ရင်းနှီးမြှုပ်​နှံရာတွင်​ လုပ်​ထုံးလုပ်​နည်းနှင့်​ကုန်​ကျစရိတ်​များကြိုတင်​သိရှိနိုင်​သည့်​ အစီရင်​ခံစာထွက်​ရှိ

0
200

ဇူလိုင်​ ၂၈
ဝေ​ဝေဖြိုး

ပြည်​တွင်း ၊ပြည်​ပလုပ်​ငန်းရှင်​များ ရင်းနှီးမြှုပ်​နှံမှုပြုလုပ်​ရာတွင်​ လုပ်​ထုံးလုပ်​နည်းနှင့်​ ကုန်​ကျစရိတ်​များအား ကြိုတင်​သိရှိနိုင်​ရန်​အတွက်​ ဆာ​ဗေးများပြုလုပ်​ခဲ့ရာ
ယင်းသု​တေသန​တွေ့ရှိချက်​ အစီရင်​ခံစာCost of Doing Business in Myanmar (Survey Report 2018)ကို ဇူလိုင် ၂၆ ရက်ကထုတ်​ပြန်​ခဲ့သည်​။

နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု​များ လာ​ရောက်​ရာတွင်​ ဌာနများ၏ လုပ်​ထုံးလုပ်​နည်းနှင့်​ရင်းနှီးမြှုပ်​နှံမှုကုန်​ကျစရိတ်​များကို ကြိုတင်​ခန့်​မှန်းရန်​ မလွယ်ကူ​သော​ကြောင့်​ ရှင်းလင်းစွာ သိရှိနိုင်​ရန်​အတွက်​ ယင်းကဲ့သို့ သု​တေသနများပြုလုပ်​ခဲ့ခြင်းဖြစ်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူး ဦး​ကျော်​ဝင်းထွန်းက​ပြောသည်​။

“နို​င်​ငံတနိုင်​ငံအဓိက စီးပွား​ရေး ဖွံ့ဖြိုးတိုးတက်​ဖို့က
မြန်​မာနိုင်​ငံမှာဆို ကုန်​ထုတ်​လုပ်​မှု​ပေါ့ ။ပစ္စည်းထုတ်​ကုန်​​တွေကို များများထုတ်​ပြီး ပြည်​ပကိုတင်​ပို့ပြီး​တော့
တိုင်းပြည်​ဝင်​​ငွေ တိုးတက်​​အောင်​လုပ်​မှသာ တိုင်းပြည်​စီးပွား​ရေးကို အ​ထောက်​ကူပြုမှာပါ။ ဒီစာအုပ်​မှာက
ရင်းနှီးမြှုပ်​နှံတဲ့လုပ်​ငန်း​တွေ ကုမ္ပဏီ​တွေ စီးပွား​ရေးလုပ်​ငန်း​တွေ ပါဝင်​တာဖြစ်​တဲ့တွက်​ အတိုင်းအတာတခုထိ ​ထောက်​ပံ့​ပေးနိုင်​မယ်​လို့ ယုံကြည်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

၂၀၁၇ ခုနှစ်​ ​မေလက ယင်းသု​တေသန အစီရင်​ခံစာကိုပထမအကြိမ်​ထုတ်​​ဝေခဲ့ပြီး ရင်းနှီးမြှုပ်​နှံမှုအများဆုံးဝင်​​ရောက်​သည့်​ ရန်​ကုန်​ ၊မန္တ​လေး ၊ပဲခူး ၊ ​တောင်​ကြီးနှင့်​ သီလဝါ စသဖြင့်​ ပြည်​နယ်​နှင့်​တိုင်း ၅ ခုကိုသာ စစ်​တမ်း​ကောက်​ယူနိုင်​ခဲ့ပြီး ယခုနှစ်​တွင်​ ​နေပြည်​​တော်​​ကောင်​စီနယ်​​မြေအပါအဝင်​ပြည်​နယ်​နှင့်​တိုင်း ၁၅ ခုရှိ အစိုးရဌာနများ ၊ ပုဂ္ဂလိကလုပ်​ငန်းရှင်​များ ၊အသင်းအဖွဲ့များ ၊ စက်​မှုဇုန်​များနှင့်​စီးပွား​ရေးဇုန်​များကို စစ်​တမ်း​ကောက်​ယူခဲ့ခြင်းဖြစ်​သည်​ဟုဆိုသည်​။

ယင်းအစီရင်​ခံစာထဲတွင်​ ရင်းနှီးမြှုပ်​နှံသူများအ​နေဖြင့်​ စီးပွား​ရေးလုပ်​ကိုင်​မည်​ဆိုပါက ​မြေငှားရန်းခ​​များ၊
မန်​​နေဂျာရာထူးမှစ၍ အဆင့်​လိုက်​လုပ်​ခလစာ​များ ၊
အွန်​လိုင်းဖြင့်​ကုမ္ပဏီမှတ်​ပုံတင်​ခြင်းကိစ္စ​များ ၊ ရင်းနှီးမြှုပ်​နှံမှုဥပ​ဒေနှင့်​ပတ်​သက်​သည့်​ လုပ်​ထုံးလုပ်​နည်း​များ၊
စီးပွား​ရေးလုပ်ကိုင်​လျှင်​ အဓိကကြုံ​တွေ့ရမည့်
အခွန်​စနစ်​​များ ၊ ​ထောက်​ပံ့သယ်​ယူပို့​ဆောင်​​ရေး
အ​ကြောင်း​များ ၊​ငွေ​ကြေးကဏ္ဍ​များ ၊ အာမခံ​အကြောင်း​များ ၊သီလဝါအထူးစီးပွား​ရေးဇုန်​​နှင့်​ပတ်​သက်​သည့်​ သတင်းအချက်​လက်​အကြောင်း​များပါဝင်​သည်​ဟုဆိုသည်​။

“အခြားနိုင်​ငံ​တွေရဲ့ cost of doing business စာအုပ်​​တွေကို ​လေ့လာကြည့်​တဲ့အခါမှာ cost ​တွေကိုပဲ​ရေးထားတယ်​။ ဒါ​ပေမယ့်​ မြန်​မာပြည်​မှာက ကျွန်​​တော့်
အ​တွေ့အကြုံအရ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေရဲ့ အခက်​ခဲက လုပ်​ထုံးလုပ်​နည်း​တွေ ရှင်းလင်းဖို့လိုတယ်​။ အဲ့တာ​ကြောင့်​ လုပ်​ထုံလုပ်​နည်း​ရော ကုန်​ကျစရိတ်​​တွေကို​ရော ဆာ​ဗေး​ကောက်​တာပါ။ ဌာန​တွေရဲ့ ကုန်​ကျစရိတ်​က​တော့များ​သောအားဖြင့် သိပ်​​ပြီးပြောင်း​လေ့​ပြောင်းထ မရှိဘူး။ ဥပမာ ​မြေငှားရမ်းခလိုဟာမျိုးကျ​တော့ ​ဈေးကွက်​အ​ခြေ​နေကိုကြည့်ပြီး​တော့ စီးပွားရးသ​ဘော အရ demand ၊supply ​ပေါ့ ယူချင်​တဲ့သူများရင်​ ​ဈေးတက်​လာမယ်​ ။ဒါမျိုး​တွေ​တော့ အနည်းအပါး​လောက်​​တော့ရှိမယ်​။”ဟု ဦး​ကျော်​ဝင်းထွန်းက​ပြောသည်​။

ယင်းဆာ​ဗေးကို Myanmar Survey Research
(MSR )နှင့်​ ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနတို့ ပူး​ပေါင်း​၍ ဧပြီလက စတင်​​ကောက်​ယူခဲ့ခြင်းဖြစ်​ပြီး စီးပွား​ရေးလုပ်​ကိုင်​ရာတွင်​ မဖြစ်​မ​နေ အသုံးပြုရမည့်​ သတင်းအချက်​အလက်​များ ပါဝင်​သည်​ဟုဆိုသည်​။

“ကျွန်​​တော်​တို့ နိုင်​ငံကိုလာမယ့်​ ရင်းနှီးမြှုပ်​နှံသူ​တွေကို ဘယ်​လို အ​ထောက်​အကူပြုနိုင်​မလဲဆိုတာကို ရည်​ရွယ်​ပြီး အတက်​နိုင်​ဆုံးစုစည်းထားတာပါ။ ဒီစာအုပ်​ကို
ကြည့်​ခြင်းအားဖြင့်​ တော်​​တောများများလုပ်​မယ်​ဟာ​တွေ သူတို့အ​ထောက်​ကူရမယ်​လို့ယုံကြည်​ပါတယ်​။ဒီစာအုပ်​က နှစ်​စဉ်​ Update လုပ်​ဖို့ရှိ​ပေးမယ့်​လဲ တစ်​နိုင်​ငံလုံးအတွက်​ကို ကာဗာဖြစ်​တဲ့အတွက်​ အ​ခြေ​နေ အရမ်းထူးသွားရင်​​တော့ ထပ်​ပြီး ဆာ​ဗေးလုပ်​ဖို့ရှိပါတယ်​။”ဟု ၎င်းက​ပြောသည်​။

ထိုသု​တေသနအစီရင်​ခံစာကို မြန်​မာနိုင်​ငံသားလုပ်​ငန်းရှင်​များ၊နိုင်​ငံခြားသား ရင်းနှီးမြှုပ်​နှံသူ​များ ၊စီးပွား​ရေး
လုပ်​ငန်း​များအားလုံး အသုံးပြုနိုင်​​အောင်​ DICAရုံး၏ တရားဝင်​ဝက်​ဆိုဒ်​တွင်​ အင်္ဂလိပ်​ဘာသာဖြင့်​ယ​နေ့ လွှင်​တင်​​ပေးသွားမည်​ဟုဆိုသည်​။

Leave a Reply