ဟသၤာတၿမိဳ႕ဓာတ္ဆီဆိုင္အနီး ဗံုးအတုေထာင္ကာ ေငြညွစ္မႈ သံသယရွိသူႏွစ္ဦးကို ဖမ္းဆီးစစ္ေဆး

0
149

 

ရန္ကုန္ ဒီဇင္ဘာ ၂၁

ဧရာဝတီတိုင္းေဒသႀကီး၊ဟသၤာတၿမိဳ႕၊လယ္တီိကြင္းရပ္ အဂၤပူလမ္းထိပ္ရွိ ေရႊျခေသၤ့ဓာတ္ဆီဆိုင္အနီးတြင္ ခ်ိန္ကိုက္ဗံုးဟု ယူဆႏိုင္သည့္ အိတ္တလံုးကို ခ်ထားၿပီး ပိုင္ရွင္ထံမွ ဖုန္းဆက္ေငြညွစ္ခဲ့သည့္ ျဖစ္စဥ္တြင္ သံသယရွိသူႏွစ္ဦးကို ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း ဟသၤာတၿမိဳ႕မ ရဲစခန္း အမွတ္(၁)မွ စံုစမ္းသိရွိရသည္။

ဖမ္းဆီးစစ္ေဆးေနသူမ်ားမွာ ဟသၤာတၿမိဳ႕ေပၚတြင္ေနထိုင္သူမ်ားျဖစ္ၿပီး CCTV မွတ္တမ္းမ်ားႏွင့္ ၄င္းတို႔ကိုင္ေဆာင္သည့္ ဖုန္းမွတ္တမ္းမ်ားအရ ဖမ္းဆီးစစ္ေဆးေနျခင္းျဖစ္ေၾကာင္း အဆိုပါစခန္းမွ စံုစမ္းသိရွိရသည္။

“ မေန႔က ျဖစ္စဥ္ကေန သံသယရွိတဲ့ သူႏွစ္ေယာက္ကို ဖမ္းၿပီးစစ္ေဆးေနတယ္။ဗံုးကေတာ့ အစစ္မဟုတ္ဘူး” ဟု ဟသၤာတၿမိဳ႕မရဲစခန္း အမွတ္( ၁ )မွ တာဝန္က်ရဲအရာရွိတစ္ဦးက ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

ဒီဇင္ဘာ ၂၀ ရက္ ည ကိုးနာရီခန္႔က ဗံုးဟုထင္ေယာင္ထင္မွား ျဖစ္ေစႏိုင္သည့္ပစၥည္းျဖင့္ ဗံုးေထာင္ထားသည္ ဟုေျပာကာ ေငြက်ပ္သိန္းႏွစ္ရာေပးရန္ ၿခိမ္းေျခာက္ေတာင္းဆိုခဲ့သည့္ ျဖစ္စဥ္တစ္ခု ဧရာဝတီတိုင္းေဒသႀကီး ဟသၤာတၿမိဳ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ဆိုင္ရွင္မွ သက္ဆိုင္ရာရဲစခန္းသို႔ သတင္းပို႔တိုင္ၾကားခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႔မ်ားေရာက္ရွိခ်ိန္တြင္ ၿခိမ္းေျခာက္ေျပာဆိုသည့္ဖုန္းသို႔ ဖုန္းဆက္ျ၍ ျပန္လည္ဆက္သြယ္ရာ အဆိုပါဖုန္းမွာ စက္ပိတ္သြားေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

ဗံုးအတုဟုယူဆရေသာ အရာကို တပ္မေတာ္နယ္ေျမခံတပ္ရင္း ခလရ (၁၈)မွ မိုင္းရွင္းလင္းေရးလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေထာင္ထားေသာ ဗံုးမွာ အစစ္မဟုတ္ေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရႊျခေသ့ၤဓာတ္ဆီဆိုင္ပိုင္ရွင္ ဦးသန္းထြန္း က ဟသၤာတၿမိဳ႕မ အမွတ္ (၁) ရဲစခန္းတြင္ အေရးယူေပးရန္ တိုင္ၾကားခဲ့ၿပီး ရဲစခန္းက (ပ) ၄၇၂/၂၀၁၇ ရာဇသတ္ပုဒ္မ ၃၈၆ ျဖင့္အမႈဖြင့္ခဲ့ေသာေၾကာင့္ သံသယရွိသူမ်ားကို ေခၚယူစစ္ေဆးေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျမတ္ဟိန္းေက်ာ္

ဓာတ္ပံု-ေအာင္ျမင့္ဦး

ရန်ကုန် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့၊လယ်တီိကွင်းရပ် အင်္ဂပူလမ်းထိပ်ရှိ ရွှေခြင်္သေ့ဓာတ်ဆီဆိုင်အနီးတွင် ချိန်ကိုက်ဗုံးဟု ယူဆနိုင်သည့် အိတ်တလုံးကို ချထားပြီး ပိုင်ရှင်ထံမှ ဖုန်းဆက်ငွေညှစ်ခဲ့သည့် ဖြစ်စဉ်တွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ဟင်္သာတမြို့မ ရဲစခန်း အမှတ်(၁)မှ စုံစမ်းသိရှိရသည်။

 

ဖမ်းဆီးစစ်ဆေးနေသူများမှာ ဟင်္သာတမြို့ပေါ်တွင်နေထိုင်သူများဖြစ်ပြီး CCTV မှတ်တမ်းများနှင့် ၄င်းတို့ကိုင်ဆောင်သည့် ဖုန်းမှတ်တမ်းများအရ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ စုံစမ်းသိရှိရသည်။

“ မနေ့က ဖြစ်စဉ်ကနေ သံသယရှိတဲ့ သူနှစ်ယောက်ကို ဖမ်းပြီးစစ်ဆေးနေတယ်။ဗုံးကတော့ အစစ်မဟုတ်ဘူး” ဟု ဟင်္သာတမြို့မရဲစခန်း အမှတ်( ၁ )မှ တာဝန်ကျရဲအရာရှိတစ်ဦးက ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒီဇင်ဘာ ၂၀ ရက် ည ကိုးနာရီခန့်က ဗုံးဟုထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့်ပစ္စည်းဖြင့် ဗုံးထောင်ထားသည် ဟုပြောကာ ငွေကျပ်သိန်းနှစ်ရာပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှင်မှ သက်ဆိုင်ရာရဲစခန်းသို့ သတင်းပို့တိုင်ကြားခဲ့သောကြောင့် ရဲတပ်ဖွဲ့များရောက်ရှိချိန်တွင် ခြိမ်းခြောက်ပြောဆိုသည့်ဖုန်းသို့ ဖုန်းဆက်ြ၍ ပြန်လည်ဆက်သွယ်ရာ အဆိုပါဖုန်းမှာ စက်ပိတ်သွားကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဗုံးအတုဟုယူဆရသော အရာကို တပ်မတော်နယ်မြေခံတပ်ရင်း ခလရ (၁၈)မှ မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီးနောက် ထောင်ထားသော ဗုံးမှာ အစစ်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေခြသေ့င်္ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးသန်းထွန်း က ဟင်္သာတမြို့မ အမှတ် (၁) ရဲစခန်းတွင် အရေးယူပေးရန် တိုင်ကြားခဲ့ပြီး ရဲစခန်းက (ပ) ၄၇၂/၂၀၁၇ ရာဇသတ်ပုဒ်မ ၃၈၆ ဖြင့်အမှုဖွင့်ခဲ့သောကြောင့် သံသယရှိသူများကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြတ်ဟိန်းကျော်

ဓာတ်ပုံ-အောင်မြင့်ဦး

Leave a Reply