လူမှုကွန်ရက်မှတစ်ဆင့် ချစ်ကြိုက်ခဲ့သူထံ လာတွေ့ရာ ချစ်သူ အမျိုးသားမှ ထားခဲ့သဖြင့် ကျုံးတွင်း ခုန်ချရန် ပြင်ဆင်နေသူ အား ကယ်ဆယ်ပြီး ရန်ကုန်ပြန်ပို့

0
234

ဇူလိုင် ၃၀
နိုင်လင်ဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆လမ်း၊ ကျုံးအရှေ့ဘက်တွင် ဇူလိုင်လ ၂၉ ရက်နေ့ ည ၉ နာရီကျော်အချိန်က လူမှုကွန်ရက်မှတစ်ဆင့် ချစ်ကြိုက်ခဲ့သူထံ လာတွေ့ရာ ချစ်သူအမျိုးသားမှ ထားခဲ့သဖြင့် ကျုံးတွင်း ခုန်ချရန် ပြင်ဆင်နေသူ မိန်းကလေးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကျုံးအတွင်း ခုန်ချသေဆုံးရန် ပြင်ဆင်နေသူ မိန်းကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ချစ်ကြိုက်ခဲ့သည့် အမျိုးသားအား လာရောက်တွေ့ဆုံရာ အမျိုးသားမှာ ထားသွားခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို သက်သေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မိန်းကလေးတစ်ယောက် ကျုံးခြံစည်းရိုးကို ကျော်ပြီး ခုန်ချဖို့လုပ်နေ တယ် ဆိုပြီး အကူအညီတောင်းလာလို့ ကျွန်တော်တို့တွေ သွားခဲ့တယ် ။ ကောင်မလေးကတော့ ဘာမှ မဖြစ်ဘူး ။ မေးကြည့်တော့ ဘုရားဖူးပြီးတော့ ထားခဲ့တာတဲ့ ” ဟု နန်းတော်ရှေ့ လူမှုကယ် ဆယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် ဦးသိန်းထွန်းအောင် က ပြောသည်။

ကျုံးအတွင်း ခုန်ချသေဆုံးရန် ပြင်ဆင်နေသူ မိန်းကလေးအား စရိတ်အနည်းငယ်ပေး၍ ညတွင်းချင်း ရန်ကုန်သို့သွားမည့် မြတ်မန္တလာထွန်းကားဖြင့် တင်ပို့ခဲ့ကြောင်း သိရသည် ။

photo – thein tun aung

Leave a Reply