4G ကြန္ရက္ပိုမိုေကာင္းမြန္ေစရန္ တယ္လီေနာက အေမရိကန္ေဒၚလာ သန္း ၈၀ ရင္းႏွီးျမွဳပ္ႏွံသြားမည္

0
172

ရန္ကုန္၊ဒီဇင္ဘာ၂၁၊၂၀၁၇

ျမန္မာႏိုင္ငံ၏ ဆက္သြယ္ေရးေအာ္ပေရတာ တစ္ခုျဖစ္ေသာ တယ္လီေနာျမန္မာသည္ 4G ကြန္ရက္ပိုမိုေကာင္းမြန္ေစရန္အတြက္ အေမရိကန္ေဒၚလာ သန္း ၈၀ ရင္းႏွီးျမွဳပ္ႏွံသြားမည္ျဖစ္ေၾကာင္းသတင္း ရရွိသည္။

“ျမန္မာႏုိင္ငံမွာ မိုဘိုင္းေဒတာသံုးစြဲမႈကို လြန္စြာ အေလးထား အသံုးျပဳေနတာျဖစ္လို႔ ဒီလိုျမင့္မားတဲ့ အသံုးျပဳမႈေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ရာ တယ္လီေနာအေနနဲ႔ ေခတ္မွီအဆင့္ျမင့္ ကြန္ရက္တစ္ခု ေဖာ္ေဆာင္ထားဖို႔ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ဆက္လက္ လုပ္ေဆာင္လွ်က္ ရွိပါတယ္။” ဟု တယ္လီေနာ၏ အမႈေဆာင္အရာရွိခ်ဳပ္ Lars Erik Tellmann က ေျပာသည္။

တယ္လီေနာျမန္မာသည္ ၁၈၀၀ MHz လိႈင္းႏႈန္းစဥ္၏ ၂ X ၁၀ MHzကို ထပ္ေဆာင္း ရယူရန္ အေမရိကန္ေဒၚလာသန္း ၈၀ ရင္းႏွီးျမဳပ္ႏွံသြားမည္ ျဖစ္ၿပီး ယင္းအသံုးျပဳခြင့္ လုပ္ငန္းစဥ္တြင္ ထပ္ေဆာင္း လိႈင္းႏႈန္းစဥ္ မ်ားကို အမ်ားဆံုး ၂X၁၀ MHz အထိ ဆက္သြယ္ေရးေအာ္ပေရတာမ်ားအား ထပ္မံရယူခြင့္ျပဳထားကာ ဦးစြာ ေလွ်ာက္ထား သူကို ဦးစားေပး အသံုးျပဳခြင့္စနစ္ျဖင့္ ခြင့္ျပဳထားျခင္း ျဖစ္ေၾကာင္းသိရသည္။

တယ္လီေနာကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ၂၀၁၃ ခုႏွစ္မွ စတင္ကာ လုပ္ငန္းမ်ားကို စတင္ခဲ့ၿပီး ယေန႔အခ်ိန္အထိ အေမရိကန္ေဒၚလာ ၂ ဘီလီယံေက်ာ္ ရင္းႏွီးျမဳပ္ႏွံထားၿပီးျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ 4G ေဒတာသံုးစြဲမႈ အေတြ႔အၾကံဳမ်ား စဥ္ဆက္မျပတ္ ေပးအပ္ႏိုင္ရန္အတြက္ ကြန္ရက္ အဆင့္ျမွင့္တင္မႈမ်ား ကိုလည္း ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ၆ လ အတြင္း တယ္လီေနာကုမၸဏီ၏ 4G ကြန္ရက္ကို တိုးခ်ဲ႕လ်က္ ရွိၿပီး ယခုႏွစ္အကုန္တြင္ ျမန္မာႏုိင္ငံ၏ ၿမိဳ႕ႀကီး မ်ားႏွင့္ ထင္ရွားေသာ ခရီးသြားေနရာမ်ားအပါအ၀င္ ေနရာ ၅၀ အား ကြန္ရက္သံုးစြဲႏိုင္ရန္ စီမံေဆာင္ရြက္လွ်က္ရွိေၾကာင္းသိရသည္။

ၿဖိဳးၿဖိဳး

ရန်ကုန်၊ဒီဇင်ဘာ၂၁၊၂၀၁၇

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော တယ်လီနောမြန်မာသည် 4G ကွန်ရက်ပိုမိုကောင်းမွန်စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသတင်း ရရှိသည်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းဒေတာသုံးစွဲမှုကို လွန်စွာ အလေးထား အသုံးပြုနေတာဖြစ်လို့ ဒီလိုမြင့်မားတဲ့ အသုံးပြုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရာ တယ်လီနောအနေနဲ့ ခေတ်မှီအဆင့်မြင့် ကွန်ရက်တစ်ခု ဖော်ဆောင်ထားဖို့ ရင်းနှီးမြုပ်နှံမှုတွေကို ဆက်လက် လုပ်ဆောင်လျှက် ရှိပါတယ်။” ဟု တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောသည်။

တယ်လီနောမြန်မာသည် ၁၈၀၀ MHz လှိုင်းနှုန်းစဉ်၏ ၂ X ၁၀ MHzကို ထပ်ဆောင်း ရယူရန် အမေရိကန်ဒေါ်လာသန်း ၈၀ ရင်းနှီးမြုပ်နှံသွားမည် ဖြစ်ပြီး ယင်းအသုံးပြုခွင့် လုပ်ငန်းစဉ်တွင် ထပ်ဆောင်း လှိုင်းနှုန်းစဉ် များကို အများဆုံး ၂X၁၀ MHz အထိ ဆက်သွယ်ရေးအော်ပရေတာများအား ထပ်မံရယူခွင့်ပြုထားကာ ဦးစွာ လျှောက်ထား သူကို ဦးစားပေး အသုံးပြုခွင့်စနစ်ဖြင့် ခွင့်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။

တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ စတင်ကာ လုပ်ငန်းများကို စတင်ခဲ့ပြီး ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားပြီးဖြစ်ကြောင်းသိရသည်။
ထို့ပြင် 4G ဒေတာသုံးစွဲမှု အတွေ့အကြုံများ စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန်အတွက် ကွန်ရက် အဆင့်မြှင့်တင်မှုများ ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ၆ လ အတွင်း တယ်လီနောကုမ္ပဏီ၏ 4G ကွန်ရက်ကို တိုးချဲ့လျက် ရှိပြီး ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ မြို့ကြီး များနှင့် ထင်ရှားသော ခရီးသွားနေရာများအပါအဝင် နေရာ ၅၀ အား ကွန်ရက်သုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဖြိုးဖြိုး

Leave a Reply