သမၼတအသက္အရြယ္ကန္႔သတ္ခ်က္ကို ယူဂႏၶာလႊတ္ေတာ္ ပယ္ဖ်က္၊ မူဆာဗဲနီ မေသမခ်င္းသမၼတအျဖစ္တာဝန္ထမ္းေဆာင္ႏုိင္ေတာ့မည္

0
166

ပံုစာ။ ယူဂႏၶာသမၼတ ယုိဝဲရီ မူဆာဗဲနီ

ကမ္ပါလာ ဒီဇင္ဘာ ၂၁

ယူဂႏၶာလႊတ္ေတာ္သည္ သမၼတ၏အသက္အရြယ္ကန္႔သတ္ခ်က္ကို ပယ္ဖ်က္သည့္ ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ျဖည့္စြက္ခ်က္ကို အတည္ျပဳလိုက္ၿပီျဖစ္သည္။

သံုးရက္ၾကာေဆြးေႏြးခ့ဲၿပီးေနာက္ လႊတ္ေတာ္အမတ္မ်ားသည္ သမၼတကိုယ္စားလွယ္ေလာင္းမ်ားသည္ အသက္ ၇၅ ႏွစ္ထက္ မေက်ာ္လြန္ရဟု သတ္မွတ္ထားမႈကို ဖ်က္သိမ္းရန္ တစ္ညီတစ္ညြတ္တည္း သေဘာတူညီမႈရရွိခဲ့သည္။ ယင္းေၾကာင့္ ယူဂႏၶာကို ႏွစ္ေပါင္း ၃၀ ေက်ာ္ အုပ္ခ်ဳပ္ခဲ့သည့္ အသက္ ၇၃ ႏွစ္အရြယ္ ယိုဝဲရီမူဆာဗဲနီသည္ ၂၀၂၁ ခုႏွစ္တြင္ ေနာက္ထပ္သက္တမ္းတစ္ခုအတြက္ ေရြးေကာက္ပဲြ ဝင္ခြင့္ရရွိမည္ျဖစ္သည္။

မူဆာဗဲနီ သမၼတတတိယသက္တမ္းေရြးေကာက္ခံရေရးအတြက္ သမၼတတစ္ဦး သက္တမ္းႏွစ္ႀကိမ္သာ တာဝန္ထမ္းေဆာင္ရမည္ဆိုသည့္ သတ္မွတ္ခ်က္ကို ၂၀၀၅ ခုႏွစ္တြင္ ဖ်က္သိမ္းခဲ့သည္။ သုိ႔ေသာ္ ေဝဖန္မႈမ်ားရွိခဲ့ၿပီးေနာက္ သမၼတကုိယ္စားလွယ္ေလာင္း၏ အသက္ ကန္႔သတ္ခ်က္ကို ထည့္သြင္းေပးခဲ့သည္။ ယခုအခ်ိန္တြင္မူ လႊတ္ေတာ္ အမတ္မ်ားက အသက္ကန္႔သတ္ခ်က္ကို ပယ္ဖ်က္ေပးလိုက္ၿပီျဖစ္ေၾကာင့္ မူဆာဗဲနီသည္မေသမခ်င္းသမၼတအျဖစ္တာဝန္ထမ္းေဆာင္ႏုိင္ေတာ့မည္
ျဖစ္သည္။

ယူဂႏၶာႏုိင္ငံသားမ်ားသည္ မူဆာဗဲနီအား မေက်နပ္ပါက ေရြးေကာက္ပဲြတြင္ မဲမေပးဘဲေနခြင့္ရွိေၾကာင္း ေထာက္ခံသူမ်ားက အရဲြ႕တုိက္ေျပာဆုိခဲ့သည္။ ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ျဖည့္စြက္ခ်က္ႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္တြင္း ေဆြးေႏြးစဥ္တြင္ အတုိက္အခံလႊတ္ေတာ္အမတ္မ်ားသည္ ဆန္႔က်င္ေၾကာင္းျပသသည့္အေနျဖင့္ လႊတ္ေတာ္အစည္းအေဝးခန္းမ အတြင္းမွ တစ္ႀကိမ္ထက္မက ထြက္ခြာခဲ့ၾကသည္။ အတိုက္အခံလႊတ္ေတာ္အမတ္ ေျခာက္ဦး ဥပေဒၾကမ္းကို ျပင္းျပင္း ထန္ထန္ ကန္႔ကြက္မႈျဖင့္ အမတ္တာဝန္မွ ေခတၱရပ္နားျခင္းခံခဲ့ရသည္။

မူဆာဗဲနီ၏ အာဏာရ အမ်ိဳးသားေတာ္လွန္ေရးလႈပ္ရွားမႈ( အင္န္အာရ္အမ္) ပါတီသည္ ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ခ်က္ကို စက္တင္ဘာတြြင္ လႊတ္ေတာ္သို႔ တင္သြင္းခဲ့ရာ ယင္းအခ်ိန္တြင္ လႊတ္ေတာ္တြင္းရွိ အတိုက္အခံအမတ္မ်ားႏွင့္ အာဏာရပါတီမွ အမတ္မ်ားၾကား ႐ုန္းရင္းဆန္ခတ္မႈျဖစ္ပြားခဲ့သည္။

အတိုက္အခံလႊတ္ေတာ္အမတ္တစ္ဦးသည္ မေက်နပ္ေသာေၾကာင့္ လႊတ္ေတာ္တြင္း ေသနတ္တစ္လက္ကိုပင္ ယူေဆာင္ခဲ့သည္။ လႊတ္ေတာ္တြင္း ႐ုန္းရင္းဆန္ခတ္မႈသည္ မိနစ္ ၂၀ ခန္႔ၾကာျမင့္ခဲ့ေၾကာင္း ေဒသခံမီဒီယာမ်ားကေဖာ္ျပခဲ့သည္။

အတိုက္အခံေခါင္းေဆာင္တစ္ဦးသည္လည္း ေထာက္ခံသူမ်ားအား ဆႏၵျပရန္ လႈံ႔ေဆာ္မႈျဖင့္ အဖမ္းခံခဲ့ရေၾကာင္း ယူဂႏၶာရဲတပ္ဖဲြ႕၏ ေျပာခြင့္ရွိသူကေျပာဆိုခဲ့သည္။

မူဆာဗဲနီသည္ ၁၉၈၆ ခုႏွစ္ကတည္းက ယူဂႏၶာကို အုပ္ခ်ဳပ္ခဲ့ျခင္းျဖစ္သည္။ သူပုန္အဖဲြ႕ေခါင္းေဆာင္အျဖစ္မွ အာဏာသိမ္းကာ အုပ္ခ်ဳပ္ခဲ့ျခင္းျဖစ္သည္။ မူဆာဗဲနီသည္ ၂၀၁၁ ခုႏွစ္ႏွင့္ ၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပဲြမ်ားတြင္ အႏုိင္ရရွိခဲ့ေသာ္လည္း အတိုက္အခံမ်ား၊ ဓနသဟာယႏုိင္ငံမ်ား၊ အေမရိကန္ႏွင့္ ဥေရာပသမဂၢတို႔မွ ေရြးေကာက္ပဲြေစာင့္ၾကည့္သူမ်ားက ေရြးေကာက္ပဲြတြင္ မဲလိမ္လည္မႈမ်ားရွိခဲ့ေၾကာင္း ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ကမ်ပါလာ ဒီဇင်ဘာ ၂၁

ယူဂန္ဓာလွှတ်တော်သည် သမ္မတ၏အသက်အရွယ်ကန့်သတ်ချက်ကို ပယ်ဖျက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်ကို အတည်ပြုလိုက်ပြီဖြစ်သည်။

သုံးရက်ကြာဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်အမတ်များသည် သမ္မတကိုယ်စားလှယ်လောင်းများသည် အသက် ရ၅ နှစ်ထက် မကျော်လွန်ရဟု သတ်မှတ်ထားမှုကို ဖျက်သိမ်းရန် တစ်ညီတစ်ညွတ်တည်း သဘောတူညီမှုရရှိခဲ့သည်။ ယင်းကြောင့် ယူဂန္ဓာကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့သည့် အသက် ရ၃ နှစ်အရွယ် ယိုဝဲရီမူဆာဗဲနီသည် ၂၀၂၁ ခုနှစ်တွင် နောက်ထပ်သက်တမ်းတစ်ခုအတွက် ရွေးကောက်ပွဲ ဝင်ခွင့်ရရှိမည်ဖြစ်သည်။

မူဆာဗဲနီ သမ္မတတတိယသက်တမ်းရွေးကောက်ခံရရေးအတွက် သမ္မတတစ်ဦး သက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရမည်ဆိုသည့် သတ်မှတ်ချက်ကို ၂၀၀၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ သို့သော် ဝေဖန်မှုများရှိခဲ့ပြီးနောက် သမ္မတကိုယ်စားလှယ်လောင်း၏ အသက် ကန့်သတ်ချက်ကို ထည့်သွင်းပေးခဲ့သည်။ ယခုအချိန်တွင်မူ လွှတ်တော် အမတ်များက အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင့် မူဆာဗဲနီသည်မသေမချင်းသမ္မတအဖြစ်တာဝန်ထမ်းဆောင်နိုင်တော့မည်
ဖြစ်သည်။

ယူဂန္ဓာနိုင်ငံသားများသည် မူဆာဗဲနီအား မကျေနပ်ပါက ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခွင့်ရှိကြောင်း ထောက်ခံသူများက အရွဲ့တိုက်ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်နှင့်ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးစဉ်တွင် အတိုက်အခံလွှတ်တော်အမတ်များသည် ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် လွှတ်တော်အစည်းအဝေးခန်းမ အတွင်းမှ တစ်ကြိမ်ထက်မက ထွက်ခွာခဲ့ကြသည်။ အတိုက်အခံလွှတ်တော်အမတ် ခြောက်ဦး ဥပဒေကြမ်းကို ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုဖြင့် အမတ်တာဝန်မှ ခေတ္တရပ်နားခြင်းခံခဲ့ရသည်။

မူဆာဗဲနီ၏ အာဏာရ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှု( အင်န်အာရ်အမ်) ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို စက်တင်ဘာတွွင် လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်းအချိန်တွင် လွှတ်တော်တွင်းရှိ အတိုက်အခံအမတ်များနှင့် အာဏာရပါတီမှ အမတ်များကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့သည်။

အတိုက်အခံလွှတ်တော်အမတ်တစ်ဦးသည် မကျေနပ်သောကြောင့် လွှတ်တော်တွင်း သေနတ်တစ်လက်ကိုပင် ယူဆောင်ခဲ့သည်။ လွှတ်တော်တွင်း ရုန်းရင်းဆန်ခတ်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံမီဒီယာများကဖော်ပြခဲ့သည်။

အတိုက်အခံခေါင်းဆောင်တစ်ဦးသည်လည်း ထောက်ခံသူများအား ဆန္ဒပြရန် လှုံ့ဆော်မှုဖြင့် အဖမ်းခံခဲ့ရကြောင်း ယူဂန္ဓာရဲတပ်ဖွဲ့၏ ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

မူဆာဗဲနီသည် ၁၉၈၆ ခုနှစ်ကတည်းက ယူဂန္ဓာကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ သူပုန်အဖွဲ့ခေါင်းဆောင်အဖြစ်မှ အာဏာသိမ်းကာ အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ မူဆာဗဲနီသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့သော်လည်း အတိုက်အခံများ၊ ဓနသဟာယနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ရွေးကောက်ပွဲစောင့်ကြည့်သူများက ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ယူဂန္ဓာသမ္မတ ယိုဝဲရီ မူဆာဗဲနီ။

Leave a Reply