မူးယစ္ေဆးဝါး ေတြ႕ရွိသည့္ အက်ဥ္းသား ႏွင့္ ဝယ္ယူေပးေသာ အက်ဥ္းေထာင္တပ္သားကို အေရးယူ

0
165

 

မႏၱေလး၊ဒီဇင္ဘာ ၂၁၊၂၀၁၇

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ခ႐ိုင္၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ၂၄ မိုင္ ေက်ာက္ထုတ္လုပ္ေရးစခန္းတြင္ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိသည့္ အက်ဥ္းသားႏွင့္ ဝယ္ယူေပးသည့္ အက်ဥ္းေထာင္တပ္သား ကို ဒီဇင္ဘာလ ၂၀ ရက္ေန႔က အေရးယူခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ၂၀ ရက္ေန႔က မူးယစ္ေဆးဝါးမႈျဖင့္ ေထာင္ (၁၀) ႏွစ္ က်ခံေနရသည့္ ေမာင္ေဇာ္ (၄၁) ႏွစ္အား ေထာင္ဗူးတံခါးတြင္ စစ္ေဆးရာ ဝဲဘက္ေျခသလံုး၌ ေျခစြပ္ႏွင့္ ဖြက္၍ သယ္ေဆာင္လာေသာ ပင္နီဆီလင္ ပုလင္းထဲတြင္ ဘိန္းျဖဴ ၀ဒသမ၂ ဂရမ္ (ကာလတန္ဖိုး ၂ ေသာင္းက်ပ္) သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ယင္းဘိန္းျဖဴကို ၂၄ မိုင္ ေက်ာက္ထုတ္လုပ္ေရးစခန္းမွ အက်ဥ္းေထာင္ တပ္သား ရွိဳင္းလင္းေဇာ္ (၂၆) ႏွစ္ကို ေငြက်ပ္ ၅ ေသာင္းေပး၍ ဝယ္ခိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သတ္၍ က်ဥ္းသား ေမာင္ေဇာ္ ႏွင့္ အက်ဥ္းေထာင္တပ္သား ရွိဳင္းလင္းေဇာ္ တို႔ကို ျပင္စာေက်းရြာရဲစခန္းတြင္ မယ (ပ)၇/၂၀၁၇ မူး/စိတ္ ပုဒ္မ ၁၅/၁၆(ဂ)/၂၁ အရ အမႈဖြင့္ဖမ္းစီးစစ္ေဆးလွ်က္ရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုး က သိရသည္

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၁၊၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ၂၄ မိုင် ကျောက်ထုတ်လုပ်ရေးစခန်းတွင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသည့် အကျဉ်းသားနှင့် ဝယ်ယူပေးသည့် အကျဉ်းထောင်တပ်သား ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ၂၀ ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် ထောင် (၁၀) နှစ် ကျခံနေရသည့် မောင်ဇော် (၄၁) နှစ်အား ထောင်ဗူးတံခါးတွင် စစ်ဆေးရာ ဝဲဘက်ခြေသလုံး၌ ခြေစွပ်နှင့် ဖွက်၍ သယ်ဆောင်လာသော ပင်နီဆီလင် ပုလင်းထဲတွင် ဘိန်းဖြူ ၀ဒသမ၂ ဂရမ် (ကာလတန်ဖိုး ၂ သောင်းကျပ်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဘိန်းဖြူကို ၂၄ မိုင် ကျောက်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းထောင် တပ်သား ရှိုင်းလင်းဇော် (၂၆) နှစ်ကို ငွေကျပ် ၅ သောင်းပေး၍ ဝယ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ကျဉ်းသား မောင်ဇော် နှင့် အကျဉ်းထောင်တပ်သား ရှိုင်းလင်းဇော် တို့ကို ပြင်စာကျေးရွာရဲစခန်းတွင် မယ (ပ)၇/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့်ဖမ်းစီးစစ်ဆေးလျှက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်

နိုင်လင်းဦး

Leave a Reply