၂၀၁၇ ခုႏွစ္အတြင္း ကမာၻတစ္ဝန္း သတင္းမီဒီယာသမား ၆၅ ဦး အသတ္ခံရ

0
171

 

ဘာလင္ ဒီဇင္ဘာ ၂၀

၂၀၁၇ ခုႏွစ္အတြင္း ကမာၻတစ္ဝန္းတြင္ သတင္းရယူရင္း မီဒီယာဝန္ထမ္း ၆၅ ဦးခန္႔ သတ္ျဖတ္ခံခဲ့ရေၾကာင္း နယ္စည္းမျခားသတင္းေထာက္မ်ား အဖဲြ႕က ဒီဇင္ဘာ ၁၉ ရက္တြင္ေျပာဆုိခဲ့သည္။

ေသဆုံးသူမ်ားတြင္ သတင္းေထာက္ ၅၀ ဦး၊ ႏိုင္ငံသားသတင္းေထာက္ ခုနစ္ဦးႏွင့္ အျခားမီဒီယာဝန္ထမ္း ရွစ္ဦးတုိ႔ပါဝင္သည္။ ဂ်ာနယ္လစ္မ်ား အတြက္ အႏၱရာယ္အရွိဆံုးႏုိင္ငံမ်ားမွာ ဆီးရီးယား၊ မကၠစီကို၊ အာဖဂန္နစၥတန္၊ အီရတ္ႏွင့္ ဖိလစ္ပိုင္တို႔ျဖစ္သည္။

ေသဆံုးသူမ်ားအနက္ ၃၅ ဦးသည္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေန သည့္ ေနရာမ်ားတြင္ အသတ္ခံခဲ့ရျခင္းျဖစ္ၿပီး ၃၀ ဦးသည္ ယင္းေနရာမ်ား၏အျပင္ဘက္တြင္ ေသဆံုးခဲ့ျခင္းျဖစ္သည္။ ၃၉ ဦးသည္ ႏုိင္ငံေရးအရ အက်င့္ပ်က္ျခစားမႈမ်ားႏွင့္ အုပ္စုလိုက္ရာဇဝတ္မႈ က်ဴးလြန္မႈမ်ားကို စံုစမ္းေဖာ္ထုတ္သတင္းေရးခဲ့သည့္အတြက္ အသတ္ ခံခဲ့ရျခင္းျဖစ္ၿပီး ၂၆ ဦးသည္ လက္နက္ႀကီးႏွင့္ ဗံုးထိမွန္မႈတို႔ေၾကာင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္။

စစ္ပဲြဇုန္မ်ား၏အျပင္ဘက္တြင္ ဂ်ာနယ္လစ္မ်ားစြာ သတ္ျဖတ္ခံေနရ မႈေၾကာင့္ အံ့ၾသတုန္လႈပ္မိေၾကာင္း နယ္စည္းမျခားသတင္းေထာက္မ်ား အဖဲြ႕၏ဘုတ္အဖဲြ႕ဝင္ ခတၱရာဂလိုဂါကေျပာဆုိခဲ့သည္။

ႏိုင္ငံအမ်ားစုတြင္ ျပစ္မႈက်ဴးလြန္သူမ်ားသည္ ဂ်ာနယ္လစ္မ်ားကို သတ္ျဖတ္ၿပီးေနာက္ ျပစ္ဒဏ္က်ခံရမည္မဟုတ္ဟု ယံုၾကည္ၾကေၾကာင္း ၎ကဆက္လက္ေျပာဆုိခဲ့သည္။ မီဒီယာဝန္ထမ္း ၃၀၀ ေက်ာ္သည္ အက်ဥ္းေထာင္မ်ားတြင္ ခ်ဳပ္ေႏွာင္ခံထားရဆဲျဖစ္ၿပီး ယင္းတုိ႔အနက္ ထက္ဝက္ခန္႔မွာ တူရကီ၊ တ႐ုတ္၊ ဆီးရီးယား၊ အီရန္ႏွင့္ ဗီယက္နမ္တုိ႔တြင္ျဖစ္ေၾကာင္း အဖဲြ႕ကေျပာဆုိခဲ့သည္။

Source:Reuters

႐ိုးေျမ

ဘာလင် ဒီဇင်ဘာ ၂၀

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် သတင်းရယူရင်း မီဒီယာဝန်ထမ်း ၆၅ ဦးခန့် သတ်ဖြတ်ခံခဲ့ရကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့က ဒီဇင်ဘာ ၁၉ ရက်တွင်ပြောဆိုခဲ့သည်။

သေဆုံးသူများတွင် သတင်းထောက် ၅၀ ဦး၊ နိုင်ငံသားသတင်းထောက် ခုနစ်ဦးနှင့် အခြားမီဒီယာဝန်ထမ်း ရှစ်ဦးတို့ပါဝင်သည်။ ဂျာနယ်လစ်များ အတွက် အန္တရာယ်အရှိဆုံးနိုင်ငံများမှာ ဆီးရီးယား၊ မက္ကစီကို၊ အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

သေဆုံးသူများအနက် ၃၅ ဦးသည် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေ သည့် နေရာများတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ၃၀ ဦးသည် ယင်းနေရာများ၏အပြင်ဘက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ၃၉ ဦးသည် နိုင်ငံရေးအရ အကျင့်ပျက်ခြစားမှုများနှင့် အုပ်စုလိုက်ရာဇဝတ်မှု ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သတင်းရေးခဲ့သည့်အတွက် အသတ် ခံခဲ့ရခြင်းဖြစ်ပြီး ၂၆ ဦးသည် လက်နက်ကြီးနှင့် ဗုံးထိမှန်မှုတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ပွဲဇုန်များ၏အပြင်ဘက်တွင် ဂျာနယ်လစ်များစွာ သတ်ဖြတ်ခံနေရ မှုကြောင့် အံ့သြတုန်လှုပ်မိကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့၏ဘုတ်အဖွဲ့ဝင် ခတ္တရာဂလိုဂါကပြောဆိုခဲ့သည်။

နိုင်ငံအများစုတွင် ပြစ်မှုကျူးလွန်သူများသည် ဂျာနယ်လစ်များကို သတ်ဖြတ်ပြီးနောက် ပြစ်ဒဏ်ကျခံရမည်မဟုတ်ဟု ယုံကြည်ကြကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ မီဒီယာဝန်ထမ်း ၃၀၀ ကျော်သည် အကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ တူရကီ၊ တရုတ်၊ ဆီးရီးယား၊ အီရန်နှင့် ဗီယက်နမ်တို့တွင်ဖြစ်ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။

Source:Reuters

ရိုးမြေ

Leave a Reply