ေရနံတြင္းတိမ္လုပ္ငန္းမ်ား သတ္မွတ္အနက္ေပထက္ ေက်ာ္လြန္တူးေဖာ္ေန

0
206

ရန္ကုန္၊ဒီဇင္ဘာ ၂၀၊၂၀၁၇

မေကြးတိုင္းေဒသႀကီး မင္းလွ၊ ေပါက္ႏွင့္ၿမိဳင္ၿမိဳ႔နယ္မ်ားတြင္ လုပ္ကိုင္လ်က္ရွိေသာ ေရနံတြင္းတိမ္ တႏိုင္တပိုင္ လုပ္ငန္းမ်ားတြင္ အစိုးရကသတ္မွတ္ထားေသာ အနက္ေပထက္ေက်ာ္လြန္ကာ တူးေဖာ္ေနေၾကာင္း စံုစမ္းသိရွိရသည္။

ေရနံႏွင့္သဘာဝဓာတ္ေငြ႔လုပ္ငန္းမွ သတ္မွတ္ထားသည္မွာ တြင္းအနက္ေပ ၁၀၀၀ သာတူးေဖာ္ခြင့္ျပဳထား ေသာ္လည္း လုပ္ငန္းခြင္တြင္ ေပ ၁၅၀၀ ႏွင့္ ၁၈၀၀ၾကားတူးေဖာ္ေနေၾကာင္း လုပ္ကိုင္ေနသူမ်ားက ေျပာသည္။

“ သူတို႔သတ္မွတ္ေပးတဲ့ ေပ အနက္မွာဆိုရင္ ရြံ႔ ပဲထြက္တယ္။ ဘာမွထြက္ဘာမွထြက္မလာဘူး။ က်ေနာ္တို႔က ေထာင့္ငါးရာနဲ႔ ေထာင့္ရွစ္ရာေလာက္ တူးေတာ့မွ အခုတူးေနတဲ့တြင္းက ေရနံထြက္တယ္။” ဟု မေကြးတိုင္းေဒသႀကီး ၊ေပါက္ၿမိဳ႔နယ္ လက္ပံတိုေရနံေမွာ္အတြင္း ေရနံတြင္းတိမ္လုပ္ငန္းလုပ္ကိုင္ေနသူတစ္ဦး ေျပာသည္။

မေကြးတိုင္းေဒသႀကီး ေပါက္ၿမိဳ႔နယ္တြင္ တည္ရွိေသာ သေျပညိဳေရနံေမွာ္( ေဒသအေခၚ)တြင္ ေရနံတြင္းတူးေဖာ္ေနေသာ တြင္းေပါင္းေထာင္ခ်ီရွိေနၿပီး တြင္းအားလံုးသည္ေပ၁၅၀၀ေက်ာ္တူးေဖာ္ရသည့္တြင္းမ်ားျဖစ္ေၾကာင္း သိရွိရသည္။

“ ေရနံတြင္းက ဒီတြင္းမွာ ေပ တစ္ေထာင့္ေျခာက္ရာမွာ ေရနံထြက္တယ္ဆို ေနာက္တစ္တြင္းလညး္ ေပ ေထာင့္ေျခာက္ရာေလာက္တူးရတယ္“ဟု တြင္းတိမ္လုပ္ငန္းရွင္မဟုတ္ေသာ္လည္း ေန႕စားျဖင့္လာေရာက္လုပ္ ကိုင္ေနသည့္ ေရနံတြင္းတူးေဖာ္ေနသူတစ္ဦးက ေျပာသည္။

ေပါက္ၿမိဳ႔နယ္အတြင္း ေရနံထြက္သည္ဆိုသည့္ သေျပညိဳေမွာ္အတြင္းတြင္ ေရနံတူးေသာ အလုပ္သမားမ်ား ေထာင္ခ်ီရွိေနၿပီး အမ်ားစုမွာ မေကြးတိုင္းေဒသႀကီး အတြင္းမွအလုပ္သမားအမ်ားစုုျဖစ္ေၾကာင္းလည္း ေမးျမန္းခ်က္မ်ားအရသိရသည္။

ေပ ေထာင့္ေျခာက္ရာတြင္ ေရနံထြက္သည္ဆိုေသာ တြင္းမွာ စက္မ်ားျဖင့္ထုတ္ယူစရာလိုဘဲ ပိုက္မ်ားသြယ္တန္းလိုက္ရံုျဖင့္ ေရနံသိုေလွာင္ကန္သို႔သြယ္တန္းႏိုင္ေသာ ေဒသအေခၚ လွ်ံ တြင္းဟုေခၚရသည္ အထိေရနံမ်ားထြက္ရွိေနျခင္း ျဖစ္သည္။
လွ်ံတြင္းမ်ား တူးေဖာ္ပါက ေရနံတင္မကဘဲ ေျမေအာက္၌ရွိေနေသာ ဂက္စ္မ်ားပင္ထြက္ေပၚလာတတ္ေၾကာင္း တူးေဖာ္သူမ်ားက ေျပာသည္။ ယင္း ဂက္စ္မ်ားကိုမူ ေလထဲသို႔ပိုက္ျဖင့္ထုတ္လႊတ္ေၾကာင္းလည္း သိရသည္။

“ မေကြးတိုင္းထဲက ေရနံထြက္တဲ့ ေပါက္၊ ၿမိဳင္၊ မင္းလွ ၊သရက္ ၊ပခုကၠဴ ၿမိဳ႔နယ္ေတြထဲက ကိုယ္စားလွယ္ေတြ ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ ေဆြးေႏြးၾကတယ္။ အခုခြင့္ျပဳထားတာက ေပ တစ္ေထာင္တူးအထိပဲ တူးေဖာ္ဖို႔ခြင့္ျပဳထားတယ္။ ကၽြန္ေတာ္တို႔ ကိုယ္စားလွယ္ေတြက ေပ ႏွစ္ေထာင္အထိခြင့္ျပဳေပးဖို႔ေဆြးေႏြးတယ္။ လႊတ္ေတာ္ထဲမွာ မဲခြဲ ဆံုးျဖတ္ေတာ့ ရံႈးတယ္။ ေပ တစ္ေထာင္ပဲ တူးေဖာ္ဖို႔ ဥေပေဒ ထြက္လာမယ္ေပါ့။ ဝန္ႀကီးဌာနဘက္ကလည္း ေဆြးေႏြးတာက ေပ တစ္ေထာင္အထက္ တူးေဖာ္ခြင့္မေပးႏိုင္ဘူးေပါ့။ ေပတစ္ေထာင္အထက္ တူးရင္ ေရနံသိုက္ ေတြပ်က္သြားႏိုင္တယ္ဆိုၿပီးေတာ့ေပါ့။ ဒီေရနံတြင္းတိမ္ ဥေပဒ ထြက္လာရင္ေတာ့ အခုတူးေနတဲ့တြင္းေတြ အကုန္ရပ္သြားမွာေပါ့။ ဒါေပမယ့္ အသက္ဝင္ဖို႔ေတာ့လိုတာေပါ့။” ဟု ေရနံတြင္းတိမ္ ဥပေဒအေၾကာင္း ေဆြးေႏြးခဲ့သည့္ မေကြးတိုင္းေဒသႀကီး၊ ေပါက္ၿမိဳ႔နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲထြန္းဝင္း က ေျပာသည္။

ယင္းဥပေဒအသက္ဝင္ၿပီး ေရနံတြင္းတိမ္လုပ္ငန္းမ်ားကို ေပတစ္ေထာင္သာခြင့္ျပဳခဲ့ပါက လက္ရွိတူးေဖာ္ေန ေသာတြင္းမ်ားတြင္ အလုပ္လုပ္ကိုင္ေနေသာ အလုပ္သမားမ်ား အတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ားကိုလည္း ထည့္သြင္းစဥ္းစားသင့္ေၾကာင္း ၄င္းက ဆက္လက္ေျပာၾကားသည္။ ေရနံတြင္းတိမ္လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနေသာ အလုပ္သမားမ်ားသည္ တစ္ေန႔တစ္ေသာင္းခန္႔ ရရွိေနေၾကာင္းလည္း သိရွိရသည္။ ထို႔အျပင္ ေရနံေမွာ္အတြင္း လုပ္ကိုင္ေနသူမ်ားကို မီွခို၍ ထမင္းဆိုင္ ၊စားေသာက္ဆိုင္ ၊ လက္ဖက္ရည္ဆိုင္၊ ဆံပင္ညွပ္ဆိုင္မ်ားလည္း မ်ားစြာရွိေနသည္။ ေမွာ္ထဲတြင္ ထမင္းဆိုင္ဖြင့္ေနသူ တစ္ဦးေျပာျပခ်က္အခ်က္ တစ္ရက္ေရာင္းအားသည္ သိန္းခ်ီ အထိရွိေၾကာင္းသိရွိရသည္။

ေရနံထြက္ရွိမႈေၾကာင့္ ယခင္က လမ္းပန္းဆက္သြယ္ေရးခက္ခဲခဲ့ေသာ လက္ပံတိုေက်းရြာအနီးအနား ပတ္ဝန္က်င္သည္ ေရနံသယ္ကားမ်ားထံမွ အခြန္ကဲ့သို႔ ေငြေၾကးေကာက္ယူခဲ့သျဖင့္ ေက်းရြာဖြံ႔ၿဖိဳးေရး ၊မီလင္းေရး စာၾကည့္တိုက္ တည္ေဆာက္ခြင့္မ်ား ရရွိေရးအတြက္ မ်ားစြာအေထာက္ အကူျပဳခဲ့ေၾကာင္း လက္ပံတိုေက်းရြာဖြံ႔ၿဖိဳးေရးအဖြဲ႔မွ စံုစမ္းသိရွိရသည္။

“ တူးတာေတာ့ တူးေဖာ္ေနၾကတာပဲ။ တြင္းတိမ္လုပ္ငန္းအေၾကာင္းကေတာ့ သိေနတာပဲ။ ဒါေပမယ့္ မေျပာခ်င္ဘူး။ အစိုးရဘက္ကလည္း လုပ္ရကိုင္ရ ၾကပ္မယ့္အေနအထားျဖစ္ေနတယ္။ တဖက္ကလည္း အလုပ္အကိုင္ အခြင့္အလမ္း မေပးႏိုင္ဘူး။ ေနာက္ၿပီး အစိုးရအဖြဲ႔ကလည္း ဒီတြင္းေတြကေန ဘတ္ဂ်က္ပိုရေန တယ္လို႔သိရတယ္။ ေတာ္ေတာ္ စဥ္စားရမယ့္ ကိစၥတစ္ခုျဖစ္ေနတယ္။” ဟု မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္၊မဲဆႏၵနယ္ ၂ မွ ကိုယ္စားလွယ္ ေဒၚျမင့္စန္းက ေျပာၾကားသည္။

မေကြးတိုင္းေဒသႀကီးတြင္ တြင္းတိမ္ေရနံတြင္းမ်ားမွ ယခင္ႏွစ္ကထက္ အခြန္ေငြမ်ားပိုမိုရရွိခဲေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႔က တရားဝင္ထုတ္ျပန္ထားသည္။

“ အစတုန္းကေတာ့ မိရိုးဖလာ လယ္ယာေျမပဲလုပ္တာေပါ့။ အရံႈးေပၚေတာ့ စီးပြားပ်က္သြားတယ္။ ဒီေရနံေတြ အလုပ္ေကာင္းတယ္ဆိုေတာ့ ေဘးနားက ဖိတ္တဲ့ ေရနံေတြကို စု ၿပီး ျပန္သြင္းတဲ့ တာေလး လုပ္ေနတာေပါ့။ လယ္ေတြလည္း မရွိေတာ့ဘူးေလ။ ဒီအလုပ္က တရက္ ေျခာက္ေထာင္ ခုႏွစ္ေထာင္ေလာက္ေတာ့ရပါတယ္။” ဟု ေရနံတြင္းတိမ္ လုပ္ငန္းကုိ မွီခိုၿပီး လွ်ံက်ေနေသာ ေဘးထြက္သည့္ ေရနံမ်ားကို အဝတ္စုတ္ျဖင့္ခတ္ယူကာ ျပန္လည္ေရာင္းခ်သည့္ အလုပ္ကို လုပ္ကိုင္ေနသည့္ မင္းလွၿမိဳ႕နယ္တြင္ေနထိုင္ေသာ အသက္ ၅၀ ေက်ာ္အရြယ္ရွိ ေဒၚဝိုင္းၾကည္ က ေရနံဝေနသည့္ ပီနံအိတ္ကို လက္ထဲဆုပ္ထားရင္း ေျပာၾကားသည္။

ေရနံအမ်ားဆံုးထြက္ၿပီး အလုပ္သမားႏွင့္ အလုပ္ရွင္အမ်ားဆံုးရွိေနေသာ ေပါက္ၿမိဳ႔နယ္အတြင္းရွိေရနံေမွာ္မ်ားကို တူးေဖာ္ေနသည္မွာ ႏွစ္အနည္းငယ္သာရွိေသးၿပီး ထပ္မံလည္းထြက္ရိွေနေၾကာင္း သိရသည္။ ေရနံလိႈင္လိႈင္ထြက္သည့္ေနရာမ်ားတြင္ အေျမာက္အျမား ရွာေဖြတူးေဖာ္မႈ မ်ားလည္း ရွိေနေၾကာင္း သိရသည္။ေရနံတြင္း တူးေဖာ္သည့္ ေနရာသည္ ပိုင္ရွင္ရွိပါက ေရနံတြင္းတူးရန္အတြက္ ပိုက္တစ္ေပါက္လွ်င္ က်ပ္ဆယ္သိန္း မွ က်ပ္သိန္းႏွစ္ဆယ္အထိ ေရနံထြက္ရွိမႈအေပၚမူတည္ၿပီး ေျမယာပိုင္ရွင္သို႔ ေပးေဆာင္ေနရေၾကာင္း လုပ္ငန္းရွင္မ်ားထံမွသိရွိရသည္။

ေရနံေမွာ္ထဲတြင္ ႏွစ္ေပါင္းမ်ားစြာစက္ေမာင္းဆရာအျဖစ္လုပ္ကိုင္ခဲ့ၿပီး လက္ရွိတြင္အနားယူထားေသာ စက္ဆရာတစ္ဦးက
“ ဒီေမွာ္ေတြကို က်န္တာမေျပာလိုဘူး။ ေရနံနဲ႔အတူထြက္လာတဲ့ ဂက္စ္ကို ေလထဲထုတ္ပစ္တာေတာ့ ႏွေျမာတယ္။ ဒီဂက္စ္ကို ေသခ်ာျပန္အသံုးခ်ၿပီး ေက်းရြာမီးလင္းေရးလုပ္ေနတာ ရွိတယ္။ အေလအလြင့္မျဖစ္ေအာင္ေတာ့ ေသခ်ာလုပ္ကိုင္ေစခ်င္တယ္။ ေနာက္ၿပီး ဂက္စ္ျဖစ္တဲ့အတြက္ အႏၱရာယ္ အရမ္းမ်ားတယ္။” ဟု ၄င္း၏အေတြ႔အႀကံဳကို ျပန္လည္ေျပာၾကားသည္။

သွ်င္ရဲထြဋ္(ကြင္းဆင္းေရးသားသည္)

ဓာတ္ပံု-သွ်င္ရဲထြဋ္

ရန်ကုန်၊ဒီဇင်ဘာ ၂၀၊၂၀၁၇

မကွေးတိုင်းဒေသကြီး မင်းလှ၊ ပေါက်နှင့်မြိုင်မြို့နယ်များတွင် လုပ်ကိုင်လျက်ရှိသော ရေနံတွင်းတိမ် တနိုင်တပိုင် လုပ်ငန်းများတွင် အစိုးရကသတ်မှတ်ထားသော အနက်ပေထက်ကျော်လွန်ကာ တူးဖော်နေကြောင်း စုံစမ်းသိရှိရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သတ်မှတ်ထားသည်မှာ တွင်းအနက်ပေ ၁၀၀၀ သာတူးဖော်ခွင့်ပြုထား သော်လည်း လုပ်ငန်းခွင်တွင် ပေ ၁၅၀၀ နှင့် ၁၈၀၀ကြားတူးဖော်နေကြောင်း လုပ်ကိုင်နေသူများက ပြောသည်။

“ သူတို့သတ်မှတ်ပေးတဲ့ ပေ အနက်မှာဆိုရင် ရွံ့ ပဲထွက်တယ်။ ဘာမှထွက်ဘာမှထွက်မလာဘူး။ ကျနော်တို့က ထောင့်ငါးရာနဲ့ ထောင့်ရှစ်ရာလောက် တူးတော့မှ အခုတူးနေတဲ့တွင်းက ရေနံထွက်တယ်။” ဟု မကွေးတိုင်းဒေသကြီး ၊ပေါက်မြို့နယ် လက်ပံတိုရေနံမှော်အတွင်း ရေနံတွင်းတိမ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး ပြောသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် တည်ရှိသော သပြေညိုရေနံမှော်( ဒေသအခေါ်)တွင် ရေနံတွင်းတူးဖော်နေသော တွင်းပေါင်းထောင်ချီရှိနေပြီး တွင်းအားလုံးသည်ပေ၁၅၀၀ကျော်တူးဖော်ရသည့်တွင်းများဖြစ်ကြောင်း သိရှိရသည်။

“ ရေနံတွင်းက ဒီတွင်းမှာ ပေ တစ်ထောင့်ခြောက်ရာမှာ ရေနံထွက်တယ်ဆို နောက်တစ်တွင်းလညး် ပေ ထောင့်ခြောက်ရာလောက်တူးရတယ်“ဟု တွင်းတိမ်လုပ်ငန်းရှင်မဟုတ်သော်လည်း နေ့စားဖြင့်လာရောက်လုပ် ကိုင်နေသည့် ရေနံတွင်းတူးဖော်နေသူတစ်ဦးက ပြောသည်။

ပေါက်မြို့နယ်အတွင်း ရေနံထွက်သည်ဆိုသည့် သပြေညိုမှော်အတွင်းတွင် ရေနံတူးသော အလုပ်သမားများ ထောင်ချီရှိနေပြီး အများစုမှာ မကွေးတိုင်းဒေသကြီး အတွင်းမှအလုပ်သမားအများစုုဖြစ်ကြောင်းလည်း မေးမြန်းချက်များအရသိရသည်။

ပေ ထောင့်ခြောက်ရာတွင် ရေနံထွက်သည်ဆိုသော တွင်းမှာ စက်များဖြင့်ထုတ်ယူစရာလိုဘဲ ပိုက်များသွယ်တန်းလိုက်ရုံဖြင့် ရေနံသိုလှောင်ကန်သို့သွယ်တန်းနိုင်သော ဒေသအခေါ် လျှံ တွင်းဟုခေါ်ရသည် အထိရေနံများထွက်ရှိနေခြင်း ဖြစ်သည်။
လျှံတွင်းများ တူးဖော်ပါက ရေနံတင်မကဘဲ မြေအောက်၌ရှိနေသော ဂက်စ်များပင်ထွက်ပေါ်လာတတ်ကြောင်း တူးဖော်သူများက ပြောသည်။ ယင်း ဂက်စ်များကိုမူ လေထဲသို့ပိုက်ဖြင့်ထုတ်လွှတ်ကြောင်းလည်း သိရသည်။

“ မကွေးတိုင်းထဲက ရေနံထွက်တဲ့ ပေါက်၊ မြိုင်၊ မင်းလှ ၊သရက် ၊ပခုက္ကူ မြို့နယ်တွေထဲက ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့လွှတ်တော်မှာ ဆွေးနွေးကြတယ်။ အခုခွင့်ပြုထားတာက ပေ တစ်ထောင်တူးအထိပဲ တူးဖော်ဖို့ခွင့်ပြုထားတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ပေ နှစ်ထောင်အထိခွင့်ပြုပေးဖို့ဆွေးနွေးတယ်။ လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်တော့ ရှုံးတယ်။ ပေ တစ်ထောင်ပဲ တူးဖော်ဖို့ ဥပေဒေ ထွက်လာမယ်ပေါ့။ ဝန်ကြီးဌာနဘက်ကလည်း ဆွေးနွေးတာက ပေ တစ်ထောင်အထက် တူးဖော်ခွင့်မပေးနိုင်ဘူးပေါ့။ ပေတစ်ထောင်အထက် တူးရင် ရေနံသိုက် တွေပျက်သွားနိုင်တယ်ဆိုပြီးတော့ပေါ့။ ဒီရေနံတွင်းတိမ် ဥပေဒ ထွက်လာရင်တော့ အခုတူးနေတဲ့တွင်းတွေ အကုန်ရပ်သွားမှာပေါ့။ ဒါပေမယ့် အသက်ဝင်ဖို့တော့လိုတာပေါ့။” ဟု ရေနံတွင်းတိမ် ဥပဒေအကြောင်း ဆွေးနွေးခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း က ပြောသည်။

ယင်းဥပဒေအသက်ဝင်ပြီး ရေနံတွင်းတိမ်လုပ်ငန်းများကို ပေတစ်ထောင်သာခွင့်ပြုခဲ့ပါက လက်ရှိတူးဖော်နေ သောတွင်းများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ ရေနံတွင်းတိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် တစ်နေ့တစ်သောင်းခန့် ရရှိနေကြောင်းလည်း သိရှိရသည်။ ထို့အပြင် ရေနံမှော်အတွင်း လုပ်ကိုင်နေသူများကို မှီခို၍ ထမင်းဆိုင် ၊စားသောက်ဆိုင် ၊ လက်ဖက်ရည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်များလည်း များစွာရှိနေသည်။ မှော်ထဲတွင် ထမင်းဆိုင်ဖွင့်နေသူ တစ်ဦးပြောပြချက်အချက် တစ်ရက်ရောင်းအားသည် သိန်းချီ အထိရှိကြောင်းသိရှိရသည်။

ရေနံထွက်ရှိမှုကြောင့် ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သော လက်ပံတိုကျေးရွာအနီးအနား ပတ်ဝန်ကျင်သည် ရေနံသယ်ကားများထံမှ အခွန်ကဲ့သို့ ငွေကြေးကောက်ယူခဲ့သဖြင့် ကျေးရွာဖွံ့ဖြိုးရေး ၊မီလင်းရေး စာကြည့်တိုက် တည်ဆောက်ခွင့်များ ရရှိရေးအတွက် များစွာအထောက် အကူပြုခဲ့ကြောင်း လက်ပံတိုကျေးရွာဖွံ့ဖြိုးရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။

“ တူးတာတော့ တူးဖော်နေကြတာပဲ။ တွင်းတိမ်လုပ်ငန်းအကြောင်းကတော့ သိနေတာပဲ။ ဒါပေမယ့် မပြောချင်ဘူး။ အစိုးရဘက်ကလည်း လုပ်ရကိုင်ရ ကြပ်မယ့်အနေအထားဖြစ်နေတယ်။ တဖက်ကလည်း အလုပ်အကိုင် အခွင့်အလမ်း မပေးနိုင်ဘူး။ နောက်ပြီး အစိုးရအဖွဲ့ကလည်း ဒီတွင်းတွေကနေ ဘတ်ဂျက်ပိုရနေ တယ်လို့သိရတယ်။ တော်တော် စဉ်စားရမယ့် ကိစ္စတစ်ခုဖြစ်နေတယ်။” ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်၊မဲဆန္ဒနယ် ၂ မှ ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးတွင် တွင်းတိမ်ရေနံတွင်းများမှ ယခင်နှစ်ကထက် အခွန်ငွေများပိုမိုရရှိခဲကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ထားသည်။

“ အစတုန်းကတော့ မိရိုးဖလာ လယ်ယာမြေပဲလုပ်တာပေါ့။ အရှုံးပေါ်တော့ စီးပွားပျက်သွားတယ်။ ဒီရေနံတွေ အလုပ်ကောင်းတယ်ဆိုတော့ ဘေးနားက ဖိတ်တဲ့ ရေနံတွေကို စု ပြီး ပြန်သွင်းတဲ့ တာလေး လုပ်နေတာပေါ့။ လယ်တွေလည်း မရှိတော့ဘူးလေ။ ဒီအလုပ်က တရက် ခြောက်ထောင် ခုနှစ်ထောင်လောက်တော့ရပါတယ်။” ဟု ရေနံတွင်းတိမ် လုပ်ငန်းကို မှီခိုပြီး လျှံကျနေသော ဘေးထွက်သည့် ရေနံများကို အဝတ်စုတ်ဖြင့်ခတ်ယူကာ ပြန်လည်ရောင်းချသည့် အလုပ်ကို လုပ်ကိုင်နေသည့် မင်းလှမြို့နယ်တွင်နေထိုင်သော အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်ဝိုင်းကြည် က ရေနံဝနေသည့် ပီနံအိတ်ကို လက်ထဲဆုပ်ထားရင်း ပြောကြားသည်။

ရေနံအများဆုံးထွက်ပြီး အလုပ်သမားနှင့် အလုပ်ရှင်အများဆုံးရှိနေသော ပေါက်မြို့နယ်အတွင်းရှိရေနံမှော်များကို တူးဖော်နေသည်မှာ နှစ်အနည်းငယ်သာရှိသေးပြီး ထပ်မံလည်းထွက်ရှိနေကြောင်း သိရသည်။ ရေနံလှိုင်လှိုင်ထွက်သည့်နေရာများတွင် အမြောက်အမြား ရှာဖွေတူးဖော်မှု များလည်း ရှိနေကြောင်း သိရသည်။ရေနံတွင်း တူးဖော်သည့် နေရာသည် ပိုင်ရှင်ရှိပါက ရေနံတွင်းတူးရန်အတွက် ပိုက်တစ်ပေါက်လျှင် ကျပ်ဆယ်သိန်း မှ ကျပ်သိန်းနှစ်ဆယ်အထိ ရေနံထွက်ရှိမှုအပေါ်မူတည်ပြီး မြေယာပိုင်ရှင်သို့ ပေးဆောင်နေရကြောင်း လုပ်ငန်းရှင်များထံမှသိရှိရသည်။

ရေနံမှော်ထဲတွင် နှစ်ပေါင်းများစွာစက်မောင်းဆရာအဖြစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်အနားယူထားသော စက်ဆရာတစ်ဦးက
“ ဒီမှော်တွေကို ကျန်တာမပြောလိုဘူး။ ရေနံနဲ့အတူထွက်လာတဲ့ ဂက်စ်ကို လေထဲထုတ်ပစ်တာတော့ နှမြောတယ်။ ဒီဂက်စ်ကို သေချာပြန်အသုံးချပြီး ကျေးရွာမီးလင်းရေးလုပ်နေတာ ရှိတယ်။ အလေအလွင့်မဖြစ်အောင်တော့ သေချာလုပ်ကိုင်စေချင်တယ်။ နောက်ပြီး ဂက်စ်ဖြစ်တဲ့အတွက် အန္တရာယ် အရမ်းများတယ်။” ဟု ၄င်း၏အတွေ့အကြုံကို ပြန်လည်ပြောကြားသည်။

သျှင်ရဲထွဋ်(ကွင်းဆင်းရေးသားသည်)

ဓာတ်ပုံ-သျှင်ရဲထွဋ်

Leave a Reply