ချက်လက်မှတ် အတုဖြင့် ငွေကျပ်သိန်း (၈၀၀) လိမ်လည်ထုတ်ယူသူများအား အမှုဖွင့်

0
165

ဇူလိုင် ၂၂
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ကမ္ဘောဇဘဏ် (မန္တလေးဘဏ်ခွဲ ၂) မှ ချက်လက်မှတ် အတုဖြင့် ငွေကျပ်သိန်း (၈၀၀) လိမ်လည်ထုတ်ယူသူများအား ဇူလိုင်လ ၂၁ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့ က သိရသည် ။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး စာရင်းပိုင်ရှင် ဒေါ်ရူပါသက် ၏ ဘဏ်အကောင့်မှ ငွေကျပ်သိန်း (၈၀၀) တိတိကို ဦးကျော်ဖြိုးသူနှင့် အမည်မသိလူ (၂) ဦးက ချက်လက်မှတ် အတုဖြင့် လာရောက်ထုတ်ယူခြင်းဖြစ်သည်။

“ငွေတော့ ထုတ်ယူမသွားဘူး လို့သိရတယ် ။ ချက်လက်မှတ်က ရန်ကုန်ကဆိုတော့ မသင်္ကာတာနဲ့ စစ်ကြည့်တော့ အတုဖြစ်နေတာ ။ လာထုတ်တဲ့သူတွေတော့ ဖမ်းဆီးရမိဖို့ လုပ်နေတယ် ” ဟု ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်ဖြိုးသူနှင့် အမည်မသိလူ (၂) ဦးအား ကမ္ဘောဇဘဏ် (မန္တလေးဘဏ်ခွဲ ၂) မှ လက်ထောက်မန်နေဂျာ ဒေါ်ခင်မမ က တရားလိုပြုလုပ်၍ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၄၈၃/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့်ထားကာ တရားခံဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply