ဖားကန့်တွင် မြေစာပုံပြိုကျမှုဖြစ်ပွား ရေမဆေးရှားဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေ

0
143

ဇူလိုင် ၂၄
နိုင်လင်းဦး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင်တွင် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းအချိန်က ဧရာရတနာကုမ္ပဏီ မှ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးရှားဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။

ရေမဆေးရှာဖွေသူ အယောက် ၄၀ ခန့် ပျောက်ဆုံးနေသော်လည်း ဘတ်ဟိုးများ ဆင်းမရသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ရန်အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

” ခုလောလောဆယ်က ဘတ်ဟိုးဆင်းမရတဲ့အတွက် ရှာလို့ဖွေလို့ မရသေးဘူး ။ ဒါကြောင့် ကယ်ဆယ်ရေးတွေက ဘေးနား ကနေ စောင့်ကြည့်နေရတယ် ။ ခုထိတော့ ပျောက်ဆုံးသူ ဆယ့်ရှစ်ဦးကို အတည်ပြုနိုင်ပြီ ။ အဲ့ဒီနား ဘေးပတ်ပတ်လည်က ကျောက်တူးတဲ့သူ ကျောက်ရှာတဲ့သူတွေ ပါသွားတာပါ ” ဟု ဖားကန့်ဒေသခံ ဦးကောင်းစံ က ပြောသည်။

ထို့ပြင် ဇူလိုင်လ ၁၄ ရက်က လုံးခင်းကျေးရွာရှိ တောက်ပကြယ် ကုမ္ပဏီ နှင့် မဟာကုမ္ပဏီ၏ ကြားရှိ လုပ်ကွက်တွင် ကမ်းပါးယံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ​သေဆုံးသူ ၁၈ဦး ၊ ဒဏ်ရာရသူ (၅၀) ဦးခန့်ရှိခဲ့ကာ ​ပျောက်​ဆုံး​နေသူများလည်း ခန့်မှန်း လူဦးရေ (၄၀) ခန့်ရှိခဲ့သည်။

ဖားကန့်​​ဒေသတွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ၏ အကြီးစား စက်​ယန္တရား များဖြင့်​တူး​ဖော်​မှု၊ သဘာဝပတ်​ဝန်းကျင်​ပျက်​စီး​စေသည့်​ အင်​အားပြင်းမိုင်းများဖြင့်​ ​ဖောက်​ခွဲမှု မိုးရွာသွန်းခြင်းများ​ကြောင့်​ ​မြေပြိုမှု ၊ ​မြေစာပုံပြိုကျမှု ၊ကမ်းပါးယံ ပြိုကျမှု ၂၀၁၈ ခုနှစ်အတွင်း (၁၀) ကြိမ်​အထက်ရှိပြီဖြစ်ကြောင်း သိရသည်​။

photo – Moe Moe

Leave a Reply