ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ မျှော်မှန်းသည်များ ဖြည့်ဆည်းမှသာ ကျေးဇူးဆပ်ရာရောက်မည် ဟု မန်းဝန်ကြီးချုပ် ဆို

0
148

ဇူလိုင်​လ ၁၉
နိုင်လင်းဦး

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ မျှော်မှန်းသည်များ ဖြည့်ဆည်းမှသာ ကျေးဇူးဆပ်ရာရောက်မည်ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီး၍ မန္တလာသီရိအားကစားကွင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့ က ကျင်းပခဲ့ပြီး အာဇာနည်များအား စုပေါင်း အလေးပြုခြင်း ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး တို့က လွမ်းသူ့ပန်းခွေများ ချထားခဲ့ခြင်း နှင့် တတ်ရောက်လာသည့်အဖွဲ့အစည်းများက လွမ်းသူ့ပန်းခွေချထားခြင်း တို့ပြုလုပ်ခဲ့သည်။

” ဗမာပြည်​ လွတ်​လပ်​​ရေး အတွက်​ကြိုးပမ်းခဲ့တဲ့အထင်​ကရ ပုဂ္ဂိုလ်​ ​တွေဟာသူတို့ပဲဆိုတာ​နောင်​လာ​နောင်​သား​တွေ သိဖို့အတွက်​၊ ​ကျေးဇူးကိုသိတတ်​ဖို့အတွက်​ ဒီလိုအခမ်းအနား​တွေကျင်းပရတာဖြစ်​တယ်​။ ​ကျေးဇူးကိုသိတတ်​ရင်​ ​ကျေးဇူးဆပ်​ရပါတယ်​။ ဘယ်​နည်းနဲ့​ကျေးဇူးဆပ်​မှာလဲဆိုရင်​ အာဇာန​ည်ခေါင်း​ဆောင်​ ကြီးဗိုလ်​ချုပ်​​အောင်​ဆန်းနှင့်​တကွ ဒီပုဂ္ဂိုလ်​ကြီး​တွေ​မျှော်​မှန်းခဲ့​တဲ့ ဗမာပြည်​ကိုဘယ်​လို ဖြစ်​​စေချင်​တာလဲဆိုတဲ့ သူတို့ရဲ့ဆန္ဒကို ကျွန်​​တော်​တို့ ​တွေကအ​ကောင်​အထည်​​ဖော်​မှသာ ​ကျေးဇူးဆပ်​ရာ​ရောက်​တယ်​” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ပြောသည် ။

နိုင်​ငံ​တော်၏ အာဏာသည် ပြည်​သူ့ထံမှ ဆင်းသက်သည့်အတွက် ​သေနတ်​​များဖြင့် လုပ်​ကြံသတ်​ဖြတ်သော်လည်း ​ခေါင်း​ဆောင်​ ​နေရာမရနိုင်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“မညီညွတ်​ရင်​ငြိမ်းချမ်း​ရေးမရနိုင်​ပါဘူး။ခေါင်း​ဆောင်​​တွေ​မျှော်​မှန်းခဲ့တဲ့ ဒီမိုက​ရေစီ ဖက်ဒရယ်​ပြည်​​ထောင်​စု မရနိုင်​ပါဘူး။ အဲ့​တော့ ​ကျေးဇူးဆပ်​ချင်​တယ်​ဆိုရင်​ လက်​ရှိ ဒီ​နေ့ မြန်​မာနိုင်​ငံမှာတာဝန်​ထမ်း​ဆောင်​​နေကြတဲ့သူ​တွေ၊ နိုင်​ငံသူ/သား အားလုံး ၊တိုင်းရင်းသားအားလုံးအပါအဝင်​တို့က ဗိုလ်​ချုပ်​ တို့ချမှတ်​ခဲ့တဲ့ ဒီမိုက​ရေစီ ဖက်ဒရယ်​ပြည်​​ထောင်​စု အတွက်​ ပထမဆုံး ငြိမ်းချမ်း​ရေး ရ​အောင်​ လုပ်​​ပေးဖို့ လိုပါတယ်​။ နိုင်​ငံ​တော်​ ငြိမ်းချမ်း​ရေး ရပြီးပြီ ဆိုရင်​ ဒီမိုက​ရေစီ ဖက်ဒရယ်​ပြည်​​ထောင်​စု ထူ​ထောင်​နိုင်​မှာ ဖြစ်​ပါတယ်​။ ဒါမှသာမြန်​မာပြည်​ကြီး ငြိမ်းချမ်း​ပြီး ဖွံ့ဖြိုးတိုးတက်​မှာဖြစ်​ပါတယ်​” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီး၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆပ်ကပ်ခဲ့ကြသည်။

Leave a Reply