မီးနူးအသစ် အရသာအသစ်တွေနဲ့……Native Kitchen Bar&Restaurant

0
128

EAT ME

ဆိုင်ဒိုင်း ဆိုင်ဒိုင်းမှာ ဘာတဲ့ ဆိုင်ဒိုင်း ဆိုင်ဒိုင်းမှာ 🤓ဒီဇိုင်းကာလာ ဘာညာအနေအထားရှိတယ်ဆိုရင် ဒီဆိုင်ရဲ့ ဒီဇိုင်းကာလာ အရသာကလည်း မိုက်တယ်လို့ပြောပါရစေ။

ဆိုင်အများစုမှာမြင်နေကြ ကြက်ချိုချဉ် ဝက်ကုန်းဘောင်တွေမဟုတ်ပဲ စားချင်စဖွယ် မီနူးးအသစ်ကို Native Kitchenမှာ ထိတွေ့ခွင့်ရမှာပါ။

အထူးသဖြင့် မြန်မာထမင်းဟင်းကိုပဲ ထမင်းဆိုင်တွေမှာစားရတာနဲ့လည်းမတူတဲ့ ဟင်းပွဲတွေကိုဒီဆိုင်ရဲ့မီနူးမှာတွေ့ရတယ်။မီနူးကိုကြည့်ရင်း ဦးနှောက်အတော်အလုပ်ရှုပ်သွားတယ်။စားချင်တာတွေများပြီး ရွေးချယ်ရခက်လို့။

မရမ်းပြားငါးခူချက်လို နံရိုးပေါင်းချဉ်စော်ကားသီးလိုဟင်းပွဲတွေအပြင် သုံးထပ်သားဂျင်းသုပ် စကားပုံသုပ်လို မြင်နေကြအရာတွေကို ရိုးရာဆန်ဆန်ပေါင်းစပ်ထားတဲ့ ဟင်းပွဲတွေကို မြင်တော့ မီနူးကိုတောင်ကောက်ဝါးရမလို။

ဒါ့အပြင် မှိုငပိထမင်းထောင်း ငါးသလောက်ဥထမင်းသုပ်လိုတွေပါမြင်တော့ မရတော့ဘူး အရမ်းကိုဂေါ်သွားပြီ။

ဆိုင်မှာအစားအများဆုံးတွေကို မှာစားခဲ့တယ်။ဒါတွေက ဆိတ်ပုဆိုးကြမ်းတောချက်၊ ပုရစ်ခြောက်စပ်၊ အာလူးထောင်း အရသာအကုန်တော့ ကောင်းတယ်။ ဒါကြောင့်ဒီဆိုင်ရဲ့ အစားအများဆုံးဟင်းလျာတွေဖြစ်နေတာနေမှာ။

ဖြစ်နိုင်ရင်မီနူးထဲရှိသမျှစားချင်သော်လည်း နှစ်ယောက်ထဲဆိုတော့ ဒီလောက်ပဲစားနိုင်ခဲ့တာ။

စနေ တနင်္ဂနွေလို ပိတ်ရက်တွေမှာ ဝက်သားဒုတ်ထိုး လည်းရသေး ။အပြင်ဖက်မှာခြင်းနဲ့ထိုင်စား လို့ရတဲ့နေရာကျယ်ကျယ်လှလှလေးလည်းရှိတယ်။

ဆိုင်ရှေ့လေးမှာဘားပုံဆိုင်လေးလည်းရှိတာမို့ ဆေးလိပ်သောက်ရင်းထိုင်ဖို့လည်း အဆင်ပြေတယ်။

ဆိုင်အပြင်အဆင်ကတော့ ရိုးရှင်းပြီး မျက်စိအေးတယ်။မိသားစု၊သူငယ်ချင်း၊စုံတွဲ၊တကိုယ်တည်းအားလုံးအတွက် သင့်တော်တဲ့ ဆိုင်အပြင်အဆင်နဲ့ ရိုးရာဆန်တယ်။အပေါ်မှာလည်း သီးသန့်ခန်းလေးတွေရှိသေးတယ်။ (ဆိုင်အပြင်ပုံတော့မနေ့ကမိုးရွာတာနဲ့ မရိုက်နိုင်ခဲ့)။

ဘယ်နေရာမှာလဲဆိုတော့ သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်က the one entertainment parkဝင်ပေါက်မျက်နှာချင်းဆိုင်ပဲ။ဒီလိုလေးဆို ရှာရလွယ်တယ်။လိပ်စာလည်းပုံမှာပါတယ်နော်။

ဈေးနှုန်းတွေကတော့အားလုံး လေးငါးထောင်ဝန်းကျင်ကနေသောင်းဂဏန်းအထိရှိတယ်။ပွဲအလိုက် ဟင်းအမည်အလိုက်ပေါ့။အရသာ ဆိုင်အနေအထားနဲ့တော့ ဈေးနှုန်းကသင့်တော်နေတယ်။

Eat Meကတော့ မီနူးထဲကစားချင်တာတွေ မကုန်သေးသရွေ့ထပ်သွားဖြစ်နေအုန်းမှာမို့၊ ပရိသတ်လည်း Native Kitchenကိုရောက်ရင် လှမ်းနှုတ်ဆက်ပါဦး

Leave a Reply