က်ဴးေက်ာ္မ်ားေနထိုင္ႏိုင္ရန္တြံေတးတြင္ အိမ္ရာမ်ားတည္ေဆာက္မည္

0
189

ရန္ကုန္၊ဒီဇင္ဘာ ၂၀၊၂၀၁၇

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စမတ္ကတ္ထုတ္ေပးထားေသာ က်ဴးေက်ာ္မ်ားေနထိုင္ႏိုင္ရန္အတြက္ တြံေတးၿမိဳ႕နယ္တြင္ အေဆာက္ အဦမ်ားကို၂၀၁၈ ခုႏွစ္၌ အေကာင္အထည္ေဖာ္ တည္ေဆာက္ေပးသြား မည္ ျဖစ္ေၾကာင္းသိရသည္။

စမတ္ကတ္မ်ားထုတ္ေပးထားသည့္ က်ဴးေက်ာ္မ်ား ေနထိုင္ရန္ အိမ္ရာမ်ားကို တြံေတး-လိႈင္သာယာ ကားလမ္း အေနာက္ဘက္ျခမ္းရွိ ေျမဧကေပါင္း ၃၀၀၀ အနက္ ၂၇၀ဝ ေက်ာ္တြင္ ေဆာက္လုပ္ရန္ စီစဥ္ထားၿပီး ေျမဧက ၃၀၀ မွာ ရြာေျမမ်ားႏွင့္ သာသနာဋိက နယ္ေျမမ်ားျဖစ္ေၾကာင္းသိရသည္။

“အေဆာက္အဦေတြရဲ႕ ေျမညီထပ္ေတြကို ကားပါးကင္အျဖစ္ထားမွာပါ။ အထပ္ျမင့္ အေဆာက္အဦေဆာက္မွာပါ။ေျမဧက ၃၀၀၀ ေက်ာ္ရွိတဲ့ အထဲမွာ ဧက ၂၇၀၀ ေလာက္မွာ တည္ေဆာက္သြားမွာပါ” ဟု တြံေတးၿမိဳ႕နယ္မွတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ဇင္ဦးက ေျပာသည္။

လက္ရွိတြင္ ေျမဧက ၂၆၂ ဧကေပၚ၌ စတင္အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ၿပီး အထပ္ျမင့္အေဆာက္အဦမ်ား ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

က်ဴးေက်ာ္မ်ားေနထိုင္ရန္ အိမ္ရာမ်ားကိုတည္ေဆာက္ရာတြင္ Public Private Partership (ပုဂၢလိကႏွင့္ အစိုးရတို႔ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ျခင္း) ျဖင့္ အက်ိဳးတူပူးေပါင္းကာ အဆာက္အဦ ၂ လံုးအား စတင္တည္ေဆာက္သြားမည္ ျဖစ္ၿပီး အဆင္မေျပမႈမ်ားရွိပါက ကုမၸဏီေျပာင္း၍ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းဦးေက်ာ္ဇင္ဦးက
ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ခ႐ိုင္ေလးခုအတြင္း တရားမဝင္ ေနထိုင္သည့္ က်ဴးေက်ာ္အိမ္ေျခ ၁၀၅၄၄၉ ရွိၿပီး အိမ္ေထာင္စု ၁၆၇၇၃၈ စုရွိကာ က်ဴးေက်ာ္ေနထိုင္သူဦးေရ ၄၃၁၀၅၀ ခန္႔ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ထံမွ သိရသည္။

ၿဖိဳးၿဖိဳး

ရန်ကုန်၊ဒီဇင်ဘာ ၂၀၊၂၀၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စမတ်ကတ်ထုတ်ပေးထားသော ကျူးကျော်များနေထိုင်နိုင်ရန်အတွက် တွံတေးမြို့နယ်တွင် အဆောက် အဦများကို၂၀၁၈ ခုနှစ်၌ အကောင်အထည်ဖော် တည်ဆောက်ပေးသွား မည် ဖြစ်ကြောင်းသိရသည်။

စမတ်ကတ်များထုတ်ပေးထားသည့် ကျူးကျော်များ နေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာ ကားလမ်း အနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၃၀၀၀ အနက် ၂၇၀ဝ ကျော်တွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး မြေဧက ၃၀၀ မှာ ရွာမြေများနှင့် သာသနာဋိက နယ်မြေများဖြစ်ကြောင်းသိရသည်။

“အဆောက်အဦတွေရဲ့ မြေညီထပ်တွေကို ကားပါးကင်အဖြစ်ထားမှာပါ။ အထပ်မြင့် အဆောက်အဦဆောက်မှာပါ။မြေဧက ၃၀၀၀ ကျော်ရှိတဲ့ အထဲမှာ ဧက ၂၇၀၀ လောက်မှာ တည်ဆောက်သွားမှာပါ” ဟု တွံတေးမြို့နယ်မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက ပြောသည်။

လက်ရှိတွင် မြေဧက ၂၆၂ ဧကပေါ်၌ စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျူးကျော်များနေထိုင်ရန် အိမ်ရာများကိုတည်ဆောက်ရာတွင် Public Private Partership (ပုဂ္ဂလိကနှင့် အစိုးရတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း) ဖြင့် အကျိုးတူပူးပေါင်းကာ အဆာက်အဦ ၂ လုံးအား စတင်တည်ဆောက်သွားမည် ဖြစ်ပြီး အဆင်မပြေမှုများရှိပါက ကုမ္ပဏီပြောင်း၍ တည်ဆောက်သွားမည်ဖြစ်ကြောင်းဦးကျော်ဇင်ဦးက
ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ဖြိုးဖြိုး

Leave a Reply