အခ်ဳပ္သားေသဆံုးမႈေၾကာင့္ ရဲ (၅) ဦး လူသတ္မႉျဖင့္အမႈဖြင့္စစ္ေဆး

0
176

 

မႏၱေလး၊ဒီဇင္ဘာ ၂၀၊၂၀၁၇

မႏၲေလးတိုင္းေဒသႀကီး၊ေက်ာက္ဆည္ခ႐ိုင္ ၊စဥ့္ကိုင္ၿမိဳ႕နယ္႐ွိ စဥ့္ကိုင္ၿမိဳ႕မရဲစခန္းတြင္ ခ်ဳပ္ထားသည့္ အခ်ဳပ္သား ေသဆံုးမႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္(၅) ဦးကို ဒီဇင္ဘာလ ၁၈ ရက္ေန႔က လူသတ္မႈျဖင့္ အမႈဖြင့္စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

စဥ့္ကိုင္ၿမိဳ႕နယ္ ၊စြန္ရဲရြာတြင္ေနထိုင္ေသာ အသက္ (၅၂) ႏွစ္အရြယ္ ဦးရဲေအာင္သည္ ဧၿပီလ ၂၈ ရက္ေန႔က ကေလးငယ္တစ္ဦးကို မုဒိမ္းျပဳက်င့္မိသည့္အတြက္ ပုဒ္မ ၃၇၆ ျဖင့္အမႈဖြင့္ဖမ္းဆီးထားစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ႐ိုက္ႏွက္မႈေၾကာင့္ ေသဆံုးခဲ့သည္။ ႐ိုက္ႏွက္ခဲ့သည့္ ရဲတပ္ဖြဲ႔ဝင္(၅) ဦးကို စစ္ေဆးေနျခင္းျဖစ္ေၾကာင္း ေက်ာက္ဆည္ခ႐ိုင္ ရဲတပ္ဖြဲ႔မွ သိရသည္။

ဖမ္းစီးခံထားရသည့္ ဦးရဲေအာင္သည္ ေမလ ၃ ရက္ေန႔က ေသြးအန္သည့္အတြက္ စဥ့္ကိုင္ေဆးရံုသို႔ တင္ပို႔ခဲ့ၿပီး သက္သာျခင္း မရွိေသာေၾကာင့္ မႏၲေလးအေထြေထြေရာဂါကု ေဆးရံုႀကီးသို႔ လႊဲေျပာင္းခဲ့ၿပီး ေသဆံုးခဲ့ျခင္းျဖစ္သည္။

“ကြ်န္မကိုလူတစ္ေယာက္လာေျပာတာေတာ့ ကြ်န္မအမ်ိဳးသား အခ်ဳပ္ခန္းထဲမွာ ေခ်ာ္လဲလို႔ေဆးရံုတင္ထားရတယ္ဆိုလို႔ သြားၾကည့္တယ္။ တစ္ကိုယ္လံုး ဒဏ္ရာေတြအမ်ားႀကီးေတြ႔ရတယ္ ။ စခန္းမွဴးက ကုတင္ေပၚက ျပဳတ္က်တယ္ေျပာတယ္။ ကုတင္ေပၚက ျပဳတ္က်တာ ဒီလိုဒဏ္ရာရႏိုင္ပါ့မလား” ဟု ေသဆံုးသူ၏ ဇနီးျဖစ္သူ ေဒၚဆန္း က ေျပာသည္။

ေသဆံုးသူသည္ အရက္ေၾကာင္ကာ အခ်ဳပ္ခန္းအတြင္း အၿငိမ္မေနတတ္သူ တစ္ဦးျဖစ္ၿပီး မေတာ္တဆေသဆံုးျခင္းျဖစ္ႏိုင္ေၾကာင္း ၊ လက္ရွိ စစ္ေဆးေနသည့္ တပ္ဖြဲ႕ဝင္(၅) ဦးလံုးေၾကာင့္ ေသဆံုးျခင္းမျဖစ္ႏိုင္သည့္ အတြက္ ေသခ်ာစစ္ေဆးေနေၾကာင္း ေက်ာက္ဆည္ခ႐ိုင္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အခ်ဳပ္သားေသဆံုးရျခင္းႏွင့္ပတ္သက္၍ မႈခင္းဆရာဝန္ျဖင့္ စစ္ေဆးၾကည့္ရာ ဦးေႏွာက္အေမွးေအာက္ ေသြးလွ်ံခဲၿပီး ဦးေႏွာက္ေရာင္ ပိညႇပ္၍ ေသဆံုးျခင္းႏွင့္တံုးေသာအရာျဖင့္ ထိမိခိုက္မိ၍ ရရွိေသာ ဒဏ္ရာမ်ား ျဖစ္ေၾကာင္းသိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၀၊၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်ရှိ စဉ့်ကိုင်မြို့မရဲစခန်းတွင် ချုပ်ထားသည့် အချုပ်သား သေဆုံးမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၅) ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ၊စွန်ရဲရွာတွင်နေထိုင်သော အသက် (၅၂) နှစ်အရွယ် ဦးရဲအောင်သည် ဧပြီလ ၂၈ ရက်နေ့က ကလေးငယ်တစ်ဦးကို မုဒိမ်းပြုကျင့်မိသည့်အတွက် ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ဖမ်းဆီးထားစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည်။ ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၅) ဦးကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းစီးခံထားရသည့် ဦးရဲအောင်သည် မေလ ၃ ရက်နေ့က သွေးအန်သည့်အတွက် စဉ့်ကိုင်ဆေးရုံသို့ တင်ပို့ခဲ့ပြီး သက်သာခြင်း မရှိသောကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ လွှဲပြောင်းခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ကျွန်မကိုလူတစ်ယောက်လာပြောတာတော့ ကျွန်မအမျိုးသား အချုပ်ခန်းထဲမှာ ချော်လဲလို့ဆေးရုံတင်ထားရတယ်ဆိုလို့ သွားကြည့်တယ်။ တစ်ကိုယ်လုံး ဒဏ်ရာတွေအများကြီးတွေ့ရတယ် ။ စခန်းမှူးက ကုတင်ပေါ်က ပြုတ်ကျတယ်ပြောတယ်။ ကုတင်ပေါ်က ပြုတ်ကျတာ ဒီလိုဒဏ်ရာရနိုင်ပါ့မလား” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဆန်း က ပြောသည်။

သေဆုံးသူသည် အရက်ကြောင်ကာ အချုပ်ခန်းအတွင်း အငြိမ်မနေတတ်သူ တစ်ဦးဖြစ်ပြီး မတော်တဆသေဆုံးခြင်းဖြစ်နိုင်ကြောင်း ၊ လက်ရှိ စစ်ဆေးနေသည့် တပ်ဖွဲ့ဝင်(၅) ဦးလုံးကြောင့် သေဆုံးခြင်းမဖြစ်နိုင်သည့် အတွက် သေချာစစ်ဆေးနေကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အချုပ်သားသေဆုံးရခြင်းနှင့်ပတ်သက်၍ မှုခင်းဆရာဝန်ဖြင့် စစ်ဆေးကြည့်ရာ ဦးနှောက်အမှေးအောက် သွေးလျှံခဲပြီး ဦးနှောက်ရောင် ပိညှပ်၍ သေဆုံးခြင်းနှင့်တုံးသောအရာဖြင့် ထိမိခိုက်မိ၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်းသိရသည်။

နိုင်လင်းဦး

Leave a Reply