ျပိဳင္ပြဲဝင္ႏွစ္ရာေက်ာ္ျဖင့္ တတိယအႀကိမ္ကရာေတးဒို ၿပိဳင္ပြဲက်င္းပမည္

0
126

မႏၱေလး၊ဒီဇင္ဘာ ၂၁၊၂၀၁၇

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊မႏၲလာသီရိအားကစားကြင္းတြင္ ဒီဇင္ဘာလ ၂၃ ရက္ေန႔၌ ၿပိဳင္ပြဲဝင္ အားကစားသမား ၂၀၀ ေက်ာ္ျဖင့္ 3rd TAKUYA TANIYAMA CUP KARATE-DO CHAMPIONSHIP 2017 ၿပိဳင္ပြဲကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ ဗထူးကြင္းခန္းမ၌ အဆိုပါ ၿပိဳင္ပြဲ က်င္းပျခင္းအတြက္ အႀကိဳသတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့သည္။

“ျမန္မာႏိုင္ငံမွာရွိတဲ့ ကရာေတးဒို ကစားသမားေတြအတြက္ အေတြ႔အၾကံဳေတြရရွိဖို႔ နဲ႔ ထူးခြ်န္ကစားသမားေတြ ေပၚထြက္လာဖို႔ ရည္ရြယ္ၿပီး ဒီၿပိဳင္ပြဲကို က်င္းပျခင္းျဖစ္တယ္။ ၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံက နာဂါတာ – ျမန္မာ က ကူညီပံ့ပိုးတာျဖစ္တယ္။ ဂ်ပန္ႏိုင္ငံအေနနဲ႔က ျမန္မာႏိုင္ငံရဲ႕ က႑ေတာ္ေတာ္မ်ားမ်ား ကူညီေပးတယ္။အဲ့ဒီအထဲက အားကစားက႑လည္း ပါတယ္ ။” ဟု ကရာေတးဒို အဖြဲ႔ခ်ဳပ္ (မႏၲေလး) ဥကၠ႒ ဦးေဇာ္ႏိုင္က ေျပာသည္။

ယင္းၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၂၀၀ ဦး စာရင္းေပးသြင္းထားၿပီး မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ ၿပိဳင္ပြဲဝင္ ၁၀၀ ေက်ာ္ ပါဝင္မည္ျဖစ္ကာ ရန္ကုန္ ၊ ပဲခူး၊ ရခိုင္၊ ကယား၊ ႐ွမ္းစသည့္ တိုင္းႏွင့္ျပည္နယ္မ်ားမွ ကစားသမားမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံမွ ကရာေတးဒို ပညာ႐ွင္မ်ားကႀကီးၾကပ္သြားမည္ျဖစ္ၿပီး အသင္းလိုက္ အမွတ္မ်ားေပးကာ အမွတ္အမ်ားဆံုးရ႐ွိသည့္အသင္းကို ဒိုင္း ႏွင့္ ဆုေငြ သိန္းႏွစ္ဆယ္၊ ဒုတိအမွတ္အမ်ားဆံုးရရွိသည့္ အသင္းကို ဆုေငြ ခုနစ္သိန္း၊ တတိယအမွတ္အမ်ားဆံုးရရွိသည့္ အသင္းကို ငါးသိန္းဆု ခ်ီးျမႇင့္ သြားမည္ျဖစ္ေၾကာင္း ၿပိဳင္ပြဲျဖစ္ေျမာက္ေရး ေကာ္မတီက သိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၁၊၂၀၁၇

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မန္တလာသီရိအားကစားကွင်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ပြိုင်ပွဲဝင် အားကစားသမား ၂၀၀ ကျော်ဖြင့် 3rd TAKUYA TANIYAMA CUP KARATE-DO CHAMPIONSHIP 2017 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗထူးကွင်းခန်းမ၌ အဆိုပါ ပြိုင်ပွဲ ကျင်းပခြင်းအတွက် အကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကရာတေးဒို ကစားသမားတွေအတွက် အတွေ့အကြုံတွေရရှိဖို့ နဲ့ ထူးချွန်ကစားသမားတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ကျင်းပခြင်းဖြစ်တယ်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံက နာဂါတာ – မြန်မာ က ကူညီပံ့ပိုးတာဖြစ်တယ်။ ဂျပန်နိုင်ငံအနေနဲ့က မြန်မာနိုင်ငံရဲ့ ကဏ္ဍတော်တော်များများ ကူညီပေးတယ်။အဲ့ဒီအထဲက အားကစားကဏ္ဍလည်း ပါတယ် ။” ဟု ကရာတေးဒို အဖွဲ့ချုပ် (မန္တလေး) ဥက္ကဋ္ဌ ဦးဇော်နိုင်က ပြောသည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၀၀ ဦး စာရင်းပေးသွင်းထားပြီး မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင်မည်ဖြစ်ကာ ရန်ကုန် ၊ ပဲခူး၊ ရခိုင်၊ ကယား၊ ရှမ်းစသည့် တိုင်းနှင့်ပြည်နယ်များမှ ကစားသမားများလည်း ပါဝင်ကြောင်း သိရသည်။

ပြိုင်ပွဲကို ဂျပန်နိုင်ငံမှ ကရာတေးဒို ပညာရှင်များကကြီးကြပ်သွားမည်ဖြစ်ပြီး အသင်းလိုက် အမှတ်များပေးကာ အမှတ်အများဆုံးရရှိသည့်အသင်းကို ဒိုင်း နှင့် ဆုငွေ သိန်းနှစ်ဆယ်၊ ဒုတိအမှတ်အများဆုံးရရှိသည့် အသင်းကို ဆုငွေ ခုနစ်သိန်း၊ တတိယအမှတ်အများဆုံးရရှိသည့် အသင်းကို ငါးသိန်းဆု ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီက သိရသည်။

နိုင်လင်းဦး

 

Leave a Reply