Shinee အဖဲြ႕ဝင္ ဂၽြန္ဟြန္း၏စ်ာပနကုိ က်င္းပ

0
138

ဆိုးလ္ ဒီဇင္ဘာ ၂၁

လြန္ခဲ့ေသာအပတ္တြင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့သည့္ ေကေပါ့ အဆိုေတာ္အဖဲြ႕ Shinee မွ အဆိုေတာ္ ဂၽြန္ဟြန္း၏စ်ာပနကို ဒီဇင္ဘာ ၂၁ ရက္တြင္ ျပဳလုပ္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္သည္။

ေတာင္ကိုရီးယားႏိုင္ငံရွိ အႀကီးဆံုး အဆိုေတာ္အဖဲြ႕တစ္ဖြဲ႕ျဖစ္သည့္ Shinee အဖဲြ႕တြင္ နာမည္အရင္း ကင္ဂၽြန္ဟြန္ ၊ အဆိုေတာ္အမည္ ဂၽြန္ဟြန္းသည္ ဦးေဆာင္အဆိုေတာ္ျဖစ္သည္။ ဂၽြန္ဟြန္းေသဆုံးမႈေၾကာင့္ ေကေပါ့အသိုက္အဝုိင္းတြင္ တုန္လႈပ္မႈမ်ားရွိခဲ့သည္။ ပရိသတ္ရာေပါင္းမ်ားစြာသည္လည္း ၎၏႐ုပ္အေလာင္းထားရွိေသာ ေဆး႐ံုသုိ႔လာေရာက္ခဲ့သည္။

ဂၽြန္ဟြန္းမေသဆံုးမီ မိတ္ေဆြတစ္ဦးထံသို႔ ေပးပို႔သည့္ စာတိုတစ္ေစာင္တြင္ စိတ္က်မႈႏွင့္ နာမည္ေက်ာ္ၾကားမႈက်ဆင္းမႈတို႔ အေၾကာင္းကုိ ေရးသားထားသည္။ စိတ္ဓာတ္ပ်က္စီးေနၿပီျဖစ္ၿပီး နာမည္ေက်ာ္ၾကားေသာ ဘဝသည့္ ၎အတြက္မဟုတ္ေၾကာင္း ေပးစာတြင္ေဖာ္ျပထားသည္။

“ဘာေတြထပ္ေျပာရမလဲ၊ ကၽြန္ေတာ္အေကာင္းဆံုးလုပ္ခဲ့တယ္ လို႔သာေျပာေပးပါ။ ေတာ္ပါၿပီ၊။အစြမ္းကုန္ႀကိဳးစားခဲ့တယ္။ မၿပံဳးျပႏုိင္ရင္ေတာင္ အျပစ္မတင္ပါန႔ဲ” ဟုေပးစာတြင္ေရးသားထားသည္။

ဂၽြန္ဟြန္း၏႐ုပ္အေလာင္းထည့္ထားေသာ ေခါင္းတလားကုိ ဒီဇင္ဘာ ၂၁ ရက္တြင္ ေဆး႐ုံမွ ထုတ္ယူခဲ့သည္။ Shinee အဖဲြ႕ဝင္မ်ားႏွင့္ အျခားေကေပါ့အဖဲြ႕ျဖစ္သည့္ ဆူပါဂ်ဴနီယာအဖဲြ႕ဝင္မ်ားက ေခါင္းတလားကို ထမ္းခဲ့သည္။ ညီမျဖစ္သူက ဂၽြန္ဟြန္း၏ဓာတ္ပံုကုိကိုင္ေဆာင္ကာ ေရွ႕မွ ေလွ်ာက္လွမ္းခဲ့သည္။

ဂၽြန္ဟြန္းသည္ ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့ျခင္းျဖစ္ကာ ခႏၶာကိုယ္ကို ခဲြစိတ္ၿပီး ေသမႈေသခင္းကို စစ္ေဆးမည္မဟုတ္ေၾကာင္း စံုစမ္းစစ္ေဆးသူမ်ားကေျပာဆုိခဲ့သည္။

“ဂီတကို အျခားလူမ်ားထက္ ပိုမုိခ်စ္ျမတ္ႏိုးသည့္ ဂၽြန္ဟြန္း၊သူ႔ကို ထာဝရသတိရေနမွာ” ဟု အဆိုေတာ္အဖဲြ႕ Shinee က တြစ္တာလူမႈကြန္ရက္တြင္ေရးသားခဲ့သည္။

၁၉၉၀ ခုႏွစ္မ်ားတြင္ ေတာင္ကိုရီးယား၌ စတင္ေပၚေပါက္ခဲ့သည့္ ေကေပါ့သည္ အေနာက္ႏုိင္ငံႏွင့္ အာရွဓေလ့ကိုေပါင္းစပ္ထားသည့္ ေဒၚလာသန္းေပါင္းမ်ားစြာတန္ဖိုးရွိ လုပ္ငန္းႀကီးတစ္ခုျဖစ္သည္။ ေကေပါ့သည္ အာရွႏွင့္ ကမာၻတစ္ဝန္းသို႔ ပ်ံ႕ႏွံ႔ခဲ့သည့္ ကိုရီးယား လႈိင္းလံုးႀကီး၏ေရွ႕တန္းျဖစ္ေၾကာင္း ေျပာဆုိမႈမ်ားရွိခဲ့သည္။

Shinee အဖဲြ႕ကို အက္စ္အမ္ေဖ်ာ္ေျဖေရးကုမၸဏီက ၂၀၀၈ ခုႏွစ္တြင္ ဖဲြ႕စည္းခဲ့ျခင္းျဖစ္ၿပီး အဖဲြ႕ဝင္ ငါးဦးပါဝင္ခဲ့သည္။ Shinee သည္ လြန္ခဲ့ေသာႏွစ္မ်ားအတြင္း ဂ်ပန္ဘာသာျဖင့္ သီဆုိထားေသာ အယ္လ္ဘမ္မ်ားကို ျဖန္႔ခ်ိခဲ့ၿပီး ၂၀၁၇ ခုႏွစ္ ဂ်ပန္ခရီးစဥ္အတြင္း တိုက်ိဳဒြမ္း၌ ေဖ်ာ္ေျဖခဲ့ရာ လက္မွတ္ ၅၅၀၀၀ ေရာင္းခ်ခဲ့ရသည္။ ယခုႏွစ္ အေစာပိုင္းတြင္လည္း Shinee သည္ ပထမဆုံး အေမရိကန္ေဖ်ာ္ေျဖေရး ခရီးစဥ္ကို ျပဳလုပ္ခဲ့သည္။

Source:BBC

႐ိုးေျမ

ဆိုးလ် ဒီဇင်ဘာ ၂၁

လွန်ခဲ့သောအပတ်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သည့် ကေပေါ့ အဆိုတော်အဖွဲ့ Shinee မှ အဆိုတော် ဂျွန်ဟွန်း၏စျာပနကို ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၇ နှစ်ရှိပြီဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံး အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Shinee အဖွဲ့တွင် နာမည်အရင်း ကင်ဂျွန်ဟွန် ၊ အဆိုတော်အမည် ဂျွန်ဟွန်းသည် ဦးဆောင်အဆိုတော်ဖြစ်သည်။ ဂျွန်ဟွန်းသေဆုံးမှုကြောင့် ကေပေါ့အသိုက်အဝိုင်းတွင် တုန်လှုပ်မှုများရှိခဲ့သည်။ ပရိသတ်ရာပေါင်းများစွာသည်လည်း ၎င်း၏ရုပ်အလောင်းထားရှိသော ဆေးရုံသို့လာရောက်ခဲ့သည်။

ဂျွန်ဟွန်းမသေဆုံးမီ မိတ်ဆွေတစ်ဦးထံသို့ ပေးပို့သည့် စာတိုတစ်စောင်တွင် စိတ်ကျမှုနှင့် နာမည်ကျော်ကြားမှုကျဆင်းမှုတို့ အကြောင်းကို ရေးသားထားသည်။ စိတ်ဓာတ်ပျက်စီးနေပြီဖြစ်ပြီး နာမည်ကျော်ကြားသော ဘဝသည့် ၎င်းအတွက်မဟုတ်ကြောင်း ပေးစာတွင်ဖော်ပြထားသည်။

“ဘာတွေထပ်ပြောရမလဲ၊ ကျွန်တော်အကောင်းဆုံးလုပ်ခဲ့တယ် လို့သာပြောပေးပါ။ တော်ပါပြီ၊။အစွမ်းကုန်ကြိုးစားခဲ့တယ်။ မပြုံးပြနိုင်ရင်တောင် အပြစ်မတင်ပါနဲ့” ဟုပေးစာတွင်ရေးသားထားသည်။

ဂျွန်ဟွန်း၏ရုပ်အလောင်းထည့်ထားသော ခေါင်းတလားကို ဒီဇင်ဘာ ၂၁ ရက်တွင် ဆေးရုံမှ ထုတ်ယူခဲ့သည်။ Shinee အဖွဲ့ဝင်များနှင့် အခြားကေပေါ့အဖွဲ့ဖြစ်သည့် ဆူပါဂျူနီယာအဖွဲ့ဝင်များက ခေါင်းတလားကို ထမ်းခဲ့သည်။ ညီမဖြစ်သူက ဂျွန်ဟွန်း၏ဓာတ်ပုံကိုကိုင်ဆောင်ကာ ရှေ့မှ လျှောက်လှမ်းခဲ့သည်။

ဂျွန်ဟွန်းသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းဖြစ်ကာ ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး သေမှုသေခင်းကို စစ်ဆေးမည်မဟုတ်ကြောင်း စုံစမ်းစစ်ဆေးသူများကပြောဆိုခဲ့သည်။

“ဂီတကို အခြားလူများထက် ပိုမိုချစ်မြတ်နိုးသည့် ဂျွန်ဟွန်း၊သူ့ကို ထာဝရသတိရနေမှာ” ဟု အဆိုတော်အဖွဲ့ Shinee က တွစ်တာလူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

၁၉၉၀ ခုနှစ်များတွင် တောင်ကိုရီးယား၌ စတင်ပေါ်ပေါက်ခဲ့သည့် ကေပေါ့သည် အနောက်နိုင်ငံနှင့် အာရှဓလေ့ကိုပေါင်းစပ်ထားသည့် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ ကေပေါ့သည် အာရှနှင့် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည့် ကိုရီးယား လှိုင်းလုံးကြီး၏ရှေ့တန်းဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

Shinee အဖွဲ့ကို အက်စ်အမ်ဖျော်ဖြေရေးကုမ္ပဏီက ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ငါးဦးပါဝင်ခဲ့သည်။ Shinee သည် လွန်ခဲ့သောနှစ်များအတွင်း ဂျပန်ဘာသာဖြင့် သီဆိုထားသော အယ်လ်ဘမ်များကို ဖြန့်ချိခဲ့ပြီး ၂၀၁၇ ခုနှစ် ဂျပန်ခရီးစဉ်အတွင်း တိုကျိုဒွမ်း၌ ဖျော်ဖြေခဲ့ရာ လက်မှတ် ၅၅၀၀၀ ရောင်းချခဲ့ရသည်။ ယခုနှစ် အစောပိုင်းတွင်လည်း Shinee သည် ပထမဆုံး အမေရိကန်ဖျော်ဖြေရေး ခရီးစဉ်ကို ပြုလုပ်ခဲ့သည်။

Source:BBC

ရိုးမြေ

 

Leave a Reply