ရန်ကုန်မြစ်အတွင်း ကူတို့သမ္ဗာန်​တစ်​စီး နစ်မြှုပ်၊လူ (၃)ဦးပျောက်ဆုံးနေ

0
141





သျှင်​ရဲထွဋ်

ရန်ကုန်၊ဒီဇင်ဘာ ၂၀၊ ၂၀၁၇

ဒလမြို့နယ်​၊ ကမာကဆစ်​သမ္ဗာန်​ဆိပ်​မှ ရန်​ကုန်​မြို့ပန်​းဆိုးတန်​းဆိပ်​ကမ်​းသို့ ခရီးသည်​၁၃ဦးတင်​​ဆောင်​လာ​သော ကူတို့သမ္ဗာန်​တစ်​စီးသည် ဒီဇင်ဘာလ ၂၀ရက် (ယနေ့) နံနက် ၃ နာရီ ၃၀ ခန့်က ရန်ကုန်မြစ်အတွင်း နစ်​မြုပ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

“​လော​လောဆယ်​ကျား၂ ၊ မ၁ ​ပျောက်​​နေတယ်​။​ပျောက်​တဲ့ကျား၂​ယောက်​ထဲမှာ​လှေ​မောင်​းတဲ့သူ ​ပျောက်​​နေတယ်​”ဟု ကမာကဆစ်​သမ္ဗာန်​အသင်​း ဥက္ကဋ္ဌ ဦးမြင်​့ထူးက အတည်​ပြု​ပြောသည်​။

လက်​ရှိတွင်​​ပျောက်​ဆုံးသူသုံးဦးအား မြန်​မာနိုင်​ငံမီး သတ်​တပ်​ဖွဲ့နှင်​့ သမ​္ဗာန်​လုပ်​သားများကရှာ​ဖွေလျက်​ရှိ​ကြောင်​း သိရသည်​။

သျှင်​ရဲထွဋ်

Leave a Reply