ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျ လမ်းပိတ်ဆို့မှုဖြစ်ပွား

0
172

ဇူလိုင် ၃၀
ပဉ္စမလိုင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း မိုင်တိုင်အမှတ် ကီလိုမီတာ ၅၀နှင့် ၅၁ ကြားတွင် ဇူလိုင်လ ၂၉ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုကျမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိတ်ဆို့နေမှုကို ဘုရားသုံးဆူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၊ နယ်မြေခံရဲစခန်းမှ ရဲအုပ်အောင်မြတ်မိုး နှင့် တပ်ဖွဲ့ဝင်များ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးသက်ခိုင်ဦးတို့မှ ဦးစီးပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များဖြင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များ ယာယီဖြတ် သန်းသွား လာနိုင်ရေး အတွက် ယာယီသစ်သားတံတားဖြင့် လမ်းလွှဲပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြေပြိုကျ လမ်းပိတ်ဆို့နေမှုများအား DKBA တပ်ရင်း (၉၀၃)မှ ဒုတိယဗိုလ်မှူးကြီး အဆင့် စောအေဝမ်းနှင့် တပ်ဖွဲဝင်များမှ ထွန်စက်များဖြင့် လည်းကောင်း၊ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးသက်ခိုင်ဦး ဦးစီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ စက်ယန္တရားများ၊ လူအင်အားများဖြင့် ဖယ်ရှားရှင်းလင်းခဲ့ပြီး ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ယာဉ်ကြီးယာဉ်ငယ်များ သွားလာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသောမြေသားများအား လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး စက်ယန္တရား များဖြင့် ဆက်လက်ဖယ်ရှားရှင်းလင်းလျှက်ရှိကြောင်း သိရသည်။

Photo : ပြန်/ ဆက် ( ကြာအင်းဆိပ်ကြီး )

Leave a Reply