ရွစ္ေလးလုံးပါတီသည္ အလားအလာရွိသည့္ ပါတီျဖစ္လာႏုိင္ဟု ဦး၀င္းထိန္ဆို

0
123

 

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၂၁၊ ၂၀၁၇။

ဦးကိုကိုႀကီး ဦးေဆာင္ပါ၀င္မည့္ ရွစ္ေလးလုံး ပါတီသည္ ပါတီဟု မဖြဲ႔စည္းခင္ အခ်ိန္ကတည္းကပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တုိင္ပင္မႈမ်ား ရွိခဲ႔ၿပီး အလားအလာရွိသည့္ ပါတီျဖစ္လာႏုိင္ေၾကာင္း အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ပါတီ၏ ဗဟုိအတြင္းေရးမွဴး၊အဖြဲ႔၀င္ ဦး၀င္းထိန္မွ The Fifth Wave Online Media သို႔ေျပာဆုိခဲ႔သည္။

“အဲ႔ကေလးေတြက ဟုိတုန္းကတည္းက ကေလးေတြလုိေနတာ သနားစရာေတာ့ ေကာင္းတယ္။ ၂၀၁၅ မတုိင္ခင္ ၾသဂုတ္လကတည္းက သူတုိ႔အဖြဲ႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ၿခံမွာ ေတြ႔ဖူးတယ္။ ေတြ႔ခဲ႔တယ္။ အဲဒီႏုိင္ငံေရး ေဆြးေႏြးမႈ။ ၂၀၁၅ ေရြးေကာက္ပြဲမတုိင္ခင္ အဲ႔မွာတုန္းက အကုန္ပါတာေပါ႔။ မင္းကုိႏုိင္၊ကုိကုိႀကီး၊ဂ်င္မီ၊ ျမေအး သူတုိ႔က ပါတီဖြဲ႔မယ္လုိ႔ ေဒၚစုကုိ ေျပာခဲ့တယ္။ ၂၀၁၅ အခု ၂၀၁၇ ဖြဲ႔ေတာ႔မယ္။ ၂ ႏွစ္ေတာင္ၾကာေနၿပီ။ ဒါတစ္ခ်က္။ေနာက္တစ္ခ်က္က သူတုိ႔ ေထာင္က လြတ္လာၿပီး ၂၀၁၀ /၁၁ ေလာက္မွာ အကုန္လုံးလႊတ္လာတယ္။ သူတုိ႔ အုပ္စုလုိက္ ဦး၀င္းတင္ဆီ သြားေတြ႔တယ္။ အဲ႔တုန္းက ဦး၀င္းတင္က မဆုံးေသးဘူး”ဟု ဦး၀င္းထိန္က ေျပာသည္။

ဦးမင္းကုိႏုိင္၊ ဦးကုိကုိႀကီး၊ ဦးဂ်င္မီ၊ ဦးျမေအးတုိ႔ ေထာင္မွ လြတ္လာၿပီး အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ နာယကႀကီး ဦး၀င္းတင္ႏွင့္ ေတြ႔ဆုံခဲ႔ၿပီး ဦး၀င္းတင္မွ ေဒၚေအာင္ဆန္းစုၾကည္ကုိ ၀န္းရံရန္ႏွင့္ ပါတီေထာင္ရန္ စသည့္ အခ်က္ႏွစ္ခ်က္ထဲမွ အခ်က္တစ္ခ်က္ ေရြးခ်ယ္ရန္ လမ္းညႊန္မႈ ျပဳခဲ့ေၾကာင္း သိရွိရသည္။

“မင္းတုိ႔ေရြးစရာ ႏွစ္ခုပဲရွိတယ္။ မင္းတုိ႔ဟာ ႏုိင္ငံေရးမွာလဲ ၾသဇာအာဏာ ရွိတယ္။ ျပည္သူလူထုကလည္း သေဘာက်တယ္။ မင္းတု႔ိဟာ ေပၚလက္တီကယ္ အင္ဗားစမန္႔ေတြ အမ်ားႀကီးရွိတယ္။ မင္းတို႔ ေရြးခ်ယ္စရာ၂ ခုရွိတယ္။ တစ္ခုက ေဒၚစုကုိ၀န္းရံလုိက္ ၊NLD ဟာပုိၿပီးအားေကာင္းလာမယ္။ မင္တုိ႔လဲ ႏုိင္ငံေရးမွာ သင့္​ေတာ္တဲ့ ေနရာေတြမွာ ဆုံးျဖတ္ႏုိင္တယ္။ လုပ္ႏုိင္ကုိင္ႏုိင္ရွိတယ္။ ဒီလုိလုပ္ရင္လုပ္။ မလုပ္ရင္ ပါတီေထာင္။ အဲဒါ ၂၀၁၂ မွာေျပာတာ။ အခုမွ ပါတီေထာင္ ျဖစ္တာဆုိေတာ့ ေျပာရတာေတာ႔ သနားစရာ ေကာင္းတယ္”ဟု ဦး၀င္းထိန္မွ ဟံသာ၀တီဦး၀င္းတင္ႏွင့္ အထက္ပါပုဂၢဳိလ္ ၄ ဦးတို႔ ေတြ႔ဆုံမႈ၊ ေျပာဆုိေဆြးေႏြးခဲ့မႈမ်ားကုိ ျပန္လည္ ရွင္းျပခဲ့ျခင္း ျဖစ္သည္။

ဒီဇင္ဘာလ ၁၉ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရုံးသုိ႔ ရွစ္ေလးလံုးပါတီ မွတ္ပုံတင္ျခင္းကုိ လာေရာက္ လုပ္ေဆာင္ခဲ့ၾကၿပီး ပါတီ အမည္ေပးျခင္းအေပၚ ေ၀ဖန္မႈမ်ားလည္း ဆက္တိုက္ ထြက္ေပၚလွ်က္ ရွိသည္။

“ကၽြန္ေတာ္တုိ႔က ဥပေဒ နည္းလမ္းအရပဲ ေဆာင္ရြက္သြားမွာပါ။ ေကာ္မရွင္မွာ မွတ္ပုံတင္တယ္ဆုိရင္ ေကာ္မရွင္က အျခားႏုိင္ငံေရးပါတီမ်ား က ကန္႔ကြက္မႈရွိပါသလားလုိ႔ ထုံးစံအတုိင္း အေၾကာင္းၾကားစာေတြ လုပ္ပါလိမ္႔မယ္။ လုပ္ၿပီးတဲ႔ အခါက်မွ ဥပေဒလုပ္ထုံးလုပ္နည္းအတုိင္းပဲ ေဆာင္ရြက္သြားမွာပါ။ ကၽြန္ေတာ္တု႔ိ နာမည္ေရြးခ်ယ္ၿပီးတဲ့ အခါမွာ တကယ့္ကုိ စိတ္လႈပ္ရွားၿပီး အားလုံးက ရွစ္ေလးလုံးတုန္းက စိတ္ဓါတ္မ်ဳိးေတြပါ ခံစားလာတဲ့ ရဲေဘာ္ေတြကုိ ၾကည္႔ၿပီး ကၽြန္ေတာ္ အင္မတန္ အားရပါတယ္”ဟု ပါတီ ဦးေဆာင္သူ တစ္ဦးျဖစ္သည့္ ဦးကုိကုိႀကီး ကေျပာသည္။

ရွစ္ေလးလံုးပါတီ၏ ပါတီ၀င္အင္အားကုိ ထုတ္ျပန္မႈမရွိေသးေသာ္လည္း ပါတီမွတ္ပုံတင္ရန္ လုိအပ္သည္႔ အင္အား ဦးေရ ၁၀၀၀ အား အေစာႀကီးကတည္းက ျပည္႔မွီၿပီးသားျဖစ္ေၾကာင္း ဦးကုိကုိႀကီးက ဆိုသည္။

ယဥ္ေကႏြယ္

နေပြည်တော်၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၇။

ဦးကိုကိုကြီး ဦးဆောင်ပါ၀င်မည့် ရှစ်လေးလုံး ပါတီသည် ပါတီဟု မဖွဲ့စည်းခင် အချိန်ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်မှုများ ရှိခဲ့ပြီး အလားအလာရှိသည့် ပါတီဖြစ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအတွင်းရေးမှူး၊အဖွဲ့ဝင် ဦးဝင်းထိန်မှ The Fifth Wave Online Media သို့ပြောဆိုခဲ့သည်။

“အဲ့ကလေးတွေက ဟိုတုန်းကတည်းက ကလေးတွေလိုနေတာ သနားစရာတော့ ကောင်းတယ်။ ၂၀၁၅ မတိုင်ခင် သြဂုတ်လကတည်းက သူတို့အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံမှာ တွေ့ဖူးတယ်။ တွေ့ခဲ့တယ်။ အဲဒီနိုင်ငံရေး ဆွေးနွေးမှု။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အဲ့မှာတုန်းက အကုန်ပါတာပေါ့။ မင်းကိုနိုင်၊ကိုကိုကြီး၊ဂျင်မီ၊ မြအေး သူတို့က ပါတီဖွဲ့မယ်လို့ ဒေါ်စုကို ပြောခဲ့တယ်။ ၂၀၁၅ အခု ၂၀၁၇ ဖွဲ့တော့မယ်။ ၂ နှစ်တောင်ကြာနေပြီ။ ဒါတစ်ချက်။နောက်တစ်ချက်က သူတို့ ထောင်က လွတ်လာပြီး ၂၀၁၀ /၁၁ လောက်မှာ အကုန်လုံးလွှတ်လာတယ်။ သူတို့ အုပ်စုလိုက် ဦးဝင်းတင်ဆီ သွားတွေ့တယ်။ အဲ့တုန်းက ဦးဝင်းတင်က မဆုံးသေးဘူး”ဟု ဦးဝင်းထိန်က ပြောသည်။

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမြအေးတို့ ထောင်မှ လွတ်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယကကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခဲ့ပြီး ဦးဝင်းတင်မှ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံရန်နှင့် ပါတီထောင်ရန် စသည့် အချက်နှစ်ချက်ထဲမှ အချက်တစ်ချက် ရွေးချယ်ရန် လမ်းညွှန်မှု ပြုခဲ့ကြောင်း သိရှိရသည်။

“မင်းတို့ရွေးစရာ နှစ်ခုပဲရှိတယ်။ မင်းတို့ဟာ နိုင်ငံရေးမှာလဲ သြဇာအာဏာ ရှိတယ်။ ပြည်သူလူထုကလည်း သဘောကျတယ်။ မင်းတို့ဟာ ပေါ်လက်တီကယ် အင်ဗားစမန့်တွေ အများကြီးရှိတယ်။ မင်းတို့ ရွေးချယ်စရာ၂ ခုရှိတယ်။ တစ်ခုက ဒေါ်စုကို၀န်းရံလိုက် ၊NLD ဟာပိုပြီးအားကောင်းလာမယ်။ မင်တို့လဲ နိုင်ငံရေးမှာ သင့်​တော်တဲ့ နေရာတွေမှာ ဆုံးဖြတ်နိုင်တယ်။ လုပ်နိုင်ကိုင်နိုင်ရှိတယ်။ ဒီလိုလုပ်ရင်လုပ်။ မလုပ်ရင် ပါတီထောင်။ အဲဒါ ၂၀၁၂ မှာပြောတာ။ အခုမှ ပါတီထောင် ဖြစ်တာဆိုတော့ ပြောရတာတော့ သနားစရာ ကောင်းတယ်”ဟု ဦးဝင်းထိန်မှ ဟံသာဝတီဦးဝင်းတင်နှင့် အထက်ပါပုဂ္ဂိုလ် ၄ ဦးတို့ တွေ့ဆုံမှု၊ ပြောဆိုဆွေးနွေးခဲ့မှုများကို ပြန်လည် ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရှစ်လေးလုံးပါတီ မှတ်ပုံတင်ခြင်းကို လာရောက် လုပ်ဆောင်ခဲ့ကြပြီး ပါတီ အမည်ပေးခြင်းအပေါ် ဝေဖန်မှုများလည်း ဆက်တိုက် ထွက်ပေါ်လျှက် ရှိသည်။

“ကျွန်တော်တို့က ဥပဒေ နည်းလမ်းအရပဲ ဆောင်ရွက်သွားမှာပါ။ ကော်မရှင်မှာ မှတ်ပုံတင်တယ်ဆိုရင် ကော်မရှင်က အခြားနိုင်ငံရေးပါတီများ က ကန့်ကွက်မှုရှိပါသလားလို့ ထုံးစံအတိုင်း အကြောင်းကြားစာတွေ လုပ်ပါလိမ့်မယ်။ လုပ်ပြီးတဲ့ အခါကျမှ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ နာမည်ရွေးချယ်ပြီးတဲ့ အခါမှာ တကယ့်ကို စိတ်လှုပ်ရှားပြီး အားလုံးက ရှစ်လေးလုံးတုန်းက စိတ်ဓါတ်မျိုးတွေပါ ခံစားလာတဲ့ ရဲဘော်တွေကို ကြည့်ပြီး ကျွန်တော် အင်မတန် အားရပါတယ်”ဟု ပါတီ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ကပြောသည်။

ရှစ်လေးလုံးပါတီ၏ ပါတီဝင်အင်အားကို ထုတ်ပြန်မှုမရှိသေးသော်လည်း ပါတီမှတ်ပုံတင်ရန် လိုအပ်သည့် အင်အား ဦးရေ ၁၀၀၀ အား အစောကြီးကတည်းက ပြည့်မှီပြီးသားဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

ယဉ်ကေနွယ်

Leave a Reply