ဆူပူ​သောင်းကျန်းမှုနှင့်​ မငြိမ်​သက်​မှုများဖြစ်​လာပါက တပ်​မ​တော်​ကိုတာဝန်​​ပေးမည်​ဟု ကယားဝန်​ကြီးချုပ်​​ပြောဆို

0
149

ဇူလိုင်​ ၂၁

ကျော်သူမြင့်

ဗိုလ်​ချုပ်​​ရုပ်တု တည်​​ဆောက်​ရန်​စီစဉ်​​နေမှုကို ကယားအ​ခြေစိုက်​လူမှုအဖွဲ့အစည်းများ ကကန့်​ကွက်​​နေကြပြီး ဆူပူ​သောင်းကျန်းမှုများနှင့်​ မငြိမ်​သက်​မှုများ ဖြစ်​လာပါက တပ်​မ​တော်​ကိုတာဝန်​​ပေးမည်​ဟု ၀န်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုက ဇူလိုင်​ ၁၆ ရက်​က လူငယ်​အဖွဲ့အစည်းများနှင့်​ ​တွေ့ဆုံပွဲတွင်​ ​ပြောဆိုလိုက်​သည်​။

” ဒီလိုမျိုးဆူပူ​သောင်းကျန်းမှု မငြိမ်​သက်​မှု​တွေ ဖြစ်​လာရင်​ ကျွန်​​တော်​ကိုယ်​တိုင်​ကလည်း တပ်​မ​တော်​ကို တာဝန်​​ပေးရမှာ ဖြစ်​ပါတယ်​ ထိန်းသိမ်းရမှသူ့ရဲ့ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ တာဝန်​အပြည့်​ရှိပါတယ်​ “ဟု ဦးအယ်​လ်​​ဖောင်​ရှိုးက ​ပြောသည်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိခြင်းသည်​ သမိုင်းနှင့်​ မဆိုင်​​ကြောင်း သမိုင်းကိုပြုပြင်ရန်​အတွက်​ လိုအပ်​သည်​များကို ​ဆောင်​ရွက်​သွားမည်​ဟု ၎င်းက​​ပြောသည်​။

“လိုအပ်​တဲ့လမ်းညွှန်​မှုကို ကျွန်​​တော်​​ပေးမှာ ဖြစ်​ပါတယ်​ တကယ်​​ပြောတဲ့အတိုင်းမှ ဖြစ်​မလာရင်​ ရဲတပ်​ဖွဲ့ဝင်​ အင်​အားကလည်း နည်း​သေးတယ်​ တပ်​ကိုလိုလို့ရှိရင်​ သူ့ပါထိန်းခိုင်းပြီးမှ အမိန့်​​ပေးရမယ်​ တာဝန်​​ပေးရမယ်​။ ဒါကျွန်​​တော်​လုပ်​နိုင်​တဲ့တာဝန်​ဖြစ်​ပါတယ်​” ဟု ၎င်းက ဆက်​လက်​​ပြောသည်​။

ကယားပြည်​နယ်​ အစိုးရအဖွဲ့ရုံးအနီး ကန္ဒာ​ဟေ၀န်​ပန်းခြံတွင်​ထားရှိမည့်​ ဗိုလ်​ချုပ်​မြင်းစီး​ကြေးရုပ်​အား ကရင်​နီလူငယ်​အဖွဲ့များက ကန့်​ကွက်​စာ​ဖြန့်​​ဝေခြင်း ၊ ဆန္ဒပြခြင်း နှင့်​ ကန့်​ကွက်​ လက်​မှတ်​​ကောက်​ခံခြင်းများကို ​ဆောင်​ရွက်​လျက်​ရှိသည်​။

ဆန့်​ကျင်​ကန့်​ကွက်​သည့်​လူငယ်​များနှင့်​ ဇူလိုင်​ လ၂၀ရက်​က အစိုးရအဖွဲ့ရုံးတွင်​ တတိယအကြိမ်​​မြောက်​​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး ​ပြေလည်​မှုမရရှိခဲ့သဖြင့်​ လူငယ်​များက အစည်းအ​ဝေးမှ ထွက်​ခွာခဲ့သည်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ဆန့်​ကျင်​သည့်​ လူငယ်​ ၃၄ ဦးကို နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု ပုဒ်​မ- ၅၀၅(ခ)(ဂ) ၊ ငြိမ်းစုစီဥပ​ဒေပုဒ်​မ – (၁၉)(၂၀) တို့ဖြင့်​ ပြည်​နယ်​အစိုးရက တရားစွဲဆိုထားသည်​။

ဓာတ်​ပုံ – ဆြာချစ်​ ​ဖေ့စ်​ဘုတ်

Leave a Reply