နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်၊ကျောက်စိမ်းတွဲများ ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုး ရောင်းချနိုင်ခဲ့

0
152

 




အဆိုပါ ရောင်းရသည့် အတွဲများထဲမှ ကျောက်မျက်တွဲ ၃၂တွဲကို ယူရို ဝ ဒသမ ၇၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၅၀၅၄ တွဲကို ယူရို ၄၃၈ ဒသမ ၅၈ သန်းဖိုး ရောင်းချနိုင်ခဲ့သည်။




ယဉ်ကေနွယ်

နေပြည်တော်၊ဒီဇင်ဘာ ၂၁၊၂၀၁၇

၂၀၁၇ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက် ကျောက်စိမ်းတွဲများကို ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုးအထိ ရောင်းချ ခဲ့ရကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

ယခုကျင်းပပြုလုပ်သည့် ပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောက်မျက်ကျောက်စိမ်းအတွဲပေါင်း ၅၀၈၆ တွဲရောင်းချ ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ရောင်းရသည့် အတွဲများထဲမှ ကျောက်မျက်တွဲ ၃၂တွဲကို ယူရို ဝ ဒသမ ရ၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး ကျောက်စိမ်းတွဲပေါင်း ၅၀၅၄ တွဲကို ယူရို ၄၃၈ ဒသမ ၅၈ သန်းဖိုး ရောင်းချနိုင်ခဲ့သည်။

ကျောက်မျက်ရတနာပြပွဲများသို့ တရုတ်ကုန်သည်များ လာရောက်ကြည့်ရှု ဝယ်ယူမှုများ များပြားပြီး ထိုင်း၊ကနေဒါ၊ကိုရီးယား နိုင်ငံနှင့် ပြည်တွင်း ကုန်သည်များလည်း ဝယ်ယူမှုရှိကြောင်းသိရှိရသည်။

နှစ်လယ်ပြပွဲမကျင်းပမှီ ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ကျောက်စိမ်းအတွဲပေါင်း ၅၁၉၆ တွဲကို တန်ဖိုးငွေ ယူရို ၅၁၆ ဒသမ ၅၀ သန်းဖိုး ရောင်းချခဲ့ရကြောင်းပြပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

၅၄ ကြိမ်မြောက်ပြပွဲ၌ရောင်းချခဲ့ရသည့် ကျောက်မျက်ကျောက်စိမ်းတွဲများ တွင် ငွေပေးချေးမှုသည် အတွဲပေါင်း ၄၃၅၅ တွဲအတွက် တန်ဖိုးငွေ ၄၂၂ ဒသမ ၄၂ သန်းသာ ငွေပေးချေမှုရှိခဲ့ပြီး ကျန်အတွဲပေါင်း ၈၄၁ တွဲ အတွက် တန်ဖိုးငွေ ၉၄ ဒသမ ၀၉ သန်း ပေးချေရန်ကျန်နေသေးကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။

ယဉ်ကေနွယ်

 

Leave a Reply