အမ်ိဳးသားေရးတက္ႂကြလွဳပ္ရွားသည့္ အဖမ္းဆီးခံသံဃာမ်ားကို ယခုလ ၂၇ရက္ေန႔တြင္ အၿပီးသတ္အမိန္႔ခ်သြားမည္

0
166

မႏၱေလး၊ဒီဇင္ဘာ ၂၀၊၂၀၁၇

မႏၲေလးၿမိဳ႕ ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကြ်န္းလံုးဥေသွ်ာင္ရပ္ကြက္ ၊သာသနာ ၂၅၀၀ ဗိမၼာန္တြင္ အစိုးရကို ဆန္႔က်င္သည့္ သပိတ္စခန္းဖြင့္ခဲ့ေသာ အဖမ္းဆီးခံ သံဃာမ်ားကို ေနာက္တစ္ပတ္ရံုးခ်ိန္း (ဒီဇင္ဘာလ ၂၇ ရက္ေန႔) ၌ အၿပီးသတ္အမိန္႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၂၀) ရက္ေန႔တြင္ ဖမ္းဆီးခံရသည့္ သံဃာ (၆) ပါးကို ရံုးထုတ္စစ္ေဆးခဲ့ၿပီး ေရွ႕ေနမ်ားက အၿပီးသတ္ေလွ်ာက္လဲခ်က္
တင္ခဲ့သည္။

“သူတို႔စြဲဆိုတဲ့ သက္ေသခံခ်က္ေတြအရ ကြ်န္ေတာ့အမႈသည္ေတြက ေကာင္မြန္တဲ့ အစိုးရတစ္ရပ္ကို လိုခ်င္တယ္လို႔ ေျပာတယ္ ။ ဒီမဲေပးလိုက္လို႔အစိုးရအေနနဲ႔ ပိုၿပီးေကာင္းမြန္တဲ့အစိုးရကို ဖန္တီးေပးပါ ။ မဖန္တီးေပးဘူးဆိုရင္ လာမယ့္ေရြးေကာက္ပြဲမွာ မင္းတို႔ေတြအတြက္ မဲမရွိဘူးလို႔ သတိေပးခ်င္လို႔ ဒီလိုလုပ္တာလို႔ ကြ်န္ေတာ္ေလွ်ာက္လဲခ်က္ ေပးခဲ့တယ္ ။” ဟုသံဃာေတာ္ေတြဘက္မွေရွ႕ေနလိုက္ပါေဆာင္ရြက္ေပးသူ အထက္တန္းေရွ႕ေန ကိုေအာင္ရဲစိုးက ေျပာသည္။

သံဃာေတာ္မ်ားအမႈႏွင့္ ပတ္သက္ၿပီး တရားခံျပသက္ေသတင္သြင္းျခင္း မရွိသျဖင့္ အမႈကိုအျမန္ဆံုးအၿပီးသတ္ျခင္းျဖစ္ေၾကာင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္၊တရားရံုးျပန္ၾကားေရးအရာရွိ ဦးေက်ာ္စြာလင္းက ေျပာသည္။

သံဃာေတာ္မ်ားႏွင့္အတူ ဖမ္းဆီးခံရသည့္ ကိုေက်ာ္မ်ိဳးေရႊမွာ အာမခံရရွိေရး ေဆာင္ရြက္ေနသည့္အတြက္ အမႈမွာၾကန္႔ၾကာေနကာ ဒီဇင္ဘာလ (၂၀) ရက္ရံုးခ်ိန္းတြင္တရားခံျပသက္ေသ တစ္ဦးကိုသာ စစ္ေဆးေၾကာင္း သိရသည္။

သပိတ္စခန္းတြင္ပါဝင္သည့္ သံဃာ (၈) ပါးကို မႏၲေလးခ႐ိုင္ သာသနာေရး ဦးစီး႒ာနက ၅၀၅(ခ) ျဖင့္ တရားစြဲဆိုခဲ့ရာ သံဃာ(၆) ပါးကိုသာ ဖမ္းဆီးရမိထားၿပီး ၃ ပါးကို ဝရမ္းထုတ္ထားေၾကာင္းသိရသည္ ။ ထို႔အျပင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး႒ာနက တရားလိုျပဳလုပ္ၿပီး သပိတ္စခန္း၌ ပါဝင္သည့္ လူပုဂၢိဳလ္ (၅) ဦးကို တရားစြဲဆိုခဲ့ကာ (၄) ဦးမွာ လြတ္ေျမာက္ေနေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၀၊၂၀၁၇

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၊သာသနာ ၂၅၀၀ ဗိမ္မာန်တွင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သော အဖမ်းဆီးခံ သံဃာများကို နောက်တစ်ပတ်ရုံးချိန်း (ဒီဇင်ဘာလ ၂၇ ရက်နေ့) ၌ အပြီးသတ်အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ဖမ်းဆီးခံရသည့် သံဃာ (၆) ပါးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ရှေ့နေများက အပြီးသတ်လျှောက်လဲချက် 
တင်ခဲ့သည်။

“သူတို့စွဲဆိုတဲ့ သက်သေခံချက်တွေအရ ကျွန်တော့အမှုသည်တွေက ကောင်မွန်တဲ့ အစိုးရတစ်ရပ်ကို လိုချင်တယ်လို့ ပြောတယ် ။ ဒီမဲပေးလိုက်လို့အစိုးရအနေနဲ့ ပိုပြီးကောင်းမွန်တဲ့အစိုးရကို ဖန်တီးပေးပါ ။ မဖန်တီးပေးဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ မင်းတို့တွေအတွက် မဲမရှိဘူးလို့ သတိပေးချင်လို့ ဒီလိုလုပ်တာလို့ ကျွန်တော်လျှောက်လဲချက် ပေးခဲ့တယ် ။” ဟုသံဃာတော်တွေဘက်မှရှေ့နေလိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ကိုအောင်ရဲစိုးက ပြောသည်။

သံဃာတော်များအမှုနှင့် ပတ်သက်ပြီး တရားခံပြသက်သေတင်သွင်းခြင်း မရှိသဖြင့် အမှုကိုအမြန်ဆုံးအပြီးသတ်ခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ်၊တရားရုံးပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။

သံဃာတော်များနှင့်အတူ ဖမ်းဆီးခံရသည့် ကိုကျော်မျိုးရွှေမှာ အာမခံရရှိရေး ဆောင်ရွက်နေသည့်အတွက် အမှုမှာကြန့်ကြာနေကာ ဒီဇင်ဘာလ (၂၀) ရက်ရုံးချိန်းတွင်တရားခံပြသက်သေ တစ်ဦးကိုသာ စစ်ဆေးကြောင်း သိရသည်။

သပိတ်စခန်းတွင်ပါဝင်သည့် သံဃာ (၈) ပါးကို မန္တလေးခရိုင် သာသနာရေး ဦးစီးဋ္ဌာနက ၅၀၅(ခ) ဖြင့် တရားစွဲဆိုခဲ့ရာ သံဃာ(၆) ပါးကိုသာ ဖမ်းဆီးရမိထားပြီး ၃ ပါးကို ဝရမ်းထုတ်ထားကြောင်းသိရသည် ။ ထို့အပြင် ချမ်းမြသာစည်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြုလုပ်ပြီး သပိတ်စခန်း၌ ပါဝင်သည့် လူပုဂ္ဂိုလ် (၅) ဦးကို တရားစွဲဆိုခဲ့ကာ (၄) ဦးမှာ လွတ်မြောက်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply