတည်းဖြစ်အောင်လုပ်မှ သူတို့ကမဲပေးမှာ။ အဲ့လိုမှ မစည်းရုံးနိုင်ဘူးဆိုလို့ရှိရင် မဲမရဘူး။ စည်းရုံးပုံ စည်းရုံးနည်းလည်း သိနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်ကိုယ်တိုင် နိုင်ငံရေး ၀င်မလုပ်ရဘူးဆိုပေမယ့် သူ့ဆီမှာလည်းရှိနေတယ်။ ဒီဟာတွေကို သုံးပြီးတော့မှ ကြိုးစားမယ်။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ချက်ကျတော့ လက်ရှိမှာ လွှတ်တော် ကိုယ်စားလှယ်တွေရှိနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အလုပ်ကောင်းကောင်းလုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ အဲ့ဒါ အများစုပေါ့ လူနည်းစု တစ်ချို့က ကောင်းကောင်း မလုပ်ဘူး။ မလုပ်ဘူးဆိုတာက ကိုယ့်မြို့နယ်က မဲဆန္ဒရှင်တွေက ဘယ်လို သဘောထားတယ်။ ဘာညာပြန်မဆင်းဘူး ပြန်မမေးဘူး။ အဲ့တော့ တကယ် အလုပ်လုပ်တဲ့သူတွေဆိုလို့ရှိရင် ဒီလွှတ်တော်ကိုယ်စားလှယ်တွေ က ကိုယ့်မဲဆန္ဒရှင်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့အလုပ်တွေ လုပ်တယ်။ သူတို့အတွက် စိုးရိမ်စရာမရှိဘူး။ အဲ့လိုမှ မလုပ်ဘူးဆိုရင် ဒီလူအတွက် စိုးရိမ်စရာရှိတယ်။ မဲဆန္ဒနယ်က မဲပေးမှာ မဟုတ်ဘူး။ မဲမပေးရင် ရှုံးပြီ။ ဒါပါပဲ။

ပဥ္စမလှိုင်း – NLD ပါတီမှာ အန်ကယ်အပါအဝင် အထက်ပိုင်းတာဝန် ယူထားသူတွေ အများစုက အသက်ကြီးပိုင်းတွေ ဖြစ်နေကြပြီ။ အနာဂတ်မှာ ပါတီရေရှည်ဆက်လက် တည်မြဲရေးအတွက် ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။ ဘယ်လိုမျိုးဆက်သစ်တွေကို ပါတီမှာ နေရာပေးဖို့ရှိပါသလဲ။

ဦးဝင်းထိန် – အခုလည်း လွှတ်တော်ထဲမှာ လူငယ်ပါပါတယ်။ ရာခိုင်နှုန်း အရတော့ ၄၀ ရာခိုင်နှုန်း လောက်ရှိတယ်။ လူငယ်ဆိုတာကတော့ NLD လူငယ်နဲ့ဆို အသက် ၃၀ အောက်သတ်မှတ်တာ။ သို့သော် လွှတ်တော် ကိုယ်စားလှယ်ကျတော့ အရင်တုန်းက လူငယ်လှုပ်ရှားမှုမှာပါတဲ့ပုဂ္ဂိုလ်တွေ မောင်မောင်ဦးတို့ တွတ်ပီတို့ ပြုံးချိုတို့ ရဲလွင်၊ မင်းမင်းတို့ သူတို့က ၈၈ တုန်းကပါခဲ့တယ်။ အဲ့တုန်းက လူငယ်တွေက အခု ၅၀ ရောက်ပြီ။ အသက်ကလည်း ၅၀ နှစ်ရောက်ပြီဆိုတော့ သူတို့အတွက်လုပ်အားက အားကောင်းတဲ့အချိန်၊ အဲ့ဒါမျိုးတွေပါတယ်။ အခု အန်ကယ်တို့ကဒီနှစ်က စပြီးတော့ သင်္ကြန်မတိုင်ခင်မှာ မြို့နယ်တိုင်းမြို့နယ်တိုင်း လူငယ်တွေ အင်အားဖော်ထုတ်သွားမှာပါ။ တချို့မြို့နယ်တွေဆို ၅၀ လောက် တချို့မြို့နယ်တွေဆို ၁၀၀ လောက်ရတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် ၂၀၀၊၃၀၀ တွေ ရတာရှိတယ်။ အဲ့ထဲမှာမှ အရည်အချင်းရှိတဲ့သူတွေကို လွှတ်တော်ကိုယ်စားလှယ်၊ အရည်အချင်းရှိတဲ့သူတွေကို ရွေးပြီးတော့ ပြုစုပျိုးထောင်ရမှာပေါ့။ နောက်တချက်က ဒီလူငယ်တွေကို ဖော်ထုတ်လို့ရပြီဆိုရင် သူတို့ကို သင်တန်းတွေပေးရမယ်။ နိုင်ငံရေး သင်တန်းတွေပေးရမယ်။ NLD ကသင်တန်းတွေပေးရမယ်။ NLD ရဲ့ စည်းကမ်းတွေသိအောင်သင်ရမယ်။ အထူးသဖြင့် လွှတ်တော်ဥပဒေတွေ နားလည်အောင် သင်ရမယ်။ အဲ့ဒါပြီးတော့မှ အရည်အချင်းရှိတဲ့သူတွေကို ရွေးပြီးတော့မှ အန်ကယ်တို့က ပြုစုပျိုးထောင်သွားမှာပါ။ ရေရှည်တည်တံ့ဖို့ ဆိုတာကတော့ တစ်ခုတော့ ရှိတာပေါ့။ ဒီပါတီကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးတော့ လုပ်ထားတော့ အခုထိ ကြီးထွားလာတာ။ သူရှိနေသ၍ ကာလပတ်လုံးကတော့ ဆက်လက်ရှင်သန်နေမှာပဲ။ မရှိဘူးဆိုရင်တော့ တတ်နိုင်သမျှ ကြိုးစားထိန်းသိမ်းမှာပေါ့။ သို့သော် ဘယ်လောက်ထိ ထိန်းနိုင်မလဲ၊ မထိန်းနိုင်ဘူးလဲဆိုတာကတော့ ပြောလို့မရဘူး။ သို့သော် အဓိက သူချတဲ့ မူဝါဒက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို လုပ်နိုင်သမျှ လုပ်သည့် ကာလပတ်လုံး ပြည်သူတွေက ထောက်ခံမှာပဲ ပြည်သူနဲ့ ကင်းကွာတယ်ဆိုလို့ရှိရင်တော့ ရလဒ် မကောင်းဘူးပေါ့။ ကြိုးစားရမှာပေါ့။ သူမရှိတော့ဘူး လက်လွှဲသွားပြီဆိုလို့ရှိရင် သူပြောသလိုပဲ ပြည်သူထူထုနဲ့ တသားတည်းနေ ပြည်သူလူထုအကျိုးကို ဆောင်ရွက်တဲ့ပါတီဖြစ်အောင်တော့ ကြိုးစားရမှာပေါ့။

ပဥ္စမလှိုင်း – လောလောဆယ် ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတွေကနေ ဖိအားပေးနေသလို ပြည်တွင်းပါတီတွေ ပညာရှင်အဖွဲ့အစည်းတွေကလည်း ဝေဖန်သုံးသပ်မှုတွေ လုပ်နေကြတာ တွေ့ရပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ရပ်တည်ချက် သဘောထားကိုလည်း သိပါရစေ။

ဦးဝင်းထိန် – အခု နိုင်ငံတကာ ဖိအားပေးတာက ဆန်းတော့ မဆန်းဘူး။ ဘာကြောင့်မဆန်းတာလည်းဆိုတော့ အန်ကယ်တို့ NLD က အမြဲဖိအားပေးခံရတယ်။ ဟိုတုန်းက စစ်အစိုးရ ဖိအားပေးတယ်။ အခု နိုင်ငံတကာက ဖိအားပေးတယ်။ စကေးချင်းတော့ မတူဘူးပေါ့။ ဒါပေမယ့် စစ်အစိုးရ ဖိအားပေးတုန်းကလည်း အန်ကယ်တို့က ကြံ့ကြံ့ခံပြီးတော့ ဇွဲနဲ့ရုန်းကန်ပြီးတော့ ဒီအနေအထားကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီးတော့ ရောက်လာတယ်။ အခု ရခိုင်ကိစ္စကလည်း ဒေါ်အောင်ဆန်းစုကြည်ပါ၀င်ပြီး အန်ကယ်တို့ အစိုးရတစ်ဖွဲ့လုံး ပါ၀င်ပြီး စေတနာကောင်းနဲ့ကြိုးစားပြီးတော့ အဲ့နယ်မြေ တည်တံ့အောင်လုပ်ရမယ်။ ဒါနဲ့ပတ်သက်ရင် ဒါကို ဘာလုပ်မလဲဆိုတာကြေညာပြီးသား။ ၁၉၈၂ ကတည်းက နိုင်ငံသားဥပဒေ ၊နောက် ၁၉၉၃ ခုနှစ်တုန်းက နှစ်နိုင်ငံ စာချုပ်ချုပ်တဲ့ဥပဒေ၊ နောက်တစ်ခုက အခုလောလောဆယ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုးခဲ့တဲ့ MoU အပေါ်မှာ မူတည်ပြီးတော့မှ ကြိုးစားလုပ်ဆောင်သွားမယ်။ အခုရောက်သွားတဲ့အဖွဲ့တွေကို ပြန်လက်ခံဖို့ လုပ်ငန်းတွေကစနေပြီ၊ သို့သော် ဘယ်လောက်ထိ မြန်မလဲ ထိရောက်မယ်လို့တော့ မပြောတတ်ဘူး။

ပဥ္စမလှိုင်း – နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ နို၀င်ဘာလထဲမှာ တရုတ်နိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပါတယ်။ ပြီးတော့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးမှာ အထူးဧည့်သည်တော် အနေနဲ့လည်း တက်ရောက်မိန့်ခွန်းပြောခဲ့တယ်လို့ သိရပါတယ်။ တရုတ် ကွန်မြူနစ်ပါတီနဲ့ NLD ပါတီအကြားမှာ ထူးခြားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်ပါသလား။

ဦးဝင်းထိန် – ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးကို သွားတဲ့အတွက်ကြောင့် ဒီမြန်မာပြည်ရဲ့ ပြဿနာဆတွကို တရုတ်က ပိုပြီးတော့ သိနားလည်လာတယ်။ နောက်တစ်ချက်က သူတို့ အကျိုးလည်းပါတာပေါ့။ သူတို့ နိုင်ငံက ဒီမှာလုပ်နေတဲ့စီးပွားရေး စက်မှုလက်မှုလုပ်ငန်းတွေ ချောချောချူချူဖြစ်ဖို့အတွက် ရလဒ်ကောင်းတွေ ရဖို့ ၊ တတိယအချက်ကတော့ အစိုးရအချင်းချင်းဆက်ဆံရေးအပြင် ပါတီရဲ့ ဆက်ဆံရေးကိုပါ မြှင့်တင်မယ်ဆိုတဲ့ အချက်တစ်ချက်ပါတယ်။ NLD နဲ့ တရုတ်ကွန်မြူနစ်ပါတီ ဆက်ဆံရေးဟာ ပိုပြီးတော့ပွင့်လင်းပြီးတော့ ပိုပြီးတော့ နီးစပ်တဲ့အလားအလာမြင်ပါတယ်။ ဒါကြောင့်မို့လို့ အန်ကယ်တို့ဆီက ဖိတ်တဲ့နေရာတွေကို လူငယ်တွေ သွားတယ်။ လူကြီးတွေ သွားတယ်။ CECတွေသွားတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေသွားတယ်။ တစ်နှစ်ကို လေးငါးခြောက်ယောက်လောက် သွားနိုင်တယ်။ သွားတဲ့အဓိပ္ပာယ်ကတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လည်း မသွားနိုင်ဘူး။ သူတို့ ဖိတ်ရင်သွားရမယ်။ သူတို့ နိုင်ငံမှာ ဘယ်လို တိုးတက်အောင်လုပ်နေပြီလဲ။ သူတို့ ပါတီက ဘယ်လို လုပ်ငန်းတွေ ရှိသလဲ။ ကိုယ်တို့ကလည်း သူတို့ဆီက ပြန်လေ့လာ၊ သူတို့ကလည်း ကိုယ့်လူတွေကို ပြန်လေ့လာခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးက ပိုပြီးတော့ မြင့်လာမယ်လို့ယူဆပါတယ်။

ပဥ္စမလှိုင်း – ပြီးခဲ့တဲ့ ရက်အတွင်းမှာ ရပ်ကျေး ဥက္ကဋ္ဌ ပြန်လည်ရွေးချယ်တဲ့ အပေါ် NLD ပါတီက ၀င်ရောက်စွက် ဖက်မှုတွေရှိနေတယ်လို့ စွပ်စွဲချက်သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဘယ်လိုမှတ်ချက်များ ပေးချင်ပါသလဲ။

ဦးဝင်းထိန် – အရင့်အရင် အစိုးရတွေတုန်းက ပါတီ ဥက္ကဋ္ဌတွေက သူတို့ စိတ်ကြိုက်လုပ်သွားကြတာလေ။ စိတ်ကြိုက်လုပ်သွားတဲ့အခါကျတော့ ရှင်းရှင်းပြောရရင် ကြံ့ဖွတ်ကိုလိုလားတဲ့ ကောင်တွေက များတယ်။ အခု အဲလို မဟုတ်ဘူး။ ကြံ့ဖွတ်ကို လိုလားတဲ့သူလဲ ဖြုတ်စရာမလိုဘူး။ သို့သော် ရပ်ရွာလူထုက လိုလားတဲ့သူ၊ သမာသမတ်ကျတဲ့သူ ဖြစ်ဖို့ကြိုးစား၊ NLD မို့လို့ ရရမှာလို့ မဟုတ်ဘူး၊ သို့သော်လည်းပဲ ကျေးရွာဆိုလဲ ကျေးရွာလူတွေ ကြိုက်တဲ့သူ ၊ရပ်ရွာဆိုလဲ ရပ်ရွာ ကြိုက်တဲ့သူ သမာသမတ်ကျတဲ့သူကို ရဖို့ကြိုးစားကြတာပေါ့။ ဒါကို စွက်ဖက်တာတော့ မဟုတ်ဘူး၊ ဒီလို အဆင့်ဆင့်ဖြစ်တော့မှ အန်ကယ်တို့ သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်တဲ့အခါမှာ အနှောက်အယှက်မဖြစ်မှာ။ နောက်မို့လို့ဆို အဲပုဂ္ဂိုလ်တွေက အနှောက်အယှက်ဖြစ်ဖို့များတယ်။

ပဥ္စမလှိုင်း – ၂၀၂၀ မှာ NLD ပါတီရဲ့ အဓိက ပြိုင်ဘက်ပါတီဟာ ဘယ်ပါတီဖြစ်လာနိုင်မလဲ။ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အခြား ဘယ်ပါတီတွေနဲ့ အားပြိုင်ရမယ်လို့ ထင်ပါသလဲ။

ဦးဝင်းထိန် – ဖြစ်နိုင်တာတော့ ပြည်နယ်တွေမှာ ဖြစ်ဖို့များတယ်။ အခုလဲ ဖြစ်ခဲ့တာပဲ။ ရှမ်းတို့ ရခိုင်တို့ဆို အန်ကယ်တို့ ကောင်းကောင်းမှ မနိုင်ပဲ။ မွန်တို့ ကရင်တို့မှာတော့ အခြေအနေကောင်းတယ်။ မွန်ဆိုရင် NLD ကမွန်တွေချည်းပဲ။ အများဆုံးမဲထည့်တယ်။ ကရင်ကဆို ကရင်တွေကို ထည့်တယ်။ ဒါကြောင့်မို့လို့ ဒီကရင်ပြည်နယ်က ၀န်ကြီးချုပ်ဆိုရင် ဒေါ်နန်းခင်ထွေးမြင့် ၊ မွန်ဆိုရင် ဒေါက်တာအေးဇံ၊ ချင်းဆိုရင် ဆလိုင်းလွယ်လျှံ၊ ကချင်ပြည်နယ်ဆို ဒေါက်တာခက်အောင် သူက ကချင်၊ အဘတို့ဆီမှာ တိုင်းရင်းသားတွေ အကုန်လုံးပါတယ်။ အကုန်ပါတဲ့အထဲက အရည်အချင်းရှိတဲ့သူတွေ ရွေးရတာပေါ့။

ပဥ္စမလှိုင်း – ၂၀၂၀ ရွေးကောက်ပွဲမှာအောင်နိုင်ခဲ့ရင် နောက်အစိုးရ သက်တမ်းတစ်ခု တာဝန်ယူရမယ်ဆိုရင် အခုလက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍတွေမှာရော ထူးခြားတဲ့ ုပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင် သွားဖို့ ဘယ်လို စီစဉ်ထားပါသလဲ။

ဦးဝင်းထိန် – ပြုပြင်ပြောင်းလဲမှု ဆိုတာထက်ကို ဒီမိုကရေစီဆိုတဲ့ အစိုးရသစ်ပင်ဟာ အခု ၂ နှစ်ပဲရှိသေးတယ်။ အပင်ပေါက်တာက မမြဲသေးဘူး။ ၅ နှစ်ဆိုလဲ စိတ်မချရသေးဘူး။ ၂၀၂၀ ရွေးကောက်ပွဲ နိုင်ရင် တိုင်းပြည်တာဝန်ယူရမယ်ဆိုရင် ၅ နှစ်ရှိတဲ့သစ်ပင်က တဖြည်းဖြည်း ၁၀ နှစ်ရှိမယ်။ ၁၀ နှစ်ရှိရင် ဒီမိုကရေစီ သစ်ပင်ဟာ ခိုင်မြဲသွားပြီး နောက် ဘယ်အစိုးရပဲတက်တက် ဒီယန္တရားတွေဟာ ဖြတ်လို့မရတော့ဘူး။ အန်ကယ်တို့လိုချင်တာက ဒီမိုကရေစီ ထွန်းကားဖို့ ၊အဓိက ထွန်းကားဖို့ ဆိုရင် အစောကပြောသလို လူတွေ စီးပွားရေး၊ နိုင်ငံရေး အကုန်လုံး လိုက်လျောညီထွေ ဖြည့်ဆည်းမှုတွေ လုပ်ရမယ်။

ပဥ္စမလှိုင်း – အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ – ယဉ်ကေနွယ်(နေပြည်တော်)

Leave a Reply