ပြည်တော်သာက Food Smith ရ့ဲ စွဲမက်စေတဲ့အရသာ Food is Love.Life is Food

0
147

EAT ME

ဘောက်ထော် ပြည်တော်သာလမ်း(ဝေဇန္တာလမ်းဖက်ကဝင်ပိုနီး) ထဲမှာ ဆိုင်သစ်လေးပဲ။ကိုယ့်ခြံကိုယ့်ဝန်းလေးထဲမှာ တနိုင်တပိုင်လေးဖွင့်ထားတာ။အပြင်အဆင်ကလည်း သက်တောင့်သက်သာရှိတဲ့ Food Smithဆိုင်ကို ရောက်ဖြစ်ခဲ့ တော့ အရသာလေးတွေမျှဝေပေးချင်လာရော။

ဘာတွေရလဲ။ မီနူးလည်းရိုက်တင်ပေးထားတယ်။ရိုးရိုးရှင်းရှင်းအစားအစားတွေပါပဲ။ အက်ဒမင်တို့က နေ့လည်ကြီးရောက်သွားတော့ ဗိုက်ကတင်းတင်းရယ်ဆိုတော့ အစာပြေလေးတွေပဲမှာဖြစ်တယ်။

ဆေးဘဲဥဌာပနာ အရသာအတော်လေးမိုက်ပါတယ်။ဂျုံနှစ်တွေမဟုတ်ပဲ အသားကြီးပဲမို့ နှစ်ခုဆိုအတော်အီနေအောင်စားရတယ်။

အာလူးထောင်း ဆိုတာဆိုင်အတော်များများမှာရတဲ့ အမယ်တမျိုးပါ။ဒီဆိုင်ကစားခဲ့တဲ့ အာလူးထောင်းကိုတော့ စားဖူးသမျှထဲ အကောင်းဆုံးလို့ပြောရင်လွန်မယ်မထင်။ပူပူနွေးနွေးနဲ့ အဲ့ချိန်မှာစားရတာ ခုရေးရင်းပြန်စားချင်ပဲ။

စုရုခေါက်ဆွဲ ဘာနဲ့တူလဲဆိုတော့ ရှမ်းအရည်ဖျော်လိုပဲ။ပါဝင်တဲ့အသားက အသားပြားကြော်နဲ့မို့ စုရုခေါက်ဆွဲလို့ခေါ်တာပြောတယ်။ပဲရွက်လေးနဲ့။စားရတာရိုးရှင်းပြီး သန့်ရှင်းမှုလတ်ဆတ်မှုနဲ့ အိမ်ချက်အရသာမို့ ဒါလည်းကြိုက်တာပဲ။ ရှမ်းချဉ် ငရုတ်သီးချက်ကလည်း သက်သပ်ရပ်ရပ်နဲ့။

ပုဇွန်ဂဏန်းသား ကော်ပြန့်လိပ်ကြော် ပါဆယ်ထုတ်သွားလို့ ပုံထဲမှာမပါဘူး တစ်ပွဲမှာငါးလိပ်ပါပြီး ခပ်ပျော့ပျော့နဲ့ နူးနူးနပ်နပ် ကြော်ထားတာရယ်။အထဲမှာ ရယ်ဒီမိတ်ဂဏန်းချောင်းမဟုတ်ပဲ တကယ့်ဂဏန်းသားတွေပါတာကိုကြိုက်တယ်။

ဖက်ထုပ်ကြော် ပါဆယ်ယူဖြစ်တယ်။အရသာမဆိုး။

ကာပချီနိုကော်ဖီ ကော်ဖီ အရသာကိုတော့ သိပ်သဘောမတွေ့မိ။ ဟင်းအရသာတွေ ကောင်းတာတွေမြည့်ပြီးမှ သောက်မိလို့လားပဲ။

အစားအသောက်အရသာတွေကြိုက်တယ်။သန့်ရှင်း လတ်ဆတ်တဲ့ခံစားမှုနဲ့အတူ နောက်တခေါက်လာချင်အောင် အရသာကဆွဲဆောင်နိုင်တယ်။ ဆိုင်အပြင်အဆင်လေးလည်းရိုးရှင်းတယ်။နားအေးပါးအေးထိုင်လို့ရသလို စားပွဲကုလားထိုင်လည်း အဆင့်မှီတယ်။အထဲမှာမထိုင်ချင် ဆိုင် ဘေးမှာလည်း ထန်းလျက်ကာ သစ်ထိုင်ခုံလေးတွေနဲ့ အရိပ်အေးအေးမှာထိုင်နိုင်တယ်။ ဈေးနှုန်းလည်း အတော်လေးသင့်တယ်။

Food Smithရဲ့ဆောင်ပုဒ်လေးကိုလည်း သဘောကျတယ်။💝Food is Love.Life is Food💝တဲ့။ အက်ဒမင်တို့အတွက်တော့ အတော်မှန်တဲ့စကားလေးပဲ။

ဆိုင်ဖွင့်ပရိုမိုးရှင်းလည်းရှိတုန်း။ဆိုင်ကောင်း ဆိုင်သစ်လေးတွေ့တုန်း လူသိသိပ်မများတုန်း သွားမြည်းစမ်းကြည့်ဖို့ တိုက်တွန်းချင်တယ်။

Leave a Reply