စစ္ေတြတြင္ သတင္းသမားတစ္ဦး ဓားထိုးခံရ

0
147

ရန္ကုန္၊ဒီဇင္ဘာ ၂၀၊၂၀၁၇

ဒီဗီိြဘီသတင္းဌာနတြင္ ေက်ာ္လင္း (ေရာင္စံု) ကေလာင္အမည္ျဖင့္ေရးသားေနေသာ ျပင္ပေဆာင္းပါးရွင္ ကိုေက်ာ္လင္းအား အမည္မသိသူ ဆိုင္ကယ္သမားႏွစ္ဦးက ယေန႔ ေန႔လည္ ၁၂ အခ်ိန္ခန္႔က ဓားျဖင့္ထိုးခဲ့မႈျဖစ္ပြားခဲ့ေၾကာင္း စံုစမ္းသိရွိရသည္။

ဓားျဖင့္အထိုးခံရသူ ကိုေက်ာ္လင္းမွာ စစ္ေတြၿမိဳ႕ မင္းဂံရပ္ကြက္ရွိ ၄င္းေနအိမ္မွ ၿမိဳ႕တြင္းသို႔လာစဥ္ အေဝးေျပးကားဂိတ္အနီး ေဝသာလီရင္ျပင္ေရွ႕တြင္ အမည္မသိသူ ဆိုင္ကယ္သမားႏွစ္ဦးက ဓားျဖင့္ထိုးကာ ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။

” ကိုေက်ာ္လင္း ဓားထိုးခံရတယ္ဆိုတာမွန္ပါတယ္။ သူက ဒီဗီြဘီသတင္းဌာနမွာ ျပင္ပေဆာင္းပါးရွင္ အျဖစ္ ေဆာင္းပါးေတြပို႔ပါတယ္။ ဒီဗီြဘီသတင္းဌာနရဲ႕ ဝန္ထမ္းေတာ့ မဟုတ္ပါဘူး။ ေလာေလာဆယ္ က်ေနာ္တို႔ဆီက ရခိုင္ျပည္နယ္ သတင္းေထာက္ေတြ ဒီကိစၥကို လိုက္လံစံုစမ္းေနပါတယ္” ဟု ဒီဗီြဘီသတင္းဌာနမွ အယ္ဒီတာတစ္ဦးက ပဥၥမလႈိင္းမီဒီယာ၏ ဆက္သြယ္ေမးျမန္းမႈကို အတည္ျပဳျပန္လည္ေျဖၾကားသည္။

ကိုေက်ာ္လင္းသည္ ေမာ္ေတာ္ဆိုင္ကယ္ေနာက္တြင္ ထိုင္၍လိုက္လာစဥ္ ဓားထိုးခံရျခင္းျဖစ္ၿပီး လက္ရွိတြင္ စစ္ေတြၿမိဳ႕ျပည္သူ႕ေဆးရံု၌ အေရးေပၚလူနာအျဖစ္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္းလည္း သိရသည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ဒီဇင်ဘာ ၂၀၊၂၀၁၇

ဒီဗီိွဘီသတင်းဌာနတွင် ကျော်လင်း (ရောင်စုံ) ကလောင်အမည်ဖြင့်ရေးသားနေသော ပြင်ပဆောင်းပါးရှင် ကိုကျော်လင်းအား အမည်မသိသူ ဆိုင်ကယ်သမားနှစ်ဦးက ယနေ့ နေ့လည် ၁၂ အချိန်ခန့်က ဓားဖြင့်ထိုးခဲ့မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဓားဖြင့်အထိုးခံရသူ ကိုကျော်လင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ၄င်းနေအိမ်မှ မြို့တွင်းသို့လာစဉ် အဝေးပြေးကားဂိတ်အနီး ဝေသာလီရင်ပြင်ရှေ့တွင် အမည်မသိသူ ဆိုင်ကယ်သမားနှစ်ဦးက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

” ကိုကျော်လင်း ဓားထိုးခံရတယ်ဆိုတာမှန်ပါတယ်။ သူက ဒီဗွီဘီသတင်းဌာနမှာ ပြင်ပဆောင်းပါးရှင် အဖြစ် ဆောင်းပါးတွေပို့ပါတယ်။ ဒီဗွီဘီသတင်းဌာနရဲ့ ဝန်ထမ်းတော့ မဟုတ်ပါဘူး။ လောလောဆယ် ကျနော်တို့ဆီက ရခိုင်ပြည်နယ် သတင်းထောက်တွေ ဒီကိစ္စကို လိုက်လံစုံစမ်းနေပါတယ်” ဟု ဒီဗွီဘီသတင်းဌာနမှ အယ်ဒီတာတစ်ဦးက ပဥ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြုပြန်လည်ဖြေကြားသည်။

ကိုကျော်လင်းသည် မော်တော်ဆိုင်ကယ်နောက်တွင် ထိုင်၍လိုက်လာစဉ် ဓားထိုးခံရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့ပြည်သူ့ဆေးရုံ၌ အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply