ရခိုင်တွင်ခေါ်ယူစစ်ဆေးခံနေရသည့် ကျောင်းဆရာနှစ်ဦး ပြန်လည် လွတ်မြောက်
0
160
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ ကျောင်းဆရာ လေးဦးနှင့် ရွာသားတစ်ဦးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ၁၈ ရက်တွင် ကျောင်းဆရာနှစ်ဦးပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်၊ မောင်တောမြို့နယ် မဲဆန္ဒနယ် ၂ မှ ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် မေးမြန်းစစ်ဆေးစရာများရှိသည်ဟု ဆိုကာ အင်းဒင်ကျေးရွာမှ ကျောင်းဆရာ နှစ်ဦးနှင့်ရွာသား တစ်ဦးကို သက်ဆိုင်ရာက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၆ ရက်တွင်လည်း ကျေးရွာလက်ထောက်ပညာရေးမှူးနှင့် မူလတန်း ကျောင်းအုပ်ကို ဆက်လက်ခေါ်ယူစစ်ဆေးခဲ့သည်။
သျှင်ရဲထွဋ်
ရန်ကုန်၊ဒီဇင်ဘာ ၂၀၊၂၀၁၇
ရခိိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ ကျောင်းဆရာ လေးဦးနှင့် ရွာသားတစ်ဦးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ၁၈ ရက်တွင် ကျောင်းဆရာနှစ်ဦးပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်၊ မောင်တောမြို့နယ် မဲဆန္ဒနယ် ၂ မှ ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောကြားသည်။
ပြန်လည်လွတ်မြောက်လာသူနှစ်ဦးမှာ ဒီဇင်ဘာ ၁၆ ရက်တွင် သက်ဆိုင်ရာ ကခေါ်ဆောင်သွားသည့် အင်းဒင်ကျေးရွာမှ လက်ထောက်ပညာရေးမှူး ဦးမြင့်စိုး နှင့် အင်းဒင်ခွဆုံ မူလတန်းကျောင်းအုပ် ဦးအောင်သိန်းဖြူ တို့ဖြစ်သည်။
” ပညာရေးမှူးကို မေးကြည့်တာတော့ ပြန်လွတ်လာပြီပြောတယ်။ ဒါပေမယ့် သူတို့ုဖုန်းတွေကို ဆက်တာတော့ ဆက်သွယ်လို့မရသေးဘူး ” ဟု ဦးမောင်အုန်းက ပဥ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် မေးမြန်းစစ်ဆေးစရာများရှိသည်ဟု ဆိုကာ အင်းဒင်ကျေးရွာမှ ကျောင်းဆရာ နှစ်ဦးနှင့်ရွာသား တစ်ဦးကို သက်ဆိုင်ရာက လာရောက်ခေါ်ဆောင်သွားခဲ့ပြီး နောက်တစ််ရက် ဒီဇင်ဘာ ၁၆ ရက်တွင်လည်း ကျေးရွာလက်ထောက်ပညာရေးမှူးနှင့် မူလတန်း ကျောင်းအုပ်ကို ဆက်လက်ခေါ်ယူစစ်ဆေးခဲ့သည်။
ခေါ်ယူစစ်ဆေးမှုများအပြီးတွင်လက်ထောက်ပညာရေးမှူးနှင့် ကျောင်းအုပ်တို့ပြန်လည်လွတ်မြောက်လာသော်လည်း ဒီဇင်ဘာ ၁၅ ရက်တွင် ခေါ်ဆောင်သွားသည့် ကျောင်းဆရာနှစ်ဦးနှင့် ကျေးရွာသားတစ်ဦးတို့ကိုမူ အဆက်အသွယ်မရကြောင်းလည်း မောင်တောကိုယ်စားလှယ် ဦးမောင်အုန်း ကပြောပြသည်။
သျှင်ရဲထွဋ်
Leave a Reply