တရားဥပေဒစိုးမိုးေရးတိမ္းေစာင္ေအာင္ ျပဳလုပ္ေနသူအခ်ိဳ႕ကို အေရးယူေပးရန္ လူ ၁၀၀ ေက်ာ္ ဆႏၵျပ

0
182

 

ရန္ကုန္၊ဒီဇင္ဘာ ၂၁၊၂၀၁၇

ျမန္မာႏိုင္ငံတြင္တရားဥပေဒစိုးမိုးမႈ တိမ္းေစာင္းေအာင္ျပဳလုပ္ေနသူမ်ားကို အေရးယူေပးရန္ လူမႈအဖြဲ႕အစည္း ၃ ခုမွဦးေဆာင္၍ လူေပါင္း ၁၀၀ ေက်ာ္ျဖင့္ အခ်က္သံုးခ်က္ကိုေၾကြးေၾကာ္ကာ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း အမွန္တရားျပန္လည္ေဖာ္ေဆာင္ေရးကြန္ရက္ ဥကၠဌ ဦးကိုကိုႏိုင္က ေျပာသည္။

“ဒီမိုကေရစီကာလကိုေလ်ာက္လွမ္းေနတဲ့အခ်ိန္မွာ တရားဥပေဒကို တိမ္းေစာင္းေအာင္လုပ္ေနသူအခ်ိဳ႕ကို အေရးယူေပးဖို႔ ေရႊျပည္သာၿမိဳ႕နယ္ ကေနၿပီးေတာ့ တစ္ႏိုင္ငံလံုးအတိုင္းအတာ ထိေျပာခ်င္တာပါ။ မက္ေဆ့ ပို႔ခ်င္တာပါ” ဟု ဦးကိုကိုႏိုင္ကေျပာသည္။

အဆိုပါအဖြဲ႔သံုးဖြဲ႔အေနျဖင့္ အက်င့္ပ်က္ခ်စားေနသည့္၀န္ထမ္းအခ်ိဳ႕အလိုမရွိ၊ တရားေရးမ႑ိဳင္တိမ္းေစာင္းေအာင္ျပဳလုပ္ေနသူအခ်ိဳ႕အား ေဖာ္ထုတ္ အေရးယူေပးေရး ၊ တရား႑ိဳင္အားတိမ္းေစာင္းေအာင္ ေရွ႕ေနသိကၡာႏွင့္ မညီညြတ္ပဲ အမႈလိုက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေန အခ်ိဳ႕အားဖယ္ ရွားေပးေရးစသည့္ အခ်က္သံုးခ်က္ျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္သည္။

“ဒီေနေခတ္မ်က္ေမွာက္ကာလမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းေနတဲ့ ကာလမွာ ဒီမိုကေရးစီစနစ္ႏွင့္အညီ တရားဥပေဒစိုးမိုးမႈေအာက္မွာ ျပည္သူအမ်ားေအးခ်မ္းစြာနဲ႔ ဘ၀ရပ္တည္ႏိုင္ဖို႔ရည္ရြယ္ပါတယ္။ ဒါေပမယ့္ အခုက တရားဥပေဒစိုးမိုးမႈဆိုတာ ဘာတစ္ခုမွ မရွိဘူး။ မရွိတဲ့အတြက္ အခုလိုဆႏၵထုတ္ေဖာ္ျပတာျဖစ္တယ္” ဟု ဆႏၵျပရာတြင္ ပါ၀င္သူတစ္ဦး ကေျပာသည္။

ယင္းဆႏၵျပပြဲအား အမွတ္ ၆ ရပ္ကြက္၊ ေလွာ္ကားေအာက္ဂိတ္ စခန္းမွ ေရႊျပည္သာၿမိဳ႕နယ္တရားရံုးအထိ တရားဥပေဒစိုးမိုးေရးႏွင့္ လူ႔အခြင့္အေရး ကာကြယ္ျမင့္တင္သူမ်ားကြန္ရက္၊ အျဖဴေရာင္အားမာန္ အဖြဲ႕အစည္းနွင့္္ အမွန္တရား ျပန္လည္ေဖာ္ေဆာင္ေရးကြန္ရက္တို႔က လမ္းေလွ်ာက္ ဆႏၵျပခဲ့ျခင္းျဖစ္သည္။

ၿဖိဳးၿဖိဳး

ရန်ကုန်၊ဒီဇင်ဘာ ၂၁၊၂၀၁၇

မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးမှု တိမ်းစောင်းအောင်ပြုလုပ်နေသူများကို အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၃ ခုမှဦးဆောင်၍ လူပေါင်း ၁၀၀ ကျော်ဖြင့် အချက်သုံးချက်ကိုကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အမှန်တရားပြန်လည်ဖော်ဆောင်ရေးကွန်ရက် ဥက္ကဌ ဦးကိုကိုနိုင်က ပြောသည်။

“ဒီမိုကရေစီကာလကိုလျောက်လှမ်းနေတဲ့အချိန်မှာ တရားဥပဒေကို တိမ်းစောင်းအောင်လုပ်နေသူအချို့ကို အရေးယူပေးဖို့ ရွှေပြည်သာမြို့နယ် ကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ထိပြောချင်တာပါ။ မက်ဆေ့ ပို့ချင်တာပါ” ဟု ဦးကိုကိုနိုင်ကပြောသည်။

အဆိုပါအဖွဲ့သုံးဖွဲ့အနေဖြင့် အကျင့်ပျက်ချစားနေသည့်ဝန်ထမ်းအချို့အလိုမရှိ၊ တရားရေးမဏ္ဍိုင်တိမ်းစောင်းအောင်ပြုလုပ်နေသူအချို့အား ဖော်ထုတ် အရေးယူပေးရေး ၊ တရားဏ္ဍိုင်အားတိမ်းစောင်းအောင် ရှေ့နေသိက္ခာနှင့် မညီညွတ်ပဲ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ အချို့အားဖယ် ရှားပေးရေးစသည့် အချက်သုံးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ဒီနေခေတ်မျက်မှောက်ကာလမှာ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ဒီမိုကရေးစီစနစ်နှင့်အညီ တရားဥပဒေစိုးမိုးမှုအောက်မှာ ပြည်သူအများအေးချမ်းစွာနဲ့ ဘဝရပ်တည်နိုင်ဖို့ရည်ရွယ်ပါတယ်။ ဒါပေမယ့် အခုက တရားဥပဒေစိုးမိုးမှုဆိုတာ ဘာတစ်ခုမှ မရှိဘူး။ မရှိတဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ပြတာဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါ၀င်သူတစ်ဦး ကပြောသည်။

ယင်းဆန္ဒပြပွဲအား အမှတ် ၆ ရပ်ကွက်၊ လှော်ကားအောက်ဂိတ် စခန်းမှ ရွှေပြည်သာမြို့နယ်တရားရုံးအထိ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက်၊ အဖြူရောင်အားမာန် အဖွဲ့အစည်းနှင့်် အမှန်တရား ပြန်လည်ဖော်ဆောင်ရေးကွန်ရက်တို့က လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဖြိုးဖြိုး

Leave a Reply