အစုိးရႏွင့္တပ္မေတာ္ အာဏာအားၿပိဳင္မႈၾကားတြင္ ရွမ္းလူမ်ိဳးမ်ားေျမဇာပင္ ျဖစ္ေန

0
148

ပံုစာ – “႐ွမ္​းအမ်ိဳးသားအဆင္​့အႀကိဳ​ လူထု​ေတြ႔ဆံု ​ေဆြး​ေႏြးပြဲကို
ယခုအခ်ိန္​ ပင္​လံုၿမိဳ႕တြင္​ က်င္​းပရန္​စတင္​​ေနပါသည္​။
အုပ္​ခ်ဳပ္​​ေရးပိုင္​းက ခြင့္​ျပဳၿပီး ​ေအာင္​ျမင္​​ေအာင္​ ကူညီ​ေဆာင္​ရြက္​​ေန​ေသာ္​လည္​း တပ္​ပိုင္​းဆိုင္​ရာမွ လာ​ေရာက္​တားဆီး​ေနပါသည္​”ဟု Sai Kyaw Nyunt facebook တြင္ တင္ျပထားေသာ ပံုႏွင့္စာျဖစ္ပါသည္

ရန္ကုန္ ၊ ဒီဇင္ဘာ ၂၁၊၂၀၁၇

အစိုးရႏွင့္တပ္မေတာ္ အာဏာအားၿပိဳင္မႈၾကားတြင္ ရွမ္းတိုင္းရင္းသား မ်ားမွာ ေျမဇာပင္ျဖစ္ေနရေၾကာင္း ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီUPDJCအတြင္းေရးမွဴးအဖဲြ႕မွ ဦးစိုင္းေက်ာ္ညႊန္႔ ကေျပာသည္။

လင္းေခးၿမိဳ႕တြင္က်င္းပမည့္ရွမ္းအမ်ိဳးသားအဆင့္ႏိုင္ငံေရးေတြ႕ဆံုပဲြ အတြက္ အႀကိဳလူထုေတြ႕ဆံုပဲြမ်ားကိုရွမ္းျပည္ နယ္တ၀ွမ္းရွိၿမိဳ႕မ်ားတြင္ က်င္းပေနၿပီး အဆိုပါလူထုေတြ႕ဆံုပဲြမ်ားကို အစိုးရမွတရား၀င္ခြင့္ျပဳခ်က္ ေပးထားေသာ္လည္း တပ္မေတာ္မွဟန္႔တားမႈမ်ားရွိေနျခင္းႏွင့္ ပတ္သတ္၍ဦးစိုင္းေက်ာ္ညႊန္႕ကေျပာဆိုလုိက္ျခင္းျဖစ္သည္။

“အစိုးရနဲ႔တပ္မေတာ္ ပါ၀ါအားၿပိဳင္မႈေတြၾကားမွာ ရွမ္းျပည္သူလူထု ကေျမဇာပင္ျဖစ္ေနတယ္။လူထုေတြ႕ဆံုပဲြေတြကို အ စုိးရဘက္က အားေပးကူညီေဆာင္ရြက္ေပးေနတာေတြရွိတယ္။ ဒါေပမယ့္ တပ္ပိုင္းက ဟန္႔တားမႈေတြကလည္းရွိေနတယ္ ဆိုေတာ့ ပါ၀ါေတြက မကဲြျပားတဲ့ သေဘာထားေတြေတြ႕ေနရတယ္”ဟုဦးစိုင္းေက်ာ္ညႊန္႔ကေျပာသည္။

ပင္လံုၿမိဳ႕တြင္ယေန႔က်င္းပသည့္လူထုေတြ႕ဆံုပဲြ ကိုလိြဳင္လင္ခ႐ိုင္ တပ္နယ္မွဴး ဗိုလ္မွဴးႀကီးေအာင္ေဌးကလာေရာက္ ဟန္႔တားခဲ့ေၾကာင္း ပင္လံုလူထုေတြ႕ဆံုပဲြတြင္ေရာက္ရွိေနသည့္ နမၼတူျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚနန္းခမ္း ေအးကေျပာသည္။

ပင္လံုၿမိဳ႕အပါအ၀င္ ယေန႔အႀကိဳလူထုေတြ႕ဆံုပဲြျပဳလုပ္သည့္ လား႐ိႈးႏွင့္တာခ်ီလိတ္ၿမိဳ႕မ်ားတြင္လည္းတပ္မေတာ္မွ လာေရာက္ ဟန္႔တားမႈမ်ားရွိေနေၾကာင္းသိရသည္။

“အုပ္ခ်ဳပ္ေရးပိုင္းကကူညီေဆာင္ရြက္ေနတယ္။ရွမ္းျပည္နယ္အစိုးရကလည္း လုပ္ခြင့္ျပဳထားတဲ့စာကိုသူတို႔ကိုျပထားတယ္။ ကၽြန္မတို႔ဆက္ၿပီး လုပ္ေနတယ္။လူထုကိုၿငိမ္းခ်မ္းေရးနဲ႔ပတ္သတ္ၿပီးရွင္းျပဖို႔လိုတယ္။ အဲ့တာေၾကာင့္ဆက္လုပ္ ေနတာ။လူထုကလည္းမျပန္ဘူး” ဟုေဒၚနန္းခမ္းေအးကေျပာသည္။

ရွမ္းအမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြမ်ား၊အႀကိဳေတြ႕ဆံုပဲြမ်ားကို သတ္မွတ္ေနရာတြင္သာျပဳလုပ္ရန္ အေရွ႕ပိုင္း တိုင္းစစ္ဌာခ်ဳပ္ကဒီဇင္ဘာ ၁၉ရက္ေန႔က ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSSသို႔ စာပို႔ခဲ့ေၾကာင္း RCSS ဆက္ဆံေရး႐ံုးမ်ားညႊန္ၾကားေရးမွဴး ဒုတိယ ဗိ္ုလ္မွဴးႀကီးစိုင္းဦးက သွ်မ္းသံေတာ္ဆင့္တြင္ေျဖၾကားထားသည္။

“အမ်ိဳးသားအဆင့္ႏိုင္ငံေရးေတြ႔ဆံုပဲြသတ္မွတ္ေနရာဆိုတာလင္းေခးမွာ လုပ္တာကိုေျပာတာ။လူထုအႀကိဳေတြ႕ဆံုပဲြ ဆိုတာသတ္မွတ္ေနရာမရွိဘူး။ ႀကိဳက္တဲ့ေနရာမွာလုပ္လို႔ရတယ္။ အဲ့လိုေျပာတာက ၿငိမ္းခ်မ္းေရး အေၾကာင္း နားမလည္ပဲေျပာေနတာ”ဟုဦးစိုင္းေက်ာ္ညႊန္႕ကေျပာသည္။

ပင္လံုၿမိဳ႕တြင္ဒီဇင္ဘာ ၁၇ရက္ေန႔က လူထုေတြ႕ဆံုပဲြျပဳလုပ္ခဲ့ေသာ္လည္း တပ္မေတာ္မွဟန္႔တားမႈေၾကာင့္ ရက္ေရႊ႕ဆိုင္းကာယေန႔တြင္ ဆက္လက္ျပဳလုပ္ေနျခင္းျဖစ္သည္။

လား႐ိႈးႏွင့္တာခ်ီလိတ္ၿမိဳ႕မ်ားတြင္တပ္မေတာ္မွဟန္႔တားမႈမ်ားရွိေနေသာ္ လည္း ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း ဦးစိုင္းေက်ာ္ညႊန္႔ကေျပာသည္။
လူထုအႀကိဳေတြ႔ဆံုပဲြမ်ားကိုရွမ္းႏိုင္ငံေရးပါတီမ်ား၊ရွမ္းလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္အရပ္ဖက္အဖဲြ႕အစည္းမ်ားပါ၀င္ သည့္ ရွမ္းျပည္ ညီညြတ္ေရး ေကာ္မတီ (CSSU)က ဦးေဆာင္က်င္းပေနျခင္းျဖစ္ၿပီး အဖဲြ႔ငါးဖဲြ႔ခဲြကာ ရွမ္းျပည္နယ္တ၀ွမ္းတြင္ လူထုေတြ႕ဆံုပဲြမ်ားျပဳလုပ္ေနျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ဒုတိယဗိုလ္ခ်ဳပ္မွဴး ႀကီးစိုး၀င္းတို႔ တက္ေရာက္ခဲ့သည့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီJICMအစည္းအေ၀းတြင္ရွမ္းအမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြ ကို RCSSဘက္မွပင္လံုၿမိဳ႕တြင္က်င္းပရန္ေတာင္းဆိုခဲ့ေသာ္လည္း တပ္မေတာ္ကကန္႔ကြက္ခဲ့ၿပီးအတိုင္ပင္ခံပုဂၢိဳလ္၏ေစ့စပ္ညိွႏိႈင္းအဆိုျပဳ သည့္လင္းေခးၿမိဳ႕တြင္က်င္းပရန္ သေဘာတူ ညီခဲ့ၾကသည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁၊၂၀၁၇

အစိုးရနှင့်တပ်မတော် အာဏာအားပြိုင်မှုကြားတွင် ရှမ်းတိုင်းရင်းသား များမှာ မြေဇာပင်ဖြစ်နေရကြောင်း ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJCအတွင်းရေးမှူးအဖွဲ့မှ ဦးစိုင်းကျော်ညွှန့် ကပြောသည်။

လင်းခေးမြို့တွင်ကျင်းပမည့်ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံပွဲ အတွက် အကြိုလူထုတွေ့ဆုံပွဲများကိုရှမ်းပြည် နယ်တဝှမ်းရှိမြို့များတွင် ကျင်းပနေပြီး အဆိုပါလူထုတွေ့ဆုံပွဲများကို အစိုးရမှတရားဝင်ခွင့်ပြုချက် ပေးထားသော်လည်း တပ်မတော်မှဟန့်တားမှုများရှိနေခြင်းနှင့် ပတ်သတ်၍ဦးစိုင်းကျော်ညွှန့်ကပြောဆိုလိုက်ခြင်းဖြစ်သည်။

“အစိုးရနဲ့တပ်မတော် ပါ၀ါအားပြိုင်မှုတွေကြားမှာ ရှမ်းပြည်သူလူထု ကမြေဇာပင်ဖြစ်နေတယ်။လူထုတွေ့ဆုံပွဲတွေကို အ စိုးရဘက်က အားပေးကူညီဆောင်ရွက်ပေးနေတာတွေရှိတယ်။ ဒါပေမယ့် တပ်ပိုင်းက ဟန့်တားမှုတွေကလည်းရှိနေတယ် ဆိုတော့ ပါ၀ါတွေက မကွဲပြားတဲ့ သဘောထားတွေတွေ့နေရတယ်”ဟုဦးစိုင်းကျော်ညွှန့်ကပြောသည်။

ပင်လုံမြို့တွင်ယနေ့ကျင်းပသည့်လူထုတွေ့ဆုံပွဲ ကိုလွိုင်လင်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ဌေးကလာရောက် ဟန့်တားခဲ့ကြောင်း ပင်လုံလူထုတွေ့ဆုံပွဲတွင်ရောက်ရှိနေသည့် နမ္မတူပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်နန်းခမ်း အေးကပြောသည်။

ပင်လုံမြို့အပါအဝင် ယနေ့အကြိုလူထုတွေ့ဆုံပွဲပြုလုပ်သည့် လားရှိုးနှင့်တာချီလိတ်မြို့များတွင်လည်းတပ်မတော်မှ လာရောက် ဟန့်တားမှုများရှိနေကြောင်းသိရသည်။

“အုပ်ချုပ်ရေးပိုင်းကကူညီဆောင်ရွက်နေတယ်။ရှမ်းပြည်နယ်အစိုးရကလည်း လုပ်ခွင့်ပြုထားတဲ့စာကိုသူတို့ကိုပြထားတယ်။ ကျွန်မတို့ဆက်ပြီး လုပ်နေတယ်။လူထုကိုငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီးရှင်းပြဖို့လိုတယ်။ အဲ့တာကြောင့်ဆက်လုပ် နေတာ။လူထုကလည်းမပြန်ဘူး” ဟုဒေါ်နန်းခမ်းအေးကပြောသည်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊အကြိုတွေ့ဆုံပွဲများကို သတ်မှတ်နေရာတွင်သာပြုလုပ်ရန် အရှေ့ပိုင်း တိုင်းစစ်ဌာချုပ်ကဒီဇင်ဘာ ၁၉ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSသို့ စာပို့ခဲ့ကြောင်း RCSS ဆက်ဆံရေးရုံးများညွှန်ကြားရေးမှူး ဒုတိယ ဗိ်ုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်တွင်ဖြေကြားထားသည်။

“အမျိုးသားအဆင့်နိုင်ငံရေးတွေ့ဆုံပွဲသတ်မှတ်နေရာဆိုတာလင်းခေးမှာ လုပ်တာကိုပြောတာ။လူထုအကြိုတွေ့ဆုံပွဲ ဆိုတာသတ်မှတ်နေရာမရှိဘူး။ ကြိုက်တဲ့နေရာမှာလုပ်လို့ရတယ်။ အဲ့လိုပြောတာက ငြိမ်းချမ်းရေး အကြောင်း နားမလည်ပဲပြောနေတာ”ဟုဦးစိုင်းကျော်ညွှန့်ကပြောသည်။

ပင်လုံမြို့တွင်ဒီဇင်ဘာ ၁၇ရက်နေ့က လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့သော်လည်း တပ်မတော်မှဟန့်တားမှုကြောင့် ရက်ရွှေ့ဆိုင်းကာယနေ့တွင် ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

လားရှိုးနှင့်တာချီလိတ်မြို့များတွင်တပ်မတော်မှဟန့်တားမှုများရှိနေသော် လည်း ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ဦးစိုင်းကျော်ညွှန့်ကပြောသည်။
လူထုအကြိုတွေ့ဆုံပွဲများကိုရှမ်းနိုင်ငံရေးပါတီများ၊ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့်အရပ်ဖက်အဖွဲ့အစည်းများပါ၀င် သည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU)က ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး အဖွဲ့ငါးဖွဲ့ခွဲကာ ရှမ်းပြည်နယ်တဝှမ်းတွင် လူထုတွေ့ဆုံပွဲများပြုလုပ်နေခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်းတို့ တက်ရောက်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီJICMအစည်းအဝေးတွင်ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကို RCSSဘက်မှပင်လုံမြို့တွင်ကျင်းပရန်တောင်းဆိုခဲ့သော်လည်း တပ်မတော်ကကန့်ကွက်ခဲ့ပြီးအတိုင်ပင်ခံပုဂ္ဂိုလ်၏စေ့စပ်ညှိနှိုင်းအဆိုပြု သည့်လင်းခေးမြို့တွင်ကျင်းပရန် သဘောတူ ညီခဲ့ကြသည်။

ကိုဉာဏ်

ပုံစာ – “ရှမ်​းအမျိုးသားအဆင်​့အကြို​ လူထု​တွေ့ဆုံ ​ဆွေး​နွေးပွဲကို
ယခုအချိန်​ ပင်​လုံမြို့တွင်​ ကျင်​းပရန်​စတင်​​နေပါသည်​။
အုပ်​ချုပ်​​ရေးပိုင်​းက ခွင့်​ပြုပြီး ​အောင်​မြင်​​အောင်​ ကူညီ​ဆောင်​ရွက်​​နေ​သော်​လည်​း တပ်​ပိုင်​းဆိုင်​ရာမှ လာ​ရောက်​တားဆီး​နေပါသည်​”ဟု Sai Kyaw Nyunt facebook တွင် တင်ပြထားသော ပုံနှင့်စာဖြစ်ပါသည်။

Leave a Reply