ရခိုင်​မျိုးချစ်​ပါတီ မှ ALD နှင့် ပူး​ပေါင်းရန်​ ကမ်းလှမ်း
0
185
ရခိုင်​မျိုးချစ်​ပါတီ(Arakan Patriot Party-Headquarters)မှရခိုင်​ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီနှင့်​ပူး​ပေါင်းရန်​ကမ်းလှမ်း​ကြောင်း
ALDအ​နေဖြင့်​ကမ်းလှမ်းချက်​ကိုလက်​ခံခဲ့​သော် ကနဦးအ​နေဖြင့် တစ်ဖက်​(၅)ဦးစီ​ပါဝင်သော ပေါင်းစပ်​ညှိနိုင်း​ရေးအဖွဲ့ကို ကနဦး ဖွဲ့စည်းရန်အစီစဉ်​ရှိ​ကြောင်း၊ရခိုင်​ဒီမိုက​ရေစီအဖွဲ့(ALD)နှင့်ရခိုင်​အမျိုးသားဖွံဖြိုးတိုးတက်​​ရေး ပါတီ (RNDP)ပူး​ပေါင်း၍ရခိုင်​အမျိုးသားပါတီ (ANP)ဖြစ်​လာပြီး ၎င်းအဖွဲ့
ရန်ကုန်၊ဒီဇင်​ဘာ ၂၀၊ ၂၀၁၇
ရခိုင်​မျိုးချစ်​ပါတီီ(Arakan Patriot Party-Headquarters)မှရခိုင်​ဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီနှင်​့ပူး​ပေါင်​းရန်​ကမ်​းလှမ်​း​ကြောင်​း
ယင်​းပါတီ၏ သတင်​းထုတ်​ပြန်​ချက်​အရသိရသည်​။
၂၀၁၇ ခုနှစ် ဒီဇင်​ဘာလ(၂)ရက်​နေ့တွင်​ စစ်​​တွေမြို့၌ပြုလုပ်​ခဲ့​သော (၄)ကြိမ်​​မြောက်​ ပါတီဗဟို​ကော်​မတီအစည်​းအ​ဝေးဆုံးဖြတ်​ချက်​အရ
ရည်​ရွယ်​ချက်​တူ ၊မူဝါဒတူ ရခိုင်​တိုင်​းရင်​းသားပါတီများနှင်​့ မဟာမိတ်​​သော်​လည်​း​ကောင်​း၊တစ်ပါတီတည်း အဖြစ်​​သော်​လည်​း​ကောင်​းပူး​ပေါင်​း​ဆောင်​ရွက်​သွားရန်​ဆုံးဖြတ်​ချက်​ချခဲ့​ကြောင်​းသိရသည်​။
“ကျွန်​​တော်​တို့ကမ်​းလှမ်​းချက်​ကို​တော့အ​ကြောင်​းမပြန်​​သေးပါဘူး။
အခုလာမည်​့ဒီဇင်​ဘာ၂၃ရက်​ရက်​​နေ့​မှာရခိုင်​ဒီမိုက​ရေစီအဖွဲ့ချုပ်​က
ဗဟိုအလုပ်​အမူ​ဆောင်​အစည်​းအ​ဝေးကို​တောင်​ကုတ်​မှာလုပ်​မယ်​ကြားတယ်​။ဒီအစည်​းအ​ဝေးပြီးရင်​​တော့ထူးခြားလိမ်​့မယ်​ထင်​တယ်​”ဟုရခိုင်​မျိုးချစ်ပါတီဥက္ကဌဦး​ဇော်ဝင်​းထွန်​းက ပဥ္စမလှိုင်​းမီဒီယာ၏ဆက်သွယ်​​မေးမြန်​း ချက်​ကိုပြန်​လည်​​ဖြေကြားခဲ့သည်​။
ALDအ​နေဖြင်​့ကမ်​းလှမ်​းချက်​ကိုလက်​ခံခဲ့​သော် ကနဦးအ​နေဖြင့် တစ်ဖက်​(၅)ဦးစီ​ပါ၀င်သော ပေါင်​းစပ်​ညှိနိူင်​း​ရေးအဖွဲ့ကို ကနဦး ဖွဲ့စည်းရန်အစီစဉ်​ရှိ​ကြောင်​း၊ရခိုင်​ဒီမိုက​ရေစီအဖွဲ့(ALD)နှင် ​့ရခိုင်​အမျိုးသားဖွံဖြိုးတိုးတက်​​ရေး ပါတီ (RNDP)ပူး​ပေါင်​း၍ရခိုင်​အမျိုးသားပါတီ (ANP)ဖြစ်​လာပြီး ၎င်းအဖွဲ့
၏​ဆောင်​ရွက်​စုစည်​းမှုအ​ပေါ် သင်​ခန်​းစာယူလျှက်​ ရခိုင်​ပြည်​သူလူထုအ
ကျိုးစီးပွားကို ပိုမိုလုပ်​​ဆောင်​နိုင်ရန် ရည်ရွယ်ကာ ALDရခိုင်ဒီမိုက​ရေစီ အဖွဲ့ချုပ်​နှင်​့ပူး​ပေါင်​းရန်​ဖြစ်​​ကြောင်​းရခိုင်မျိုးချစ်ပါတီဥက္ကဋ္ဌဦး​ဇော်ဝင်​းထွန်​းက ​ပြောပြသည်​။
မြတ်​ဟိန်​း​ကျော်​(​ကော့မှူ း)
Leave a Reply