ဖမ်းဆီးခံ သတင်းထောက် (၂)ဦးအတွက် မြန်​မာနိုင်​ငံသတင်း မီဒီယာ​ကောင်​စီမှ သတင်းစာရှင်းလင်းပွဲပြုလုပ်
0
194
ကိုဥာဏ်
ရန်ကုန်၊ဒီဇင်ဘာ ၂၀၊၂၀၁၇
ရိုက်​တာသတင်​းဌာနမှဖမ်​းဆီးခံသတင်​းသမား နှစ်​ဦးနှင်​့ပါတ်​သတ်​၍မြန်​မာနိုင်​ငံသတင်​းမီဒီယာ​ကောင်​စီ၏ သ​ဘောထားရပ်​တည်​ချက်​သတင်​းစာရှင်​းလင်​းပွဲကို ရန်​ကုန်​မြို့ Orchid ဟိုတယ်​တွင်​ပြုလုပ်​ခဲ့သည်​။
ရှင်​းလင်​းပွဲကျင်​းပရသည်​့ရည်​ရွယ်​ချက်​ကို မြန်​မာနိုင်​ငံသတင်​း မီဒီယာ​ကောင်စီဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသန့်တင်က ​ပြောကြားခဲ့ပြီး 
​ကောင်​စီ၏​ကြေညာချက်​ကို အတွင်​း​ရေမှူးဦးသီဟ​စောနှင်​့ ဒုဥက္ကဠ ၁ ဦး​အောင်​လှထွန်​းက ​ပြောကြားသည်​။
​သတင်​းမီဒီယာ​ကောင်​စီ၏ သ​ဘောထာ​း​ကြေညာချက်​တွင်​
၁။ယခုဖမ်​းဆီးခံ​နေရ​သော သတင်​း​ထောက်​၂ဦးကိစ္စကို သတင်​းမီဒီယာဥပ​ဒေအရ​ဖြေရှင်​းခွင်​့ရလျှင်​​ဖြေရှင်​း​ပေးလိုပါသည်​။
၂။အကယ်​၍ ထိုသတင်​း​ထောက်​နှစ်​ဦးအားတရားရုံးတင်​စစ်​​ဆေးမည်​ဆိုပါက လိုအပ်​လျှင်​ Expert Witness ကျွမ်​းကျင်​သူ အသိသက်​​သေ အ​နေဖြင်​့ သတင်​းမီဒီယာ​ကောင်​စီမှ ​ဆောင်​ရွက်​လိုပါသည်​။
၃။ထိုသတင်​း​ထောက်​နှစ်​ဦးအတွက်​ တရားမျှတ​သော ဆုံးဖြတ်​ချက်​များ ဖြစ်​ရန်​ Legal assistance ဥပ​ဒေ​ရေးရာအ​ထောက်​အကူ လိုအပ်​ပါက သတင်​းမီဒီယာ​ကောင်​စီအား လုပ်​​ဆောင်​ခွင်​့​ပေး​စေလိုပါသည်​။
ဟု အချက်​သုံးချက်​ထုတ်​ပြန်​ခဲ့သည်​။
ကိုဉာဏ်
Leave a Reply