တပ္ေျပး စစ္သည္ကို ရွာေဖြသည့္ ေျမာက္ကိုရီးယားစစ္သည္မ်ားအား ေတာင္ကိုရီးယားစစ္တပ္ ပစ္ခတ္

0
169

ပံုစာ။ ကိုရီးယားႏွစ္ႏုိင္ငံနယ္စပ္ရွိ သံဆူးႀကိဳးကာထားမႈတစ္ခု။

ပန္မြန္ဂၽြမ္ ဒီဇင္ဘာ ၂၁

ဒီဇင္ဘာ ၂၁ ရက္ အေစာပိုင္းတြင္ စစ္တပ္မွ ထြက္ေျပးခဲ့သည့္ ေျမာက္ကိုရီးယားစစ္သည္တစ္ဦးကို ရွာေဖြခဲ့သည့္ ေျမာက္ကိုရီးယား နယ္ျခားေစာင့္စစ္သည္မ်ားအား ေတာင္ကိုရီးယားစစ္တပ္က သတိေပးပစ္ခတ္မႈျပဳလုပ္ခဲ့ရသည္။

ဒီဇင္ဘာ ၂၁ ရက္ ေဒသဆုိင္ရာစံေတာ္ခ်ိန္ နံနက္ ၈ နာရီေက်ာ္အခ်ိန္တြင္ ေျမာက္ကိုရီယားစစ္သားတစ္ဦးသည္ ႏွစ္ႏုိင္ငံနယ္စပ္ရွိ လက္နက္ ကင္းမဲ့ဇုန္( ဒီအမ္ဇက္) ကိုျဖတ္သန္းၿပီး ေတာင္ကိုရီးယား ဘက္သို႔ ဝင္ေရာက္ခဲ့သည္။ ေျမာက္ကိုရီးယားစစ္သည္သည္ စစ္ေဆးေရး ဂိတ္သုိ႔ရာက္ရွိခဲ့ေၾကာင္း ေတာင္ကိုိရီးယားစစ္တပ္က ေျပာဆုိခဲ့သည္။

ယခုႏွစ္အတြင္း ေျမာက္ကိုရီးယားစစ္သားေလးဦး ေတာင္ကိုရီးယားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၿပီးျဖစ္သည္။ မၾကာေသးမီရက္သတၱပတ္မ်ားတြင္ ထူးျခားေသာ တပ္ေျပးမႈတစ္ခုျဖစ္ပြားခဲ့ၿပီးျဖစ္သည္။

ႏိုဝင္ဘာ ၁၃ ရက္တြင္ ပန္မြန္ဂၽြမ္ေက်းရြာရွိ ပူးတဲြလုံၿခံဳေရးေနရာ( ေဂ်အက္စ္ေအ)၏ ေတာင္ဘက္ပိုင္းသို႔ ထြက္ေျပးတိမ္းေရွာင္သည့္ ေျမာက္ကိုရီးယားစစ္သည္တစ္ဦးကုိ အျခားေျမာက္ကိုရီးယား စစ္သည္မ်ားက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္။

ေျမာက္ကိုရီးယားနယ္ျခားေစာင့္တပ္သားမ်ား နယ္စပ္သို႔ ခ်ဥ္းကပ္လာေသာေၾကာင့္ ေတာင္ကိုရီးယားစစ္သည္မ်ားသည္ သတိေပးပစ္ခတ္မႈ အႀကိမ္ ၂၀ ခန္႔ကို ျပဳလုပ္ခဲ့ရေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၂၁ ရက္တြင္ထုတ္ျပန္ခဲ့သည္။ ဂန္းဝန္ခ႐ိုင္ရွိ နယ္စပ္တစ္ေလွ်ာက္တြင္ တပ္ေျပးမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားႏိုင္ငံပိုင္ ေကဘီအက္စ္က ေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားစစ္သည္ကို ေတာင္ကိုရီးယားစစ္သည္မ်ားက ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ၿပီး စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ေနၿပီျဖစ္သည္။ ဒီအမ္ဇက္သည္ ကမာၻေပၚတြင္ လက္နက္ႏွင့္ လူသူအင္အား အမ်ားဆံုးခ်ထားသည့္ ေနရာတစ္ခုျဖစ္သည္။ ႏွစ္ဘက္စလံုးက သံဆူးႀကိဳးမ်ားျဖင့္ ကာရံထားၿပီး လံုၿခံဳေရးကင္မရာမ်ားတပ္ဆင္ထားကာ ေျမျမႇဳပ္မိုင္းမ်ားကိုလည္း ျမႇဳပ္ႏွံထားသည္။

လြန္ခဲ့ေသာလက ျဖစ္ပြားခဲ့သည့္ တပ္ေျပးမႈတြင္ စစ္သားသည္ ဂ်စ္ကားတစ္စီးျဖင့္ နယ္စပ္အထိ ေမာင္းႏွင္လာခဲ့ၿပီး ယင္းေနာက္ ေျမာက္ကိုရီးယားအေစာင့္စစ္သည္မ်ား၏က်ည္ဆန္မ်ားၾကားတြင္ ေတာင္ပိုင္းသို႔ တိမ္းေရွာင္ႏုိင္ခဲ့သည္။

က်ည္ဆန္ရာငါးခ်က္ထိမွန္ခဲ့ၿပီးေနာက္ ေျမာက္ကိုရီးယားစစ္သည္သည္ ေတာင္ပိုင္းဘက္ျခမ္းသို႔ေရာက္ရွိခဲ့ကာ ေတာင္ကိုရီးယားစစ္သည္မ်ား၏ ကယ္တင္ျခင္းခံခဲ့ရသည္။

Source:BBC

႐ိုးေျမ

ပန်မွန်ဂျွမ် ဒီဇင်ဘာ ၂၁

ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းတွင် စစ်တပ်မှ ထွက်ပြေးခဲ့သည့် မြောက်ကိုရီးယားစစ်သည်တစ်ဦးကို ရှာဖွေခဲ့သည့် မြောက်ကိုရီးယား နယ်ခြားစောင့်စစ်သည်များအား တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်မှုပြုလုပ်ခဲ့ရသည်။

ဒီဇင်ဘာ ၂၁ ရက် ဒေသဆိုင်ရာစံတော်ချိန် နံနက် ၈ နာရီကျော်အချိန်တွင် မြောက်ကိုရီယားစစ်သားတစ်ဦးသည် နှစ်နိုင်ငံနယ်စပ်ရှိ လက်နက် ကင်းမဲ့ဇုန်( ဒီအမ်ဇက်) ကိုဖြတ်သန်းပြီး တောင်ကိုရီးယား ဘက်သို့ ဝင်ရောက်ခဲ့သည်။ မြောက်ကိုရီးယားစစ်သည်သည် စစ်ဆေးရေး ဂိတ်သို့ရာက်ရှိခဲ့ကြောင်း တောင်ကိိုရီးယားစစ်တပ်က ပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း မြောက်ကိုရီးယားစစ်သားလေးဦး တောင်ကိုရီးယားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဖြစ်သည်။ မကြာသေးမီရက်သတ္တပတ်များတွင် ထူးခြားသော တပ်ပြေးမှုတစ်ခုဖြစ်ပွားခဲ့ပြီးဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်တွင် ပန်မွန်ဂျွမ်ကျေးရွာရှိ ပူးတွဲလုံခြုံရေးနေရာ( ဂျေအက်စ်အေ)၏ တောင်ဘက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်သည့် မြောက်ကိုရီးယားစစ်သည်တစ်ဦးကို အခြားမြောက်ကိုရီးယား စစ်သည်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

မြောက်ကိုရီးယားနယ်ခြားစောင့်တပ်သားများ နယ်စပ်သို့ ချဉ်းကပ်လာသောကြောင့် တောင်ကိုရီးယားစစ်သည်များသည် သတိပေးပစ်ခတ်မှု အကြိမ် ၂၀ ခန့်ကို ပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဂန်းဝန်ခရိုင်ရှိ နယ်စပ်တစ်လျှောက်တွင် တပ်ပြေးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံပိုင် ကေဘီအက်စ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်သည်ကို တောင်ကိုရီးယားစစ်သည်များက ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီဖြစ်သည်။ ဒီအမ်ဇက်သည် ကမ္ဘာပေါ်တွင် လက်နက်နှင့် လူသူအင်အား အများဆုံးချထားသည့် နေရာတစ်ခုဖြစ်သည်။ နှစ်ဘက်စလုံးက သံဆူးကြိုးများဖြင့် ကာရံထားပြီး လုံခြံုရေးကင်မရာများတပ်ဆင်ထားကာ မြေမြှုပ်မိုင်းများကိုလည်း မြှုပ်နှံထားသည်။

လွန်ခဲ့သောလက ဖြစ်ပွားခဲ့သည့် တပ်ပြေးမှုတွင် စစ်သားသည် ဂျစ်ကားတစ်စီးဖြင့် နယ်စပ်အထိ မောင်းနှင်လာခဲ့ပြီး ယင်းနောက် မြောက်ကိုရီးယားအစောင့်စစ်သည်များ၏ကျည်ဆန်များကြားတွင် တောင်ပိုင်းသို့ တိမ်းရှောင်နိုင်ခဲ့သည်။

ကျည်ဆန်ရာငါးချက်ထိမှန်ခဲ့ပြီးနောက် မြောက်ကိုရီးယားစစ်သည်သည် တောင်ပိုင်းဘက်ခြမ်းသို့ရောက်ရှိခဲ့ကာ တောင်ကိုရီးယားစစ်သည်များ၏ ကယ်တင်ခြင်းခံခဲ့ရသည်။

Source:BBC

ရိုးမြေ

ပုံစာ။ ကိုရီးယားနှစ်နိုင်ငံနယ်စပ်ရှိ သံဆူးကြိုးကာထားမှုတစ်ခု။

Leave a Reply