NLD ပါတီ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကွယ်လွန်

0
129

ဇူလိုင် ၁၉
ကျော်သူမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်သည် အာဇာနည်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

” ဆုံးတာကတော့ မနေ့က မနက်ပိုင်းကပဲ လည်ချောင်းကင်ဆာရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့ တာပါ”ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ကျော်မောင်က ပြောသည်။

ဦးတင်မြင့်သည် NLD ပါတီ၏ တိုင်းအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ၁၉၈၈ခုနှစ်မှ ပါတီတွင် လှုပ်ရှား ဆောင်ရွက်ခဲ့သူဖြစ်ကာ အသက်(၇၃)နှစ် အရွယ်ရှိပြီး လည်ချောင်းကင်ဆာရောဂါအား ခံစားနေရ သည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဦးတင်မြင့်၏ အသုဘအား ဇူလိုင်လ(၂၁) ရက် စနေနေ့ညနေ (၃) နာရီတွင် ရေဝေးသုဿန်တွင် ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ဦးတင်မြင့်သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်အဖြစ် ဆောင် ရွက်နေသူဖြစ်သည်။

Photo – Yangon Hluttaw

Leave a Reply