နစ္ျမဳပ္သမၺာန္မွ ေပ်ာက္ဆံုးေနသူသံုးဦးကို ဆက္လက္ရွာေဖြေန

0
160

ရန္ကုန္၊ဒီဇင္ဘာ ၂၁၊၂၀၁၇

ယမန္ေန႔ နံနက္ပိုင္းက မေတာ္္တဆမႈေၾကာင့္ ရန္ကုန္ျမစ္အတြင္း နစ္ျမဳပ္ခဲ့သည့္သမၺာန္ေပၚမွ ေပ်ာက္ဆံုးေနသည့္ သံုးဦးကို ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ရွာေဖြမႈမ်ားကို ေရေၾကာင္းရဲမွဴးႏွင့္အဖြဲ႔အပါအဝင္ သမၺာန္လုပ္သားမ်ားက ရွာေဖြေနၿပီး ယေန႔ေန႔လယ္ပိုင္းအထိ မေတြ႔ရွိေသးေၾကာင္း ကမာကဆစ္ သဗၼာန္အသင္း ဥကၠဌ ဦးျမင့္ထူး ေျပာၾကားခ်က္အရ သိရသည္။

“ မေန႔ကလည္း ေပ်ာက္ဆံုးေနသူေတြကို ရွာေဖြတယ္။ ဒီေန႔လည္း ထပ္ရွာတယ္။ အခုထိေတာ့ ဘာမွမေတြ႔ ေသဘူး” ဟု ဦးျမင့္ထူးက ပဥၥမလႈိင္းမီဒီယာ၏ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

ဒီဇင္ဘာလ၂၀ ရက္၊ မနက္ ၃နာရီခြဲခန္႔က ဒလၿမိဳ႕နယ္ ကမာကဆစ္ သမၺာန္ဆိပ္မွ ရန္ကုန္ၿမိဳ႕ ၊ပန္းဆိုးတန္းဆိပ္ကမ္းသို႔ ခရီးသည္ ၁၃ ဦးတင္ေဆာင္လာေသာ သမၺာန္တစ္စင္းသည္ ရန္ကုန္ျမစ္အတြင္း ေမွာက္သြားခဲ့ရာ သံုးဦးေပ်ာက္ဆံုးေနၿပီး ရွာေဖြမႈမ်ား ျပဳလုပ္ေနျခင္း လည္းျဖစ္သည္။

ေပ်ာက္ဆံုးေနသည့္သံုးဦးသည္ က်ားႏွစ္ေယာက္ႏွင့္ မတစ္ေယာက္ၿပီး က်ားႏွစ္ဦးတြင္ သဗၼာန္ေမာင္းသူတစ္ဦး ပါဝင္ေၾကာင္းလည္း သိရသည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ဒီဇင်ဘာ ၂၁၊၂၀၁၇

ယမန်နေ့ နံနက်ပိုင်းက မတော််တဆမှုကြောင့် ရန်ကုန်မြစ်အတွင်း နစ်မြုပ်ခဲ့သည့်သမ္ဗာန်ပေါ်မှ ပျောက်ဆုံးနေသည့် သုံးဦးကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ရှာဖွေမှုများကို ရေကြောင်းရဲမှူးနှင့်အဖွဲ့အပါအဝင် သမ္ဗာန်လုပ်သားများက ရှာဖွေနေပြီး ယနေ့နေ့လယ်ပိုင်းအထိ မတွေ့ရှိသေးကြောင်း ကမာကဆစ် သဗ္မာန်အသင်း ဥက္ကဌ ဦးမြင့်ထူး ပြောကြားချက်အရ သိရသည်။

“ မနေ့ကလည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေတယ်။ ဒီနေ့လည်း ထပ်ရှာတယ်။ အခုထိတော့ ဘာမှမတွေ့ သေဘူး” ဟု ဦးမြင့်ထူးက ပဥ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒီဇင်ဘာလ၂၀ ရက်၊ မနက် ၃နာရီခွဲခန့်က ဒလမြို့နယ် ကမာကဆစ် သမ္ဗာန်ဆိပ်မှ ရန်ကုန်မြို့ ၊ပန်းဆိုးတန်းဆိပ်ကမ်းသို့ ခရီးသည် ၁၃ ဦးတင်ဆောင်လာသော သမ္ဗာန်တစ်စင်းသည် ရန်ကုန်မြစ်အတွင်း မှောက်သွားခဲ့ရာ သုံးဦးပျောက်ဆုံးနေပြီး ရှာဖွေမှုများ ပြုလုပ်နေခြင်း လည်းဖြစ်သည်။

ပျောက်ဆုံးနေသည့်သုံးဦးသည် ကျားနှစ်ယောက်နှင့် မတစ်ယောက်ပြီး ကျားနှစ်ဦးတွင် သဗ္မာန်မောင်းသူတစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply