မ​လေးရှားနိုင်​ငံတွင်​ ဖမ်းဆီးရမိ​သောမူးယစ်​​ဆေးဝါးအမှုမှ ဖမ်းမိသူ သုံးဦးအား တတိယအကြိမ်​ရုံးထုတ်

0
129

ဇူလိုင်​ ၂၆
သော်​လင်းထက်

မ​လေးရှားနိုင်ငံတွင်​ဖမ်းမိ​သော မူးယစ်​​ဆေးဝါးအမှုမှ ဖမ်းမိသူ သုံးဦးအား ယ​နေ့ ​နေလည်​ပိုင်းက ရန်​ကုန်​ အ​နောက်​ပိုင်းခရိုင်​တရားတွင်​ ​ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ တရားခံ​ပြေးအမှုဖြင့်​တရားဆွဲဆိုခံထားရသူ ဟူစိန်​(ခ)မိုဟာမက်​ဟူစိန်​အား ဖမ်းဝရမ်းအတည်​ပြုရန်​အတွက်​ ဒုရဲမှူး​ဇော်​မင်းထွန်းအားစစ်​​ဆေးခဲ့သည်။

“တတိယအကြိမ်​​မြောက်​ရုံးချိန်းမှာ ဟူစိန်​(ခ)မိုဟာမက်​ဟူစိန်​ကိုဖမ်းဝမ်းအတည်​ပြုဖို့အတွက်​ ဒုရဲအုပ်​​ဇော်​မင်းထွန်းကိုသွင်းတယ်​။လာမယ့်​ရုံးချိန်​မှာ တရားခံ​ပြေးမှုကိုအတည်​ပြုပြီး တရားခံ​ပြေးအဖြစ်​ကြေညာပြီး အမှုကြီးဖြစ်​တဲ့ ၈၄/၂၀၁၈ကိုစစ်​​မယ်​”ဟုတရာလွှတ်​​တော်​​ရှေ့​နေ ဦးသန်း​အောင်​က​ပြောသည်​။

မ​လေးရှားနိုင်​ငံ​တွင်​ဖမ်းမိ​သော မူးယစ်​​ဆေးဝါးများနှင့်​ပတ်​သက်​၍ မြန်​မာနိုင်​ငံရဲတပ်​ဖွဲ့က ကွင်​ဆက်​တရားခံများအား ရှာ​ဖွေရာ ဇွန်​ ၂ ရက်​တွင်​ မင်းနိုင်​အားဖမ်းဆီးမိခဲ့ပြီး ၄င်း၏ထုတ်​​ဖော်​ချက်​အရ​မောင်​​မောင်​(ခ) ဟာဂျီယက်​ဆင်​အားသိရှိခဲ့ရပြီး ဇွန်​ ၅ရက်​တွင်​ မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်​။ယင်းအပြင်​ ဇေယျာဟိန်းအား နိုင်ငံကူးလက်မှတ် သက်တမ်း တိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန်လ(၉)ရက်နေ့တွင်​ဖမ်းဆီးမိခဲ့ခြင်းဖြစ်​​​ကြောင်း ဇွန်​၁၉ ပြည်​ထဲ​ရေးဝန်​ကြီးဌာနကထုတ်​ပြန်​ထားသည်​။

ဟာဂျီယက်​ဆင်​ပါ ၃ဦးအား ပုဒ်​မ ၂၀(ခ)၊၂၂(က) (မှုယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေတတ်​​သောအမှု)အဖြင့်​တရားစွဲဆိုထားသည်​။

အဆိုပါအမှုအတွက်​ရုံးချိန်းကို ​သြဂုတ်​လ ၈ ရက်​သို့ပြန်​လည်​ချိန်းဆိုခဲ့ပြီး မှင်​နီသက်​​သေနှစ်​ဦးကိုစစ်​​ဆေးသွားမည်​ဖြစ်​သည်​။

Leave a Reply