တနသၤာရီဂ်ာနယ္ကို သတင္းမီဒီယာဥပေဒပုဒ္မျဖင့္ အေရးယူရန္ တရားရံုးဆံုးျဖတ္

0
176

 

ရန္ကုန္၊ဒီဇင္ဘာ ၂၁၊၂၀၁၇

တိုင္းအစိုးရ၏ ဂုဏ္သိကၡာကို ထိခုိက္ေစသည္ဟု ဆိုကာ တနသၤာရီဂ်ာနယ္တြင္ ပါရွိသည့္ သေရာ္စာႏွင့္ ပတ္သက္ၿပီး အေရးယူေပးရန္ ေလွ်ာက္ထားမႈကို ထားဝယ္တရားရံုးက သတင္းမီဒီယာ ဥပေဒပုဒ္မ ၂၅ (ခ)ျဖင့္ အေရးယူရန္အတြက္ ဆံုးျဖတ္ခဲ့ေၾကာင္း စံုစမ္းသိရွိရသည္။

“တရားရံုးက သတင္းမီဒီယာဥပေဒ ပုဒ္မန႔ဲအေရးယူဖို႔ ဆံုးျဖတ္လိုက္တယ္လို႔သိရတယ္။ ေလာေလာဆယ္ အခ်ိန္ထိေတာ့ က်ေနာ္႔ဆီကို ဘာဆက္သြယ္မႈမွေတာ့ မလုပ္ေသးပါဘူး” ဟု တနသၤာရီဂ်ာနယ္ တာဝန္ခံအယ္ဒီတာ ဦးဟန္ထက္ က ပဥၥမလႈိင္းမီဒီယာ၏ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာ ၂၀ ရက္တြင္ ထုတ္ေဝသည့္ တနသၤာရီဂ်ာနယ္ အတြဲ- ၅ ၊အမွတ္္ ၁၇ တြင္ပါရွိသည့္ ကေလာင္ရွင္ မူးေဆးအိုး၏ သေရာ္စာေဆာင္းပါးသည္ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔၏ ဂုဏ္သိကၡာ ကိုထိခိုက္ေစေသာေၾကာင့္ အေရးယူေပးရန္ တိုင္းအစိုးရ အဖြဲ႔က ထားဝယ္ၿမိဳ႕နယ္ တရားရံုးကို ႏိုဝင္ဘာ ၂၃ ရက္တြင္ ဦးတိုက္ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

ဦးတိုက္ေလွ်ာက္ထားမႈေၾကာင့္ တရားရံုးက ရဲတပ္ဖြဲ႔သို႔အေၾကာင္းၾကားၿပီး တနသၤာရီဂ်ာနယ္ တာဝန္ခံအယ္ဒီတာကို ဒီဇင္ဘာ ၁ ရက္တြင္ ဆင့္ေခၚစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့သည္။ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ေတြ႔ရွိခ်က္မ်ားကို တရားရံုးသို႔ျပန္လည္ေပးပို႔ခဲ့ၿပီးသတင္းမီဒီယာဥပေဒပုဒ္မ ၂၅ (ခ)ျဖင့္အေရးယူရန္ ဆံုးျဖတ္ခဲ့ျခင္းလည္းျဖစ္သည္။

တနသၤာရီဂ်ာနယ္ကို အေရးယူေပးႏိုင္ရန္အတြက္ တိုင္းေဒသႀကီး အစိုးရကိုယ္စား ဦးတိုက္ေလွ်ာက္ထားခဲ့သည့္ တိုင္းအစိုးရအဖြဲ႔ရံုးမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးေအးလူကိုဆက္သြယ္ေမးျမန္းေသာ္လည္း ထားဝယ္သို႔လာေရာက္ေမးျမန္းရန္သာ ေျဖၾကားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံစာနယ္ဇင္းေကာင္စီမွ ဦးျမင့္ေက်ာ္ က “ အခုပုဒ္မက အျပစ္ရွိတယ္ဆိုရင္ သံုးသိန္းကေန ဆယ္သိန္းၾကားပဲ ေငြဒဏ္ေဆာင္ရမယ္။ ဒါေပမယ့္ မီဒီယာအေပၚ တိုင္ၾကားတာကို တိုင္းအစိုးရအဖြဲ႔က လက္ခံလိုက္တယ္ဆိုေတာ့ မီဒီယာေတြ မလြတ္လပ္ေသးဘူးလို႔ ဆိုရမွာပဲ “ ဟု ပဥၥမလႈိင္းမီဒီယာ၏ ဆက္သြယ္ေမးျမန္းမႈကို သံုးသပ္ေျပာၾကားသည္။

သွ်င္ရဲထြဋ္

ရန်ကုန်၊ဒီဇင်ဘာ ၂၁၊၂၀၁၇

တိုင်းအစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဆိုကာ တနင်္သာရီဂျာနယ်တွင် ပါရှိသည့် သရော်စာနှင့် ပတ်သက်ပြီး အရေးယူပေးရန် လျှောက်ထားမှုကို ထားဝယ်တရားရုံးက သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် အရေးယူရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“တရားရုံးက သတင်းမီဒီယာဥပဒေ ပုဒ်မနဲ့အရေးယူဖို့ ဆုံးဖြတ်လိုက်တယ်လို့သိရတယ်။ လောလောဆယ် အချိန်ထိတော့ ကျနော့်ဆီကို ဘာဆက်သွယ်မှုမှတော့ မလုပ်သေးပါဘူး” ဟု တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဟန်ထက် က ပဥ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ဝေသည့် တနင်္သာရီဂျာနယ် အတွဲ- ၅ ၊အမှတ်် ၁၇ တွင်ပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ သရော်စာဆောင်းပါးသည် တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ ကိုထိခိုက်စေသောကြောင့် အရေးယူပေးရန် တိုင်းအစိုးရ အဖွဲ့က ထားဝယ်မြို့နယ် တရားရုံးကို နိုဝင်ဘာ ၂၃ ရက်တွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဦးတိုက်လျှောက်ထားမှုကြောင့် တရားရုံးက ရဲတပ်ဖွဲ့သို့အကြောင်းကြားပြီး တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာကို ဒီဇင်ဘာ ၁ ရက်တွင် ဆင့်ခေါ်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် တွေ့ရှိချက်များကို တရားရုံးသို့ပြန်လည်ပေးပို့ခဲ့ပြီးသတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ)ဖြင့်အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

တနင်္သာရီဂျာနယ်ကို အရေးယူပေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရကိုယ်စား ဦးတိုက်လျှောက်ထားခဲ့သည့် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူကိုဆက်သွယ်မေးမြန်းသော်လည်း ထားဝယ်သို့လာရောက်မေးမြန်းရန်သာ ဖြေကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ ဦးမြင့်ကျော် က “ အခုပုဒ်မက အပြစ်ရှိတယ်ဆိုရင် သုံးသိန်းကနေ ဆယ်သိန်းကြားပဲ ငွေဒဏ်ဆောင်ရမယ်။ ဒါပေမယ့် မီဒီယာအပေါ် တိုင်ကြားတာကို တိုင်းအစိုးရအဖွဲ့က လက်ခံလိုက်တယ်ဆိုတော့ မီဒီယာတွေ မလွတ်လပ်သေးဘူးလို့ ဆိုရမှာပဲ “ ဟု ပဥ္စမလှိုင်းမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုကို သုံးသပ်ပြောကြားသည်။

သျှင်ရဲထွဋ်

Leave a Reply