ပိုက္ဆံအိတ္ လုယူထြက္ေျပးသူ ႏွစ္ဦး ဖမ္းဆီးရမိ

0
173

 

မႏၱေလး၊ဒီဇင္ဘာ ၂၁၊၂၀၁၇

မႏၲေလးၿမိဳ႕၊ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ ဆိုင္ကယ္ျဖင့္ ပိုက္ဆံအိတ္ လုယူထြက္ေျပးသူႏွစ္ဦးအား ဒီဇင္ဘာလ ၁၉ ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာလ ၁၉ ရက္ေန႔က မအိမြန္ေက်ာ္သည္ ၁၉ လမ္း ၊၅၇ လမ္းႏွင့္ ၅၈ လမ္းၾကားရွိ အိုေအစစ္ဓာတ္ပံုဆိုင္မွ ၅၈ လမ္းအတိုင္း ေျမာက္မွ ေတာင္သို႔ ဆိုင္ကယ္ျဖင့္ ေနအိမ္သို႔အျပန္တြင္ ဆိုင္ကယ္ ေရွ႕ခြက္ထဲတြင္ ထည့္ထားသည့္ ပိုက္ဆံအိတ္ကို အမည္မသိ လူ ႏွစ္ဦးက ဆိုင္ကယ္ျဖင့္ လုယူထြက္ေျပးခဲ့သည္ ။ လုယူထြက္ေျပးသူမ်ား ေနာက္သို႔ လိုက္ရင္း ေအာ္ဟစ္အကူအညီေတာင္းခဲ့ရာ ၅၈ လမ္း၊ ၂၆ လမ္း ေထာင့္တြင္ ဆိုင္ကယ္ႏွစ္စီး တိုက္မိၿပီး လုယက္မႈ က်ဴးလြန္သူ ႏွစ္ဦးအနက္ ခ်စ္စန္းကိုကို ကို ဖမ္းဆီးရမိခဲ့ကာ တစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္ခဲ့သည္။

ထို႔ေနာက္ ၅၉လမ္း၊ ၂၆ လမ္း ၊၂၇ လမ္းၾကားတြင္ လွည့္ကင္းေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လိုက္လံဖမ္းစီးရာ ထြက္ေျပးသြားသည့္ တရားခံ စိုင္းေနာ္ ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

တရားခံမ်ား ေမာင္းႏွင္သည့္ ဆိုင္ကယ္ႏွင့္ တိုက္မိသာ့္အတြက္ မအိမြန္ေက်ာ္မွာ မ်က္ခံုး ၊ ႏွာေခါင္း ၊ ဒူး ႏွင့္ ပုခံုးတို႔ ပြန္းပဲ့ ဒဏ္ရာ ရရွိခဲ့သည့္အတြက္ မႏၲေလးေဆးရံုႀကီးတြင္ တင္ပို႔ခဲ့ရၿပီး ဖမ္းစီးရမိသည့္ တရားခံ ခ်စ္စန္းကိုကို ႏွင့္ စိုင္းေနာ္ တို႔ကို ဒီဇင္ဘာလ ၂၀ ရက္ေန႔က အမွတ္(၁) နယ္ေျမခံရဲစခန္းတြင္ (ပ)၈၃၆/၂၀၁၇ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၃၈၂/၃၃၈ ျဖင့္ အမႈဖြင့္ ဖမ္းစီးအေရးယူထားေၾကာင္း မႏၲေလး တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၁၊၂၀၁၇

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယူထွက်ပြေးသူနှစ်ဦးအား ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က မအိမွန်ကျော်သည် ၁၉ လမ်း ၊၅၇ လမ်းနှင့် ၅၈ လမ်းကြားရှိ အိုအေစစ်ဓာတ်ပုံဆိုင်မှ ၅၈ လမ်းအတိုင်း မြောက်မှ တောင်သို့ ဆိုင်ကယ်ဖြင့် နေအိမ်သို့အပြန်တွင် ဆိုင်ကယ် ရှေ့ခွက်ထဲတွင် ထည့်ထားသည့် ပိုက်ဆံအိတ်ကို အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးခဲ့သည် ။ လုယူထွက်ပြေးသူများ နောက်သို့ လိုက်ရင်း အော်ဟစ်အကူအညီတောင်းခဲ့ရာ ၅၈ လမ်း၊ ၂၆ လမ်း ထောင့်တွင် ဆိုင်ကယ်နှစ်စီး တိုက်မိပြီး လုယက်မှု ကျူးလွန်သူ နှစ်ဦးအနက် ချစ်စန်းကိုကို ကို ဖမ်းဆီးရမိခဲ့ကာ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ထို့နောက် ၅၉လမ်း၊ ၂၆ လမ်း ၊၂၇ လမ်းကြားတွင် လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းစီးရာ ထွက်ပြေးသွားသည့် တရားခံ စိုင်းနော် ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံများ မောင်းနှင်သည့် ဆိုင်ကယ်နှင့် တိုက်မိသာ့်အတွက် မအိမွန်ကျော်မှာ မျက်ခုံး ၊ နှာခေါင်း ၊ ဒူး နှင့် ပုခုံးတို့ ပွန်းပဲ့ ဒဏ်ရာ ရရှိခဲ့သည့်အတွက် မန္တလေးဆေးရုံကြီးတွင် တင်ပို့ခဲ့ရပြီး ဖမ်းစီးရမိသည့် တရားခံ ချစ်စန်းကိုကို နှင့် စိုင်းနော် တို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ်(၁) နယ်မြေခံရဲစခန်းတွင် (ပ)၈၃၆/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂/၃၃၈ ဖြင့် အမှုဖွင့် ဖမ်းစီးအရေးယူထားကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

နိုင်လင်းဦး

Leave a Reply