မႏၲေလးတိုင္းေဒသႀကီး တကၠသိုလ္ေက်ာင္းသား သမဂၢမ်ား ပညာေရးႏွီးေႏွာဖလွယ္ပြဲ က်င္းပမည္

0
171

 

မႏၱေလး၊ဒီဇင္ဘာ ၂၀၊၂၀၁၇

မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ေက်ာင္းသားသမဂၢမ်ားစုေပါင္း၍ ေဖေဖာ္ဝါရီလတြင္ တကၠသိုလ္ေက်ာင္းသား သမဂၢမ်ား ပညာေရးႏွီးေႏွာဖလွယ္ပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း
သိရသည္။

၂၀၁၇ ခုႏွစ္၊ ဇူလိုင္လ (၂၁) ရက္ေန႔တြင္ မႏၲေလးတကၠသိုလ္ ဦးရာဇာတ္ခန္းမ၌ က်င္းပခဲ့သည့္ မႏၲေလး အေျခစိုက္ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမ်ား ေဆြးေႏြးပြဲ၌ ဆံုးျဖတ္ခဲ့ေသာ ဆံုးျဖတ္ခ်က္အရ အဆိုပါ ပညာေရးႏွီးေႏွာဖလွယ္ပြဲကို က်င္းပျခင္းျဖစ္ၿပီး က်င္းပေရးေကာ္မတီကို ဒီဇင္ဘာလ(၁၇) ရက္ေန႔က ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။

“လက္ရွိပညာေရး ဥပေဒနဲ႔ ပတ္သတ္ၿပီး ကြ်န္ေတာ္တို႔ေက်ာင္းသား သမဂၢေတြရဲ႕ အသံေတြတိတ္ေနတယ္။ ေတာင္းဆိုခ်က္ (၁၂) ခ်က္ အေပၚမွာ ခုလက္ရွိ NLD အစိုးရအေနနဲ႔ ဘာေတြေဆာင္ရြက္ၿပီးၿပီလဲ ဘာေတြေဆာင္ရြက္ေပးဖို႔ လိုေနေသးတာလဲ ဆိုတာေတြကို ခုက်င္းပမယ့္ ေဆြးေႏြးပြဲမွာ ျပန္ေဆြးေႏြးမယ္။ အဓိကကေတာ့ အမ်ိဳးသားပညာေရး ဥပေဒအေပၚ ကၽြန္ေတာ္တို႔ဘယ္ေလာက္ထိ လက္ခံႏိုင္လဲဆိုတာကို သံုးသပ္ေဆြးေႏြးႏိုင္ဖို႔ ပညာေရးႏွီးေႏွာဖလွယ္ပြဲကို က်င္းပသြားမွာျဖစ္ တယ္” ဟု ပညာေရးႏွီးေႏွာဖလွယ္ပြဲ ျဖစ္ေျမာက္ေရးေကာ္မတီမွ ေကာ္မတီ၀င္ ကိုေက်ာ္သီဟရဲေက်ာ္က ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီး၊တကၠသိုလ္ေက်ာင္းသား သမဂၢမ်ား ပညာေရးႏွီးေႏွာဖလွယ္ပြဲတြင္ ေက်ာင္းသားသမဂၢအဖြဲ႕ (၂၀) ခန္႔ႏွင့္ တကၠသိုလ္၊ ေကာလိပ္ (၂၅) ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ား က ေဆြးေႏြးသြားမည္ျဖစ္ၿပီး စာတမ္းဖတ္ျခင္းမ်ား၊ ေၾကျငာခ်က္ ထုတ္ျပန္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုအခ်ိန္သည္အမ်ိဳးသားပညာေရးဥပေဒ၊နည္းဥပဒမူၾကမ္းအထိ ေရာက္ရွိေနၿပီျဖစ္ေသာ္လည္း ယင္းဥပေဒႏွင့္ပတ္သတ္၍ ေက်ာင္းသားသမဂၢမ်ား၏ အသံမ်ား ေပ်ာက္ကြယ္ေနေၾကာင္း ေဝဖန္မႈမ်ားရွိေနသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၀၊၂၀၁၇

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားသမဂ္ဂများစုပေါင်း၍ ဖေဖော်ဝါရီလတွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ပညာရေးနှီးနှောဖလှယ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း 
သိရသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် မန္တလေးတက္ကသိုလ် ဦးရာဇာတ်ခန်းမ၌ ကျင်းပခဲ့သည့် မန္တလေး အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ ဆွေးနွေးပွဲ၌ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်အရ အဆိုပါ ပညာရေးနှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ကျင်းပရေးကော်မတီကို ဒီဇင်ဘာလ(၁၇) ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“လက်ရှိပညာရေး ဥပဒေနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ကျောင်းသား သမဂ္ဂတွေရဲ့ အသံတွေတိတ်နေတယ်။ တောင်းဆိုချက် (၁၂) ချက် အပေါ်မှာ ခုလက်ရှိ NLD အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်ပြီးပြီလဲ ဘာတွေဆောင်ရွက်ပေးဖို့ လိုနေသေးတာလဲ ဆိုတာတွေကို ခုကျင်းပမယ့် ဆွေးနွေးပွဲမှာ ပြန်ဆွေးနွေးမယ်။ အဓိကကတော့ အမျိုးသားပညာရေး ဥပဒေအပေါ် ကျွန်တော်တို့ဘယ်လောက်ထိ လက်ခံနိုင်လဲဆိုတာကို သုံးသပ်ဆွေးနွေးနိုင်ဖို့ ပညာရေးနှီးနှောဖလှယ်ပွဲကို ကျင်းပသွားမှာဖြစ် တယ်” ဟု ပညာရေးနှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ ကော်မတီဝင် ကိုကျော်သီဟရဲကျော်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊တက္ကသိုလ်ကျောင်းသား သမဂ္ဂများ ပညာရေးနှီးနှောဖလှယ်ပွဲတွင် ကျောင်းသားသမဂ္ဂအဖွဲ့ (၂၀) ခန့်နှင့် တက္ကသိုလ်၊ ကောလိပ် (၂၅) ကျောင်းမှ ကျောင်းသားကျောင်းသူများ က ဆွေးနွေးသွားမည်ဖြစ်ပြီး စာတမ်းဖတ်ခြင်းများ၊ ကြေငြာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအချိန်သည်အမျိုးသားပညာရေးဥပဒေ၊နည်းဥပဒမူကြမ်းအထိ ရောက်ရှိနေပြီဖြစ်သော်လည်း ယင်းဥပဒေနှင့်ပတ်သတ်၍ ကျောင်းသားသမဂ္ဂများ၏ အသံများ ပျောက်ကွယ်နေကြောင်း ဝေဖန်မှုများရှိနေသည်။

နိုင်လင်းဦး

 

Leave a Reply