မန္းသီတာဥယ်ာဥ္ကို အလယ္ပိုင္းတိုင္းစစ္႒ာနခ်ဳပ္က ျပန္လည္ေဖာ္ေဆာင္မည္

0
169

 

မႏၱေလး၊ဒီဇင္ဘာ ၂၀၊၂၀၁၇

မႏၲေလးၿမိဳ႕၊က်ံဳးေဘး ၂၆ လမ္းတြင္ မန္းသီတာဥယ်ာဥ္ကို အလယ္ပိုင္းတိုင္းစစ္႒ာနခ်ဳပ္က ျပန္လည္ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သိရသည္။

မန္းသီတာဥယ်ာဥ္ကို ျပန္လည္တည္ေဆာက္ခြင့္ရရွိေရးအတြက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက လံုၿခံဳေရး၊ တည္ၿငိမ္ေရးႏွင့္တရားဥပေဒစိုးမိုးေရးေကာ္မတီသို႔ ျပန္လည္ တည္ေဆာက္မည့္ ဒီဇုိင္းႏွင့္တကြ ေဆာက္လုပ္ခြင့္ကို ၂၀၁၆ ခုႏွစ္
အတြင္းက တင္ျပခဲ့ဖူးသည္။

“မန္းသီတာဥယ်ာဥ္ ျပန္လည္တည္ေဆာက္ဖို႔တင္ျပထားေပမယ့္ တပ္မေတာ္ကပဲ ျပန္လည္တည္ေဆာက္ေပးမယ္လို႔ အေၾကာင္းျပန္ လာတယ္ ။ သူတို႔ဒီဇိုင္းနဲ႔ သူတို႔လုပ္မွာလား ။ ကြ်န္ေတာ္တို႔ဒီဇိုင္းနဲ႔ လုပ္မွာလား ဆိုတာေတာ့ မသိရေသးဘူး ။” ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ ဦးေက်ာ္ေဇာေအာင္ က ေျပာသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ မန္းသီတာဥယ်ာဥ္ ျပန္လည္ေဖာ္ေဆာင္ဖို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ဘတ္ဂ်က္ေတာင္းခံၿပီးျဖစ္ကာ အလယ္ပိုင္းတိုင္းစစ္႒ာနခ်ဳပ္ က ျပန္လည္ေဖာ္ေဆာင္သြားမည္ျဖစ္သည့္အတြက္ ရရွိလာမည့္ဘတ္ဂ်က္ကို ၿမိဳ႕ေတာ္သန္႔ရွင္းသာယာေရးအတြက္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မန္းသီတာဥယ်ာဥ္က ေရွးအစဥ္အဆက္ကတည္းက ရွိခဲ့တဲ့ ဥယ်ာဥ္ျဖစ္တယ္။ ၿမိဳ႕ျပည္သူကလည္း တန္ဖိုးထားတယ္ ။ ဒါေၾကာင့္ ဒီလိုျပန္လည္ေဖာ္ေဆာင္တာကို ႀကိဳဆိုပါတယ္” ဟု စာေရးဆရာ ဦးေက်ာ္ရင္ျမင့္က ေျပာသည္။

မန္းသီတာဥယ်ာဥ္ကုိ ၁၉၅၉ ခုႏွစ္က မႏၲေလးက်ဳံးၿမိဳ႕႐ုိးႏွင့္ က်ဳံးေရျပင္ၾကား တြင္ တပ္မေတာ္ ႏွင့္ ျမဴနီစပယ္တုိ႔ ပူးေပါင္းတည္ေဆာက္ ခဲ့ၿပီး၁၉၉၃ ခုႏွစ္တြင္ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၀၊၂၀၁၇

မန္တလေးမြို့၊ကျုံးဘေး ၂၆ လမ်းတွင် မန်းသီတာဥယျာဉ်ကို အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

မန်းသီတာဥယျာဉ်ကို ပြန်လည်တည်ဆောက်ခွင့်ရရှိရေးအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက လုံခြံုရေး၊ တည်ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီသို့ ပြန်လည် တည်ဆောက်မည့် ဒီဇိုင်းနှင့်တကွ ဆောက်လုပ်ခွင့်ကို ၂၀၁၆ ခုနှစ် 
အတွင်းက တင်ပြခဲ့ဖူးသည်။

“မန်းသီတာဥယျာဉ် ပြန်လည်တည်ဆောက်ဖို့တင်ပြထားပေမယ့် တပ်မတော်ကပဲ ပြန်လည်တည်ဆောက်ပေးမယ်လို့ အကြောင်းပြန် လာတယ် ။ သူတို့ဒီဇိုင်းနဲ့ သူတို့လုပ်မှာလား ။ ကျွန်တော်တို့ဒီဇိုင်းနဲ့ လုပ်မှာလား ဆိုတာတော့ မသိရသေးဘူး ။” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန်းသီတာဥယျာဉ် ပြန်လည်ဖော်ဆောင်ဖို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဘတ်ဂျက်တောင်းခံပြီးဖြစ်ကာ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် က ပြန်လည်ဖော်ဆောင်သွားမည်ဖြစ်သည့်အတွက် ရရှိလာမည့်ဘတ်ဂျက်ကို မြို့တော်သန့်ရှင်းသာယာရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“မန်းသီတာဥယျာဉ်က ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တဲ့ ဥယျာဉ်ဖြစ်တယ်။ မြို့ပြည်သူကလည်း တန်ဖိုးထားတယ် ။ ဒါကြောင့် ဒီလိုပြန်လည်ဖော်ဆောင်တာကို ကြိုဆိုပါတယ်” ဟု စာရေးဆရာ ဦးကျော်ရင်မြင့်က ပြောသည်။

မန်းသီတာဥယျာဉ်ကို ၁၉၅၉ ခုနှစ်က မန္တလေးကျုံးမြို့ရိုးနှင့် ကျုံးရေပြင်ကြား တွင် တပ်မတော် နှင့် မြူနီစပယ်တို့ ပူးပေါင်းတည်ဆောက် ခဲ့ပြီး၁၉၉၃ ခုနှစ်တွင်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply