ဒေါ်လာ​ဈေးများ ပြန်​လည်​ကျဆင်း

0
154

ဇူလိုင်​ ၂၃
ဝေ​ဝေဖြိုး

ပြည်​တွင်း​ငွေ​ကြေး​ဈေးကွက်​တွင်​ ​နို​င်​ငံခြားငွေလဲနှုန်း​ဈေးများ ယခုရက်​ပိုင်းအတွင်း ၁​ဒေါ်လာလျှင်​ ၇ကျပ်​ခန့်​ ပြန်​လာကျဆင်းလာခဲ့သည်​။

ယခုလ ၂၀ရက်​က ပြည်​တွင်း​ငွေလဲနှုန်းမှာ ၁​ဒေါ်လာလျှင်​ ၁၄၃၀ကျပ်​ထိ မြင့်​တက်​ခဲ့ရာမှ ဇူလိုင်​လ ၂၃ရက်​တွင်​ ၁၄၂၃ကျပ်​ရှိ၍ ၇ ကျပ်​ခန့်​ ပြန်​လည်​ကျဆင်းခဲ့​ကြောင်း နိုင်​ငံခြား​ငွေ​ရောင်းဝယ်​မှု​ဈေးကွက်မှသိရသည်​။

“ပြီးခဲ့တဲ့ ​သောကြာ​နေ့က ၁၄၃၀ ထိဖြစ်​ခဲ့တယ်​ ။ဒီ​နေ့ ပြန်​ကျသွားပြီ။ အခုလိုအတက်​အကျဖြစ်​​နေတဲ့ အတွက်​ ဒီ​ပေါ်မှာ မူတည်​ပြီး အ​ရောင်းအဝယ်​ လုပ်​တဲ့သူ​တွေ အတွက်​ လုပ်​ရကိုင်​ရခက်​တယ်​။ ဘယ်​လိုပြန်​​ရောင်းရ မလဲဆိုတာ ချိန်​ဆရ နည်းနည်းခက်​တယ်​။ကမ္ဘာမှာဖြစ်​​နေတဲ့ ​ဈေးကလဲ လှုပ်​ရှားမှုက မြန်​ဆန်​တဲ့အတွက်​ ဒီမှာလဲ လိုက်​​ပြောင်းနေတာပါ။သတိထားပြီး လုပ်​ကိုင်​​နေကြတဲ့သ​ဘောပါ။ ထပ်​တက်​ဖို့အလားအလာ​တော့
နည်းပါတယ်​။ “ဟု နိုင်​ငံခြား​ငွေ​ကြေး​ဈေးကွက်​ ​လေ့လာသုံးသပ်​သူ ကို​ဝေယံက​ပြောသည်။

ငွေလဲနှုန်း​ဈေးအတက်​အကျမှာ အနည်းဆုံး၁၄၀၀ မှ အများဆုံး ၁၄၅၀ ကြားထိရှိလာနိုင်​မည်ဟု ခန့်​မှန်းထားပြီး
ဈေးကွက်​ထဲတွင်​ ​ငွေအများအပြား စီးဝင်​နိုင်​​အောင်​ လုပ်​​ဆောင်​နိုင်​မှသာ ယင်းကဲ့သို့အတက်​အကျ ကြမ်း​နေသည့်​ပြဿနာမှာ ​ပြေလည်​နိုင်​မည်​ဟု ၎င်းက​သုံးသပ်​​ပြောဆိုသည်​။

“​ငွေ​ဈေးအတက်​အကျကို အရမ်းကြီး​တော့ထိန်း
ကျောင်းလို့မရဘူး။ညှိ​ပေးလို့ပဲရတဲ့သဘောပါ။ အစိုးရဘက်​က ပို့ကုန်​​တွေ များများပို့နိုင်​​အောင်​လုပ်​ရမယ်။ထိန်းဖို့ကခက်​တယ်​ ​ဈေးကွက်​မှာ ပစ္စည်းမရှိဘူး ဆိုရင်​​တော့ တက်​​နေမှာပဲ။ ​ရှိလာနိုင်​​အောင်​ လုပ်​​ပေးနိုင်​မှပဲ အတက်​အဆင်းကြမ်း​နေတဲ့ ပြဿနာက ​ပြေလည်​ဖို့များတယ်​။ဈေးကွက်​ထဲကို ​ငွေများများ စီးဝင်​နိုင်​​အောင်​လုပ်​​ပေးရင်​ပို​ကောင်းပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ဇူလိုင်​လ ၁ရက်​က ​ငွေလဲနှုန်းသည်​ ၁​ဒေါ်လာကို ၁၃၈၄ ကျပ်​အထိ ကျဆင်းခဲ့ပြီး ​ဒေါ်လာ​ဈေး ​နေ့စဉ်​မြင့်​တက်​လာခဲ့ရာမှ ဇူလိုင်​လ ၁၀ရက်​တွင်​ ကျပ်​ ၁၄၀၀ ဇူလိုင်​လ ၁၁ရက်​တွင်​ ၁၄၀၆ ကျပ်​နှင့်​ ဇူလိုင်​လ ၁၂ရက်​တွင်​ ၁၄၁၀ကျပ်​၊ ဇူလိုင်​လ ၂၀ရက်​တွင်​ ၁၄၃၀ကျပထိ မြင့်​တက်​လာခဲ့ရာ ဇူလိုင်​လ ၂၃ရက်​တွင်​ ၁၄၂၃ ကျပ်​ဖြင့်​ ​ဈေးနှုန်းများ ပြန်​လည်​ကျဆင်းလာခဲ့သည်​။

ယခုနှစ်​ ​မေလမှစတင်​၍ ကမ္ဘာ့​ဒေါ်လာ​ဈေး အညွှန်းကိန်း သိသာစွာ ပြန်​လည်​ မြင့်​တက်​လာခဲ့ခြင်းဖြစ်​ပြီး ပြည်တွင်း​ဈေးကွက်​၌ ၅လအတွင်း ဖြစ်​​ပေါ်ခဲ့သည့်​ လအလိုက်​ ​ငွေလဲနှုန်း အနိမ့်​ဆုံးနှင့်​ အမြင့်ဆုံး ​ဈေးမှာ ဇန်​နဝါရီလ တွင်​ ၁၃၂၃ နှင့်​ ၁၃၅၄ ကျပ်​ ၊​ဖေ​ဖော်​ဝါရီလတွင်​ ၁၃၂၃ နှင့်​ ၁၃၃၁ ကျပ်​ ၊မတ်​လတွင်​ ၁၃၂၆ နှင့်​ ၁၃၃၄ ကျပ်​၊ဧပြီလတွင်​ ၁၃၂၄ နှင့်​ ၁၃၃၂ ကျပ်​၊ ​မေလတွင်​ ၁၃၃၂ နှင့်​ ၁၃၅၁ ကျပ်​တို့ ဖြစ်​​ပေါ်ခဲ့သည်​။

ပြည်​တွင်း​ဈေးကွက်​၌ နိုင်​ငံခြား​ငွေလဲနှုန်းသည်​ ဇွန်​လ ၁၅ ရက်​က ​ ၁၃၅၅ ကျပ်​ ၊ ဇွန်​လ ၁၆ ရက်​တွင်​ ၁၃၆၅ကျပ်​ ၊ ဇွန်​လ၂၀ တွင်​ ၁၃၆၈ ကျပ်​၊ ဇွန်​လ ၂၁ရက်​တွင်​ ၁၃၇၃ ကျပ်​ နှင့်​ ဇွန်​လ ၂၂ရက်​တွင်​ ၁၃၈၅ ကျပ်​ခန့်​ မြင့်​တက်​လာခဲ့ပြီး ဇွန်​လ ၂၇ ရက်​တွင်​ ၁၃၉၅ကျပ်​ အထိ ​​ရောက်​ရှိခဲ့သည်​။

Leave a Reply