ႏွစ္ ၇၀ ၾကာ ခရစၥမတ္ကို အတူျဖတ္သန္းခဲ့သည့္ ဘိုးဘြားစံုတဲြႏွစ္ဦး အာဏာပိုင္မ်ားေၾကာင့္ ခဲြခြာရေတာ့မည္

0
194

ပံုစာ။ ဟားဘတ္ဂူဒင္းႏွင့္ ေအာ္ဒေရ ဂူဒင္း

ပါ့ခ္သအန္ဒိုဗာ ဒီဇင္ဘာ၂၀

ကေနဒါႏုိင္ငံ နယူးဘရြန္စ္ဝစ္ရွိ ဘုိးဘြားရိပ္သာတစ္ခုတြင္ ေနထိုင္ေနသည့္ အသက္ ၉၁ ႏွစ္အရြယ္ ဟားဘတ္ဂူဒင္းႏွင့္ အသက္ ၈၉ ႏွစ္အရြယ္ ေအာ္ဒေရ ဂူဒင္းတုိ႔သည္ အိမ္ေထာင္သက္ ႏွစ္ ၇၀ အတြင္း ခရစၥမတ္ကို အတူျဖတ္သန္းခဲ့ၿပီးေနာက္ က်န္းမာေရးအာဏာပိုင္မ်ား၏ ဝင္ေရာက္ စြက္ဖက္မႈေၾကာင့္ယခုႏွစ္ခရစၥမတ္မွစၿပီးခဲြခြာၿပီးေနထုိင္ၾကရေတာ့မည္ျဖစ္သည္။

ဟားဘတ္ဂူဒင္းႏွင့္ ေအာ္ဒေရဂူဒင္းတုိ႔သည္ ဘုိးဘြားရိပ္သာတစ္ခုတြင္ ေနထုိင္ၾကျခင္းျဖစ္ၿပီး ဟားဘတ္၏ က်န္းမာေရးမေကာင္းမြန္ေသာေၾကာင့္ ဟု အာဏာပိုင္မ်ားက အေၾကာင္းျပၿပီး ၎ကို က်န္းမာေရးေစာင့္ေရွာက္မႈ ဌာနတစ္ခုသို႔ ပို႔ေဆာင္မည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

မိဘမ်ားႏွင့္ စကားေျပာဆိုခဲ့ရာ မိဘႏွစ္ပါးစလုံးက ငိုေၾကြးခဲ့ၾကေၾကာင္း သမီးျဖစ္သူ ဒီယန္ဖိလစ္စ္က ဒီဇင္ဘာ ၁၇ ရက္တြင္ ေဖ့စ္ဘြတ္ခ္၌ ေရးသားခဲ့သည္။

“ခရစၥမတ္ဆုိတာ မရွိေတာ့ဘူး၊ တို႔ဘဝမွာ ႀကံဳခဲ့ရတဲ့ ခရစၥမတ္ထဲမွာ အဆိုးဆံုးခရစၥမတ္ပဲ လုိ႔ အေမကေျပာတယ္ေလ” ဟု ၎ကေျပာဆုိ ခဲ့သည္။ မစၥဖိလစ္စ္၏ပို႔စ္သည္ အႀကိမ္ ၁၅၀၀၀ ခန္႔ျပန္လည္ေဝမွ် ခံခဲ့ရသည္။

ဖခင္ျဖစ္သူ၏က်န္းမာေရးဆုိးရြားလာေသာေၾကာင့္ ဘိုးဘြားရိပ္သာမွ က်န္းမာေရးေစာင့္ေရွာက္မႈဌာနသို႔ ေရႊ႕ေျပာင္းရမည္ျဖစ္ေၾကာင္း ဘိုးဘြားရိပ္သာကို အုပ္ခ်ဳပ္ေနသည့္ အစိုးရဌာနႀကီးတစ္ခုက ဖုန္းဆက္အေၾကာင္းၾကားခဲ့ေၾကာင္း မစၥဖိလစ္စ္ကေျပာဆုိခဲ့သည္။ မိဘမ်ား၏အေျခအေနေၾကာင့္ ဆံုးျဖတ္ခ်က္ခ်ေပးလို႔မရေသးေၾကာင္း ေျပာဆုိခဲ့ရာ ဘိုးဘြားရိပ္သာက ရိပ္သာ၏စီမံမႈကုိသာ လိုက္နာ ရမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္ဟု မစၥဖိလစ္စ္ ဆက္လက္ေျပာဆို ခဲ့သည္။

ခရစၥမတ္ကာလကုိ အတူျဖတ္သန္းခြင့္ေပးရန္ ေတာင္းဆုိခဲ့ေသာ္လည္း ဘိုးဘြားရိပ္သာက ျငင္းပယ္ခဲ့သည္ဟု ၎ကေျပာဆုိခဲ့သည္။ ဘိုးဘြားရိပ္သာမွ ေျပာဆုိခြင့္ရွိသူတစ္ဦးကလည္း ေဖ့စ္ဘြတ္ခ္တြင္ တုံ႔ျပန္ခဲ့သည္။

ဘိုးဘြားရိပ္သာတြင္ ေနထုိင္သူတစ္ဦးႏွင့္ပတ္သက္ၿပီး လူမႈဖြံ႔ၿဖိဳးေရးဌာနက ဆံုးျဖတ္ခ်က္ကိုခ်မွတ္လိုက္ပါက ၎တို႔အေနျဖင့္ ျငင္းပယ္လို႔မရဘဲ စည္းမ်ဥ္းအတုိုင္း လိုက္နာက်င့္သံုးရေၾကာင္း ဘုိးဘြားရိပ္သာ၏ ေျပာခြင့္ရွိသူကေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

 

ပါ့ခ်သအန်ဒိုဗာ ဒီဇင်ဘာ၂၀

ကနေဒါနိုင်ငံ နယူးဘရွန်စ်ဝစ်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်နေသည့် အသက် ၉၁ နှစ်အရွယ် ဟားဘတ်ဂူဒင်းနှင့် အသက် ၈၉ နှစ်အရွယ် အော်ဒရေ ဂူဒင်းတို့သည် အိမ်ထောင်သက် နှစ် ရ၀ အတွင်း ခရစ္စမတ်ကို အတူဖြတ်သန်းခဲ့ပြီးနောက် ကျန်းမာရေးအာဏာပိုင်များ၏ ဝင်ရောက် စွက်ဖက်မှုကြောင့်ယခုနှစ်ခရစ္စမတ်မှစပြီးခွဲခွာပြီးနေထိုင်ကြရတော့မည်ဖြစ်သည်။

ဟားဘတ်ဂူဒင်းနှင့် အော်ဒရေဂူဒင်းတို့သည် ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်ကြခြင်းဖြစ်ပြီး ဟားဘတ်၏ ကျန်းမာရေးမကောင်းမွန်သောကြောင့် ဟု အာဏာပိုင်များက အကြောင်းပြပြီး ၎င်းကို ကျန်းမာရေးစောင့်ရှောက်မှု ဌာနတစ်ခုသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မိဘများနှင့် စကားပြောဆိုခဲ့ရာ မိဘနှစ်ပါးစလုံးက ငိုကြွေးခဲ့ကြကြောင်း သမီးဖြစ်သူ ဒီယန်ဖိလစ်စ်က ဒီဇင်ဘာ ၁၇ ရက်တွင် ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

“ခရစ္စမတ်ဆိုတာ မရှိတော့ဘူး၊ တို့ဘဝမှာ ကြုံခဲ့ရတဲ့ ခရစ္စမတ်ထဲမှာ အဆိုးဆုံးခရစ္စမတ်ပဲ လို့ အမေကပြောတယ်လေ” ဟု ၎င်းကပြောဆို ခဲ့သည်။ မစ္စဖိလစ်စ်၏ပို့စ်သည် အကြိမ် ၁၅၀၀၀ ခန့်ပြန်လည်ဝေမျှ ခံခဲ့ရသည်။

ဖခင်ဖြစ်သူ၏ကျန်းမာရေးဆိုးရွားလာသောကြောင့် ဘိုးဘွားရိပ်သာမှ ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဘိုးဘွားရိပ်သာကို အုပ်ချုပ်နေသည့် အစိုးရဌာနကြီးတစ်ခုက ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း မစ္စဖိလစ်စ်ကပြောဆိုခဲ့သည်။ မိဘများ၏အခြေအနေကြောင့် ဆုံးဖြတ်ချက်ချပေးလို့မရသေးကြောင်း ပြောဆိုခဲ့ရာ ဘိုးဘွားရိပ်သာက ရိပ်သာ၏စီမံမှုကိုသာ လိုက်နာ ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မစ္စဖိလစ်စ် ဆက်လက်ပြောဆို ခဲ့သည်။

ခရစ္စမတ်ကာလကို အတူဖြတ်သန်းခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း ဘိုးဘွားရိပ်သာက ငြင်းပယ်ခဲ့သည်ဟု ၎င်းကပြောဆိုခဲ့သည်။ ဘိုးဘွားရိပ်သာမှ ပြောဆိုခွင့်ရှိသူတစ်ဦးကလည်း ဖေ့စ်ဘွတ်ခ်တွင် တုံ့ပြန်ခဲ့သည်။

ဘိုးဘွားရိပ်သာတွင် နေထိုင်သူတစ်ဦးနှင့်ပတ်သက်ပြီး လူမှုဖွံ့ဖြိုးရေးဌာနက ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါက ၎င်းတို့အနေဖြင့် ငြင်းပယ်လို့မရဘဲ စည်းမျဉ်းအတိုုင်း လိုက်နာကျင့်သုံးရကြောင်း ဘိုးဘွားရိပ်သာ၏ ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ဟားဘတ်ဂူဒင်းနှင့် အော်ဒရေ ဂူဒင်း

Leave a Reply