လႊတ္ေတာ္ အနီးဒရုန္းလႊတ္တင္သည့္ အမႈတြင္ တရားလုိျပသက္ေသ ေလ်ာ့ခ် စစ္ေဆးမည္

0
141

 

ေနျပည္ေတာ္၊ဒီဇင္ဘာ ၂၀၊၂၀၁၇

လႊတ္ေတာ္အနီး ဒရုန္းလႊတ္တင္ခဲ႔သည့္ အမႈတြင္ တရားလုိျပ သက္ေသ ၃ ဦးအားစစ္ေဆးရန္က်န္ေနေသးျပီး ယေန႔၌ သက္ေသ ၁ဦးအား ေလ်ာ့ခ်ခဲ့ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

“သြင္းကုန္ပုိ႔ကုန္နဲ႔ စြဲထားတဲ့အမႈက မစစ္ျဖစ္ဘူး။ စစ္ဖုိ႔ရာ သက္ေသ ၃ ေယာက္က်န္တယ္ေပါ့။ ဥပေဒအရာရွိကေန အဲ့ဒီထဲကသက္ေသ တစ္ေယာက္ကုိ ပယ္လုိက္တာေပါ့”ဟု ဦးခင္ေမာင္ေဇာ္က ေျပာသည္။

အမႈျပန္လည္စစ္ေဆးရန္ ရုံးခ်ိန္းကုိ လာမည့္ ဒီဇင္ဘာ၂၆ ရက္ေန႔အား ျပန္လည္ ခ်ိန္းဆုိခဲ့ေၾကာင္းသိရွိရသည္။

၎ အမႈတြင္ ယာဥ္ေမာင္း၊စကားျပန္ႏွင့္ ႏုိင္ငံျခားသားသတင္းေထာက္ ႏွစ္ဦးတုိ႔ ဖမ္းဆီးခံထားရၿပီး ေလေၾကာင္းအက္ဥပေဒ ပုဒ္မ-၁၀ ျဖင့္ ေထာင္ဒဏ္ ၂ လက်ခံေနရျခင္းျဖစ္သည္။ျပစ္ဒဏ္က်ခံေနစဥ္ ဖမ္းဆီးထိန္းသိမ္းခံရစဥ္က တရားစြဲဆုိခံထားရသည့္ သြင္းကုန္ပုိ႔ကုန္ ဥပေဒ ပုဒ္မ – ၈ ကုိ တရားခံမ်ားမွ တရားရင္ဆုိင္ေနရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။ႏုိင္ငံျခားသား ႏွစ္ဦးမွာ လဝက အက္ဥပေဒ ပုဒ္မ – ၁၃ (၁)ကုိလည္း တရားရင္ဆုိင္ေနရသည္။

ျပစ္ဒဏ္ ၂ လသည္ ဇန္နဝါရီလ ၉ ရက္ေန့တြင္ ျပည့္မွာျဖစ္ျပီး ေလ်ာ့ရက္ ၄ ရက္ခံစားရမည္ ျဖစ္ေသာေၾကာင့္ ဇန္နဝါရီလ ၅ ရက္ေန့တြင္ လႊတ္ရက္ အျဖစ္ သိရေၾကာင္း ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ဒီဇင်ဘာ ၂၀၊၂၀၁၇

လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့သည့် အမှုတွင် တရားလိုပြ သက်သေ ၃ ဦးအားစစ်ဆေးရန်ကျန်နေသေးပြီး ယနေ့၌ သက်သေ ၁ဦးအား လျော့ချခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“သွင်းကုန်ပို့ကုန်နဲ့ စွဲထားတဲ့အမှုက မစစ်ဖြစ်ဘူး။ စစ်ဖို့ရာ သက်သေ ၃ ယောက်ကျန်တယ်ပေါ့။ ဥပဒေအရာရှိကနေ အဲ့ဒီထဲကသက်သေ တစ်ယောက်ကို ပယ်လိုက်တာပေါ့”ဟု ဦးခင်မောင်ဇော်က ပြောသည်။

အမှုပြန်လည်စစ်ဆေးရန် ရုံးချိန်းကို လာမည့် ဒီဇင်ဘာ၂၆ ရက်နေ့အား ပြန်လည် ချိန်းဆိုခဲ့ကြောင်းသိရှိရသည်။

၎င်း အမှုတွင် ယာဉ်မောင်း၊စကားပြန်နှင့် နိုင်ငံခြားသားသတင်းထောက် နှစ်ဦးတို့ ဖမ်းဆီးခံထားရပြီး လေကြောင်းအက်ဥပဒေ ပုဒ်မ-၁၀ ဖြင့် ထောင်ဒဏ် ၂ လကျခံနေရခြင်းဖြစ်သည်။ပြစ်ဒဏ်ကျခံနေစဉ် ဖမ်းဆီးထိန်းသိမ်းခံရစဉ်က တရားစွဲဆိုခံထားရသည့် သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ – ၈ ကို တရားခံများမှ တရားရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။နိုင်ငံခြားသား နှစ်ဦးမှာ လဝက အက်ဥပဒေ ပုဒ်မ – ၁၃ (၁)ကိုလည်း တရားရင်ဆိုင်နေရသည်။

ပြစ်ဒဏ် ၂ လသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြည့်မှာဖြစ်ပြီး လျော့ရက် ၄ ရက်ခံစားရမည် ဖြစ်သောကြောင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လွှတ်ရက် အဖြစ် သိရကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ယဉ်ကေနွယ်

Leave a Reply