ယီမင္မွ ေဆာ္ဒီသို႔ ပစ္ခတ္လိုက္သည့္ ဒံုးက်ည္တြင္ အီရန္အမွတ္လကၡဏာမ်ားကိုေတြ႕ရွိခဲ့ဟု အေမရိကန္ေျပာဆုိ

0
178

ပံုစာ။ ေဆာ္ဒီသို႔ ပစ္လႊတ္လိုက္သည့္ ဒံုးက်ည္ကိုေတြ႕ရစဥ္။

နယူးေယာက္ ဒီဇင္ဘာ ၂၀

ယီမင္မွ ေဆာ္ဒီအာေရဗ်ၿမိဳ႕ေတာ္ ရီယာ့ဒ္သို႔ ဒီဇင္ဘာ ၁၉ ရက္တြင္ ပစ္လႊတ္လိုက္သည့္ ဒံုးက်ည္တြင္ အီရန္လုပ္အမွတ္လကၡဏာမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ႀကီး နစ္ကီဟာေလကေျပာဆုိခဲ့သည္။

အီရန္၏အျပဳအမူမ်ားေၾကာင့္ ေဒသတြင္း ပဋိပကၡမ်ားပိုမိုႀကီးထြား လာႏုိင္ေၾကာင္း ဟာေလကေျပာဆုိခဲ့သည္။ ယီမင္ဘက္မွ ပစ္လႊတ္လိုက္သည့္ ဒံုးက်ည္ကုိ ေဆာ္ဒီအာေရဗ်စစ္တပ္က ပစ္ခ်ႏုိင္ခဲ့သည္။

ယီမင္အစိုးရႏွင့္ ေဆာ္ဒီဦးေဆာင္ေသာ ညႊန္႔ေပါင္းအဖဲြ႕တို႔ကုိ တိုက္ခိုက္ေနသည့္ ဟိုသီသူပုန္မ်ားအား လက္နက္ေထာက္ပံ့ေပးျခင္း မရွိေၾကာင္း အီရန္က ျငင္းဆုိခဲ့သည္။ ရီယာ့ဒ္ရွိ ေတာ္ဝင္နန္းေတာ္အား ဘာကန္ အိပ္ခ်္ ၂ အမ်ိဳးအစား တုိက္ခ်င္းပစ္ဒုံးက်ည္တစ္စင္းျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ဟုိသီမ်ား၏ အယ္လ္မာဆီရာ႐ုပ္သံဌာနကေဖာ္ျပ ခဲ့သည္။ ယခုပစ္လႊတ္လိုက္သည့္ ဒံုးက်ည္သည္ အီရန္မွ ထုတ္လုပ္ေသာ လက္နက္မ်ားႏွင့္ လကၡဏာခ်င္းဆင္တူေနေၾကာင္း ဟာေလက ကုလသမဂၢလုံၿခံဳေရးေကာင္စီ၌ ေျပာဆိုခဲ့သည္။

အီရန္အစိုးရ က်ဴးလြန္ေနသည့္ ျပစ္မႈမ်ားကို ေဖာ္ထုတ္ႏုိ္င္ေရး ပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ၿပီး ယင္းသို႔မလုပ္ႏုိင္ပါက အီရန္သည္ ေဒသတြင္းျဖစ္ပြားေနသည့္ ပဋိပကၡကိုပိုမိုႀကီးထြားေအာင္ လုပ္ေဆာင္လိမ့္မည္ျဖစ္ေၾကာင္း ၎ကေျပာဆုိခဲ့သည္။ ဟာေလက အီရန္အေပၚ ပိတ္ဆို႔မႈမ်ားခ်မွတ္ႏုိင္ေၾကာင္းေျပာဆုိခဲ့ေသာ္လည္း အီရန္ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိသည့္ ႐ုရွားကမူ ယင္းလုပ္ေဆာင္မႈမ်ားကို ေထာက္ခံမည္မဟုတ္ေၾကာင္း ေျပာဆုိခဲ့သည္။

ေဆာ္ဒီႏွင့္ အေမရိကန္ဦးေဆာင္ေသာ ညႊန္႔ေပါင္းအဖဲြ႕က ယီမင္ျပည္သူမ်ားအေပၚ က်ဴးလြန္သည့္ ျပစ္မႈမ်ားအတြက္ လက္တုံ႔ျပန္သည့္အေနျဖင့္ ဒံုးက်ည္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အယ္လ္မာဆီရာ႐ုပ္သံဌာနကေဖာ္ျပခဲ့သည္။ ေဆာ္ဒီအိမ္ေရွ႕မင္းသား မုိဟမၼဒ္ဘင္ဆယ္လ္မန္က ႏုိင္ငံေတာ္အသံုးစရိတ္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈျပဳလုပ္မည့္ အခ်ိန္တြင္ အယ္လ္-ဟာမာမာနန္းေတာ္သို႔ ဒံုးက်ည္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုပ္သံဌာနကေဖာ္ျပခဲ့သည္။

ယင္းနန္းေတာ္သည္ ဘုရင္႐ုံးစိုက္ရာႏွင့္ ညီလာခံက်င္းပရာေနရာျဖစ္သည္။ ယီမင္ဘက္မွ ပစ္လႊတ္လိုက္သည့္ ဒံုးက်ည္ကို ၿမိဳ႕ေတာ္ေတာင္ပိုင္းတြင္ ၾကားျဖတ္ပစ္ခ်ႏုိင္ခဲ့ေၾကာင္း ေဆာ္ဒီႏုိင္ငံပိုင္ အယ္လ္အီခဘာရီယာ ႐ုပ္သံဌာနကေဖာ္ျပခဲ့သည္။

ဒံုးက်ည္ကို ေပးထရိေယာ့ဒံုးက်ည္ျဖင့္ ပစ္ခ်ခဲ့ျခင္းျဖစ္ေၾကာင္း ညႊန္႔ေပါင္းအဖဲြ႕၏ေျပာခြင့္ရွိသူ ဗုိလ္မွဴး တာကီအယ္လ္မာလီကီ ကေျပာဆုိခဲ့သည္။ ႏိုဝင္ဘာ ၄ ရက္တြင္ ရီယာ့ဒ္ရွိ ဘုရင္ခါလစ္ႏုိင္ငံတကာေလဆိပ္နားသို႔ ဘာကန္ အိပ္ခ်္ ၂ ဒံုးက်ည္တစ္စင္းက်ေရာက္ေပါက္ကဲြခဲ့သည္။

Source:BBC

႐ိုးေျမ

ပုံစာ။ ဆော်ဒီသို့ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကိုတွေ့ရစဉ်။

နယူးယောက် ဒီဇင်ဘာ ၂၀

ယီမင်မှ ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်သို့ ဒီဇင်ဘာ ၁၉ ရက်တွင် ပစ်လွှတ်လိုက်သည့် ဒုံးကျည်တွင် အီရန်လုပ်အမှတ်လက္ခဏာများကို တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေကပြောဆိုခဲ့သည်။

အီရန်၏အပြုအမူများကြောင့် ဒေသတွင်း ပဋိပက္ခများပိုမိုကြီးထွား လာနိုင်ကြောင်း ဟာလေကပြောဆိုခဲ့သည်။ ယီမင်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို ဆော်ဒီအာရေဗျစစ်တပ်က ပစ်ချနိုင်ခဲ့သည်။

ယီမင်အစိုးရနှင့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့တို့ကို တိုက်ခိုက်နေသည့် ဟိုသီသူပုန်များအား လက်နက်ထောက်ပံ့ပေးခြင်း မရှိကြောင်း အီရန်က ငြင်းဆိုခဲ့သည်။ ရီယာ့ဒ်ရှိ တော်ဝင်နန်းတော်အား ဘာကန် အိပ်ချ် ၂ အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟိုသီများ၏ အယ်လ်မာဆီရာရုပ်သံဌာနကဖော်ပြ ခဲ့သည်။ ယခုပစ်လွှတ်လိုက်သည့် ဒုံးကျည်သည် အီရန်မှ ထုတ်လုပ်သော လက်နက်များနှင့် လက္ခဏာချင်းဆင်တူနေကြောင်း ဟာလေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောဆိုခဲ့သည်။

အီရန်အစိုးရ ကျူးလွန်နေသည့် ပြစ်မှုများကို ဖော်ထုတ်နို်င်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့မလုပ်နိုင်ပါက အီရန်သည် ဒေသတွင်းဖြစ်ပွားနေသည့် ပဋိပက္ခကိုပိုမိုကြီးထွားအောင် လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဟာလေက အီရန်အပေါ် ပိတ်ဆို့မှုများချမှတ်နိုင်ကြောင်းပြောဆိုခဲ့သော်လည်း အီရန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် ရုရှားကမူ ယင်းလုပ်ဆောင်မှုများကို ထောက်ခံမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ဆော်ဒီနှင့် အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့က ယီမင်ပြည်သူများအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်မာဆီရာရုပ်သံဌာနကဖော်ပြခဲ့သည်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟမ္မဒ်ဘင်ဆယ်လ်မန်က နိုင်ငံတော်အသုံးစရိတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်မည့် အချိန်တွင် အယ်လ်-ဟာမာမာနန်းတော်သို့ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံဌာနကဖော်ပြခဲ့သည်။

ယင်းနန်းတော်သည် ဘုရင်ရုံးစိုက်ရာနှင့် ညီလာခံကျင်းပရာနေရာဖြစ်သည်။ ယီမင်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို မြို့တော်တောင်ပိုင်းတွင် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် အယ်လ်အီခဘာရီယာ ရုပ်သံဌာနကဖော်ပြခဲ့သည်။

ဒုံးကျည်ကို ပေးထရိယော့ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ညွှန့်ပေါင်းအဖွဲ့၏ပြောခွင့်ရှိသူ ဗိုလ်မှူး တာကီအယ်လ်မာလီကီ ကပြောဆိုခဲ့သည်။ နိုဝင်ဘာ ၄ ရက်တွင် ရီယာ့ဒ်ရှိ ဘုရင်ခါလစ်နိုင်ငံတကာလေဆိပ်နားသို့ ဘာကန် အိပ်ချ် ၂ ဒုံးကျည်တစ်စင်းကျရောက်ပေါက်ကွဲခဲ့သည်။

Source:BBC

ရိုးမြေ

 

Leave a Reply