ကိုယ္ေမြးသည့္ေခြး ကိုယ့္ျပန္ကိုက္၍ ေခြးပိုင္ရွင္ ေသဆံုး

0
160

ပံုစာ။ ေခြးကိုက္ခံခဲ့ရမႈေၾကာင့္ ေသဆံုးခဲ့သည့္ ဘက္သနီစတီဖင္စ္

ရစ္ခ်္မြန္ ဒီဇင္ဘာ ၂၀

အေမရိကန္ျပည္ေထာင္စု ဗာဂ်ီးနီးယားျပည္နယ္ ေက်းလက္ၿမိဳ႕တစ္ၿမိဳ႕၌ လြန္ခဲ့ေသာအပတ္တြင္ အမ်ိဳးသမီးတစ္ဦးသည္ ၎ေမြးထားေသာ ေခြးႏွစ္ေကာင္ႏွင့္အတူ လမ္းေလွ်ာက္ထြက္ရင္း ယင္းေခြးမ်ား၏ အကိုက္္ခံရမႈေၾကာင့္ ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖဲြ႕က ထုတျ္ပန္ခဲ့သည္။

အသက္ ၂၂ ႏွစ္အရြယ္ ဘက္သနီစတီဖင္စ္၏႐ုပ္အေလာင္းကို ေတြ႕ရွိၿပီး ေလးရက္အၾကာတြင္ ရဲတပ္ဖဲြ႕သည္ ၎ေသဆံုးမႈႏွင့္ပတ္သက္ၿပီး သတင္းစာရွင္းလင္းပဲြျပဳလုပ္ခဲ့သည္။ ဒီဇင္ဘာ ၁၅ ရက္တြင္ ရဲတပ္ဖဲြ႕ဝင္ မ်ားသည္ ေခြးမ်ားကုိ ေတြ႕ရွိခဲ့ၿပီး ေတြ႕ရွိခါစတြင္ ေခြးႏွစ္ေကာင္ သည္ တိရစာၦန္အေသေကာင္တစ္ေကာင္၏အသားမ်ားကုိ စားေနသည္ဟု ထင္ျမင္ခဲ့သည္။

သို႔ေသာ္ ေနာက္ပိုင္းတြင္ မသကၤာေသာေၾကာင့္ စစ္ေဆးခဲ့ရာ ေခြးႏွစ္ေကာင္သည္ ပိုင္ရွင္စတီဖင္စ္၏႐ုပ္အေလာင္းမ်ား အသားမ်ားကို စားေနျခင္းျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။ “ကၽြန္ေတာ္သာမကဘူး အျခားရဲတပ္ဖဲြ႕ဝင္ေလးဦးလည္း ေတြ႕ခဲ့တာ၊ ေခြးေတြက ႐ုုပ္အေလာင္းရဲ႕ နံ႐ုိးနားက အသားေတြကိုစားေနတာ” ဟု ဂုိ႔ခ်္လန္႔စီရင္စုရဲတပ္ဖဲြ႕မွ အရာရွိ ဂ်င္အက္ဂ္ႏူးကေျပာဆုိခဲ့သည္။

႐ုပ္အေလာင္းကို စစ္ေဆးခဲ့ရာ ေသေစေလာက္ေသာ ဒဏ္ရာသည္ လည္ပင္းကို အကိုက္ခံခဲ့ရျခင္းျဖစ္ၿပီး မ်က္ႏွာမွာလည္း ကိုက္ရာမ်ား လြန္းေသာေၾကာင့္ ႐ုပ္ပင္မေပၚေတာ့ေၾကာင္း ၎ကေျပာဆုိ ခဲ့သည္။ေသဆံုးသူ၏မိသားစုကိုေထာက္ထားရေသာေၾကာင့္ ျဖစ္ပ်က္ပံုကို မေျပာဆုိခဲ့ျခင္းျဖစ္ေၾကာင္း အက္ဂ္ႏူးကေျပာဆုိခဲ့သည္။

သုိ႔ေသာ္ ဗာဂ်ီးနီးယားျပည္နယ္ ရစ္ခ်္မြန္အျပင္ဘက္ မုိင္ ၃၀ အကြာရွိ ၿမိဳ႕ငယ္ေလးတြင္ ေကာလာဟလမ်ား ထြက္ေပၚလာၿပီး လူသတ္သမားရွိ မရွိကိုသိရွိလိုေၾကာင္း ၿမိဳ႕ေနမ်ားက ေတာင္းဆုိခဲ့ေသာေၾကာင့္ ရဲတပ္ဖဲြ႕သည္ သတင္းစာရွင္းလင္းပဲြျပဳလုပ္ခဲ့ရျခင္းျဖစ္သည္။

စတီဖင္စ္သည္ ေခြးဘီလူးေလးမ်ားကုိ ေမြးခါစအရြယ္ကတည္းက ေမြးျမဴခဲ့ေသာေၾကာင့္ ေခြးမ်ားႏွင့္ ရန္သူျဖစ္စရာမရွိေၾကာင္း မိတ္ေဆြမ်ားကေျပာဆုိခဲ့သည္။ မိသားစု၏ခြင့္ျပဳခ်က္ျဖင့္ ေခြးႏွစ္ေကာင္ကို အသက္ဓာတ္ျဖတ္္ခဲ့ၿပီးျဖစ္သည္။ ေခြးႏွစ္ေကာင္သည္ ခ်စ္စရာေကာင္းၿပီး ႏွစ္ေကာင္ေပါင္းအေလးခ်ိန္သည္ ေပါင္ ၁၀၀ ရွိေၾကာင္း ရဲတပ္ဖဲြ႕ကေျပာဆုိ ခဲ့သည္။

စတီဖင္စ္ေပ်ာက္ဆံုးၿပီး တစ္ရက္အၾကာ ဒီဇင္ဘာ ၁၅ ရက္တြင္ စတီဖင္စ္၏ဖခင္သည္ သစ္ေတာထဲသို႔ သြားေရာက္ရွာေဖြခဲ့ရာ ေခြးႏွစ္ေကာင္ႏွင့္ သမီးျဖစ္သူ၏႐ုပ္အေလာင္းတို႔ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ဦးေခါင္းရွိ ဒဏ္ရာမ်ားကို စစ္ေဆးၾကည့္ရာ ေခြးမ်ား၏ သြားကိုက္ရာမ်ား ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္ဟု အာဏာပိုင္မ်ားကေျပာဆုိ ခဲ့သည္။ ေသမႈေသခင္းစစ္ေဆးရန္အတြက္ ေခြးေသေကာင္မ်ားကို ထိန္းသိမ္းထားဆဲျဖစ္သည္။

Source:BBC

႐ိုးေျမ

ရစ်ချ်မွန် ဒီဇင်ဘာ ၂၀

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ကျေးလက်မြို့တစ်မြို့၌ လွန်ခဲ့သောအပတ်တွင် အမျိုးသမီးတစ်ဦးသည် ၎င်းမွေးထားသော ခွေးနှစ်ကောင်နှင့်အတူ လမ်းလျှောက်ထွက်ရင်း ယင်းခွေးများ၏ အကိုက််ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတြ်ပန်ခဲ့သည်။

အသက် ၂၂ နှစ်အရွယ် ဘက်သနီစတီဖင်စ်၏ရုပ်အလောင်းကို တွေ့ရှိပြီး လေးရက်အကြာတွင် ရဲတပ်ဖွဲ့သည် ၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့ဝင် များသည် ခွေးများကို တွေ့ရှိခဲ့ပြီး တွေ့ရှိခါစတွင် ခွေးနှစ်ကောင် သည် တိရစ္ဆာန်အသေကောင်တစ်ကောင်၏အသားများကို စားနေသည်ဟု ထင်မြင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မသင်္ကာသောကြောင့် စစ်ဆေးခဲ့ရာ ခွေးနှစ်ကောင်သည် ပိုင်ရှင်စတီဖင်စ်၏ရုပ်အလောင်းများ အသားများကို စားနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ “ကျွန်တော်သာမကဘူး အခြားရဲတပ်ဖွဲ့ဝင်လေးဦးလည်း တွေ့ခဲ့တာ၊ ခွေးတွေက ရုုပ်အလောင်းရဲ့ နံရိုးနားက အသားတွေကိုစားနေတာ” ဟု ဂို့ချ်လန့်စီရင်စုရဲတပ်ဖွဲ့မှ အရာရှိ ဂျင်အက်ဂ်နူးကပြောဆိုခဲ့သည်။

ရုပ်အလောင်းကို စစ်ဆေးခဲ့ရာ သေစေလောက်သော ဒဏ်ရာသည် လည်ပင်းကို အကိုက်ခံခဲ့ရခြင်းဖြစ်ပြီး မျက်နှာမှာလည်း ကိုက်ရာများ လွန်းသောကြောင့် ရုပ်ပင်မပေါ်တော့ကြောင်း ၎င်းကပြောဆို ခဲ့သည်။သေဆုံးသူ၏မိသားစုကိုထောက်ထားရသောကြောင့် ဖြစ်ပျက်ပုံကို မပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အက်ဂ်နူးကပြောဆိုခဲ့သည်။

သို့သော် ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်အပြင်ဘက် မိုင် ၃၀ အကွာရှိ မြို့ငယ်လေးတွင် ကောလာဟလများ ထွက်ပေါ်လာပြီး လူသတ်သမားရှိ မရှိကိုသိရှိလိုကြောင်း မြို့နေများက တောင်းဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့သည် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

စတီဖင်စ်သည် ခွေးဘီလူးလေးများကို မွေးခါစအရွယ်ကတည်းက မွေးမြူခဲ့သောကြောင့် ခွေးများနှင့် ရန်သူဖြစ်စရာမရှိကြောင်း မိတ်ဆွေများကပြောဆိုခဲ့သည်။ မိသားစု၏ခွင့်ပြုချက်ဖြင့် ခွေးနှစ်ကောင်ကို အသက်ဓာတ်ဖြတ််ခဲ့ပြီးဖြစ်သည်။ ခွေးနှစ်ကောင်သည် ချစ်စရာကောင်းပြီး နှစ်ကောင်ပေါင်းအလေးချိန်သည် ပေါင် ၁၀၀ ရှိကြောင်း ရဲတပ်ဖွဲ့ကပြောဆို ခဲ့သည်။

စတီဖင်စ်ပျောက်ဆုံးပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၁၅ ရက်တွင် စတီဖင်စ်၏ဖခင်သည် သစ်တောထဲသို့ သွားရောက်ရှာဖွေခဲ့ရာ ခွေးနှစ်ကောင်နှင့် သမီးဖြစ်သူ၏ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဦးခေါင်းရှိ ဒဏ်ရာများကို စစ်ဆေးကြည့်ရာ ခွေးများ၏ သွားကိုက်ရာများ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များကပြောဆို ခဲ့သည်။ သေမှုသေခင်းစစ်ဆေးရန်အတွက် ခွေးသေကောင်များကို ထိန်းသိမ်းထားဆဲဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ခွေးကိုက်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့သည့် ဘက်သနီစတီဖင်စ်။

Leave a Reply