တရုတ်​ကုမ္ပဏီတစ်​ခုက စကွဲတန်​ချိန်​ ၁သိန်း တရားဝင်​ဝယ်​ယူရန်​ လာ​ရောက်​ညှိနှိုင်း

0
151

သြဂုတ်​ ၂
ဝေ​ဝေဖြိုး

ပြည်​တွင်းရှိ စကွဲ တန်​ချိန်​ ၁ သိန်းကို တရားဝင်​ ဝယ်​ယူရန်​တရုတ်​ကုမ္ပဏီတစ်​ခုက ကုန်​သည်​စက်​မှုအသင်းချုပ်​နှင့်​ ဇူလိုင်​လ တတိယပတ်​က လာ​ရောက်​ညှိနှိုင်း​မှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

“ပြီးခဲ့တဲ့ပတ်​က တရုတ်​ကုမ္ပဏီက​ ရောက်​လာပြီး တရုတ်​သံရုံးနဲ့လဲညှိ​နေတယ်​။ သူတို့နိုင်​ငံတွင်းမှာရှိတဲ့ လုပ်​ငန်းစဉ်​​တွေအားလုံးပြီးရင်​ ဆက်​လုပ်​ပါလိမ့်​မယ်​။ အဲ့ကုမ္ပဏီကပဲ ကုန်​သည်​စက်​မှုအသင်းချုပ်​မှာ ဇကွဲတန်​ ၁သိန်းဝယ်​ယူဖို့အတွက်​ကို လာပြီးညှိနှိုင်း​နေတယ်​ ။တရားဝင်​လက်​မှတ်​ထိုးဝယ်​ချင်​တယ်​ဆိုပြီးညှိနှိုင်း​နေတယ်​။ MoUထိုးဖို့က တရုတ်​ဘက်​က လုပ်​ငန်းစဉ်​​တွေပြီးသွားလို့ တရားဝင်​အ​ကြောင်းပြန်​မှ သိရမှာပါ ။”ဟု ၎င်းက​ပြောသည်​။

တရုတ်​-မြန်​မာ နှစ်​နိုင်​ငံကြား လယ်​ယာထွက်​ကုန်​များတင်​ပို့နိုင်​ရန်​ အစိုးရချင်း နားလည်​မှုစာ ချွန်​လွှာ (MoU)လက်​မှတ်​​ကို ဇွန်​လအတွင်းက ရေးထိုးသွားရန်​စီစဉ်​ထား​သော်​လည်း အ​ကြောင်းအမျိုးမျိး​ကြောင့်​ ပျက်​ပြယ်​သွားခဲ့ပြီးလက်​မှတ်​​ရေးထိုးနိုင်​​ရေးအတွက်​ ဇူလိုင်​လ တတိယပတ်​က တရုတ်​ကုမ္ပဏီတစ်​ခုက လာ​ရောက်​ညှိ​နေလျက်​ရှိသည်​ဟုဆိုသည်​။

တရုတ်​နိုင်​ငံ ကူမင်းမြို့ပြည်​သူအစိုးရမှ အဆိုပြုသည့်​ ကုမ္ပဏီတစ်ခုက စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနသို့​ တရားဝင်​ဆက်​သွယ်​ပြီး ဆန်​အပါအဝင်​ လယ်​ယာထွက်​ကုန်​ ​များကို ဝယ်​ယူလို​သောကြောင့်​ နှစ်​နိုင်​ငံ အစိုးရချင်း လက်​မှတ်​​ရေးထိုးလို​​ကြောင်း အဆိုပြုထား​သည်​ဟုဆိုသည်​။

“ဒီအဆိုပြုချက်​ဟာ ကူမင်းမှာရှိ​နေတဲ့ မြန်​မာ​ကောင်​စစ်​ဝန်​ချုပ်​ရုံးက​နေတဆင့်​ သံတမန်​လမ်း​ကြောင်း​က​နေ ကျွန်​​တော်​တို့ဆီကို ​ရောက်​ပါတယ်။ဒီအ​ခြေ​နေ​ပေါ်မှာမူတည်​ပြီး ၂နိုင်​ငံ MoUလက်​မှတ်​​ရေးထိုးနိုင်​​ရေးအတွက်​ကို ပြင်​ဆင်​​ဆောင်​ရွက်​ပါတယ်​။ အ​ရောင်းအဝယ်​ပမာဏ ၊​ဈေးနှုန်းနဲ့အမျိုးအစားက နှစ်​ဖက်​ကုမ္ပဏီ​တွေ ညှိရမှာ
ဖြစ်​ပါတယ်​။ MoUက​တော့ အစိုးရချင်းထိုးမှာပါ။
ဈေးနှုန်းဆိုတာလဲ​ ပေါက်​​ဈေးပဲဖြစ်​ရမယ်​။ အ​ရောင်း အဝယ်​ဆိုတာကလဲ နိုင်​ငံတကာမှာသက်​မှတ်​ထားတဲ့ စံနှုန်း​တွေအတိုင်း ​ဆောင်​ရွက်​ရမှာပါ။”ဟု၎င်းက​ပြောသည်​။

နှစ်​နိုင်​ငံ ကုန်​ပစ္စည်းများအပြန်​အလှန်​ တင်​ပို့နိုင်​​ရန်
ဇွန်​လ ဒုတိယပတ်​က တရုတ်​နိုင်​ငံ ကူမင်းမြို့တွင်​ ပြုလုပ်​​သော ကုန်​စည်​ပြပွဲသို့ ​လက်​မှတ်​​ရေးထိုး​ရေးအတွက်
မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​ MRF မှ ဖွဲ့စည်းထား သည့်​ ကိုယ်​စားလှယ်​ ​ကော်​မတီဝင်​ ​၉ဦးမှ သွား​ရောက်​ခဲ့ရာ ပြည်​နယ်​အစိုးရ၏ ခွင့်​ပြုချက်​ရရှိ​သော်​လည်း ဗဟိုအစိုးရ၏ ခွင့်ပြုချက်​မရရှိ​သေးသော​ကြောင့်​ ​ရေးထိုးနိုင်​ခဲ့ခြင်းမရှိခဲ့​ကြောင်း ယင်း​ကော်​မတီ ၉ ဦးထဲမှ အဖွဲ့ဝင်​ဖြစ်​သူ ဦးစိုင်း​ကျော်​က​ပြောသည်​။

ယင်းလယ်​ယာထွက်​ကုန်​ပစ္စည်းများကို နယ်​စပ်​လမ်း​ကြောင်းမှ တရားဝင်​ တင်​ပို့သွားမည်​ဖြစ်​ပြီး နယ်​စပ်​လမ်း​ကြောင်းမှ တရားဝင်​ ဆန်​တန်​ချိန်​ ၁သန်းတင်​ပို့နိုင်​​ရေးမှာ ပထမဆုံးအကြိမ်​ဖြစ်​ကာ သယ်​ယူစရိတ်​ လည်း သက်​သာသွားမည်​ဟုဆိုသည်​။

တရုတ်​နိုင်​ငံသို့ ဆန်​တန်​ချိန်​ ၁ သန်းအပါအဝင်​ လယ်​ယာထွက်​ကုန်​များဖြစ်​သည့်​ ပဲ ၊​ နှမ်း၊ ပြောင်း၊သကြား စသည်​တို့ကို တင်​ပို့နိုင်​ရန်​ MoU ​ရေးထိုးသွားမည်​ဖြစ်​ပြီး တရုတ်​နိုင်​ငံမှလည်း မြန်​မာနိုင်​ငံကို တင်​သွင်း​နေသည့်လယ်​ယာသုံး သွင်းအားစု များဖြစ်​​သော စက်​ကိရိယာ​များ၊လျှပ်​စစ်​ပစ္စည်း​များ၊ ​ဆောက်​လုပ်​​ရေးပစ္စည်းဖြစ်​သည့်​သံနှင့်​ သံမဏိတို့ကို နှစ်​နိုင်​ငံပစ္စည်း ချင်းဖလှယ်​သည့်​စနစ်​ဖြင့်​အ​ရောင်းအဝယ်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံ ဆန်​စပါးအသင်းချုပ်​မှ ဒုတိယ ဥက္ကဋ္ဌ
ဦး​အောင်​သန်းဦးက​ပြောသည်​။

Leave a Reply