အခ်ဳိရည္ထဲ ေဆးခပ္၍ အဓမၼျပဳက်င့္သူကို ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်မွတ္

0
178

 

ရန္ကုန္၊ဒီဇင္ဘာ ၁၉၊၂၀၁၇

အသက္မျပည့္ေသးသည့္ ၁၅ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကို အခ်ိဳရည္ထဲမူးယစ္ေဆးထည့္၍ ခိုးယူေပါင္းသင္းၿပီး အဓမၼျပဳက်င့္ခဲ့သည့္ တရားခံ သန္းကိုကိုေမာင္အား အေနာက္ပိုင္ခရိုင္ တရားရံုးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္၂၃ ႏွစ္ ခ်မွတ္ခဲ့သည္။

အဆိုပါအမႈႏွင့္ပတ္သက္ၿပီး တရားခံကိုကိုေမာင္အား အဓမၼျပဳက်င့္မႈပုဒ္မ- ၃၇၆ ျဖင့္ ေထာင္ဒဏ္၂၀ ႏွစ္ႏွင့္ခိုးယူေပါင္းသင္းမႈ ပုဒ္မ -၃၆၃ ျဖင့္ ေထာင္ ဒဏ္ ၃ ႏွစ္ကို သီးျခားစီက်ခံေစရန္ တရားသူႀကီးက အမိန္႕ခ်မွတ္ ခဲ့ျခင္းျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ ကေျပာသည္။

“ဒီအမႈေတြကို ဒီလိုျပစ္ဒဏ္ႀကီးေတြခ်မွတ္တာေကာင္းပါတယ္။ ဒါမွလည္း ေနာက္ေနာင္ကိုမလုပ္ရဲၾကေတာ့မွာ။ကေလးသူငယ္ျဖစ္ျဖစ္ လူႀကီးပဲျဖစ္ျဖစ္ အဓၶမ က်င့္ခံရၿပီဆိုတာနဲ႔ ျပစ္ဒဏ္ႀကီးႀကီး ခ်မွတ္သင့္တယ္။ဒီလိုမ်ိဳးျပစ္ဒဏ္ ခ်မွတ္ျပလိုက္တဲ့အတြက္ အဓၶမက်င့္မႈေတြေလ်ာ့နည္းသြားမွာ” ဟု ဦးေရာဘတ္စန္းေအာင္ကေျပာသည္။

တရားခံသန္းကုိကိုေမာင္ႏွင့္ အဓမၼျပဳက်င့္ခံရသည့္ မိန္းကေလးမွာ လူမႈကြန္ရက္မွတစ္ဆင့္ ရင္းႏွီးကာ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာ လ ၅ ရက္ေန႔တြင္ လွည္းတန္းစင္တာေရွ႕၌ေတြ႕ဆံုရန္ ခ်ိန္းဆိုုခဲ့ျခင္းျဖစ္သည္။ ထို႕ေနာက္ တရားခံမွ အမ်ိဳးသမီးငယ္ အား မူးယစ္ေစသည့္ေဆးကုိ လိေမၼာ္ရည္ထဲထည့္ကာ တိုုက္ခဲ့ၿပီးေနာက္၄င္းအိမ္သိုု႔ေခၚေဆာင္သြားခဲ့ၿခင္း ျဖစ္ၿပီးထိုမွတစ္ဆင့္တည္းခိုုခန္းသိုု႔ေခၚေဆာင္ကာအဓမၼျပဳက်င့္ခဲ့ျခင္း
ျဖစ္သည္။

ၿဖိဳးၿဖိဳး

ရန်ကုန်၊ဒီဇင်ဘာ ၁၉၊၂၀၁၇

အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အချိုရည်ထဲမူးယစ်ဆေးထည့်၍ ခိုးယူပေါင်းသင်းပြီး အဓမ္မပြုကျင့်ခဲ့သည့် တရားခံ သန်းကိုကိုမောင်အား အနောက်ပိုင်ခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂၃ နှစ် ချမှတ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး တရားခံကိုကိုမောင်အား အဓမ္မပြုကျင့်မှုပုဒ်မ- ၃၇၆ ဖြင့် ထောင်ဒဏ်၂၀ နှစ်နှင့်ခိုးယူပေါင်းသင်းမှု ပုဒ်မ -၃၆၃ ဖြင့် ထောင် ဒဏ် ၃ နှစ်ကို သီးခြားစီကျခံစေရန် တရားသူကြီးက အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောသည်။

“ဒီအမှုတွေကို ဒီလိုပြစ်ဒဏ်ကြီးတွေချမှတ်တာကောင်းပါတယ်။ ဒါမှလည်း နောက်နောင်ကိုမလုပ်ရဲကြတော့မှာ။ကလေးသူငယ်ဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် အဓ္ဓမ ကျင့်ခံရပြီဆိုတာနဲ့ ပြစ်ဒဏ်ကြီးကြီး ချမှတ်သင့်တယ်။ဒီလိုမျိုးပြစ်ဒဏ် ချမှတ်ပြလိုက်တဲ့အတွက် အဓ္ဓမကျင့်မှုတွေလျော့နည်းသွားမှာ” ဟု ဦးရောဘတ်စန်းအောင်ကပြောသည်။

တရားခံသန်းကိုကိုမောင်နှင့် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးမှာ လူမှုကွန်ရက်မှတစ်ဆင့် ရင်းနှီးကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာ လ ၅ ရက်နေ့တွင် လှည်းတန်းစင်တာရှေ့၌တွေ့ဆုံရန် ချိန်းဆိုုခဲ့ခြင်းဖြစ်သည်။ ထို့နောက် တရားခံမှ အမျိုးသမီးငယ် အား မူးယစ်စေသည့်ဆေးကို လိမ္မော်ရည်ထဲထည့်ကာ တိုုက်ခဲ့ပြီးနောက်၄င်းအိမ်သိုု့ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီးထိုမှတစ်ဆင့်တည်းခိုုခန်းသိုု့ခေါ်ဆောင်ကာအဓမ္မပြုကျင့်ခဲ့ခြင်း
ဖြစ်သည်။

ဖြိုးဖြိုး

 

Leave a Reply