မည္သည့္အက်ဥ္းသားပင္ျဖစ္ေစကာမူ မိသားစုႏွင့္ေရွ႕ေနႏွင့္ေတြ႕ခြင့္ရႏိုင္ ေၾကာင္း ဦးယုလြင္ေအာင္ ေျပာၾကား

0
163

ရန္ကုန္၊ဒီဇင္ဘာ ၂၁၊၂၀၁၇

ဖမ္းဆီးခံထားရသည့္ သတင္းေထာက္ႏွစ္ဦး ကိစၥႏွင့္ ပတ္သတ္ၿပီး မည္သည့္အက်ဥ္းသားပင္ျဖစ္ေစကာမႈ မိသားစုႏွင့္ ေရွ႕ေနႏွင့္ေတြ႕ခြင့္ ရႏိုင္ေၾကာင္း ျမန္မာႏိုင္ငံလူ႔အခြင္အေရးေကာ္မွရွင္မွအဖြဲ႕၀င္ ဦးယုလြင္ေအာင္ကေျပာသည္။

“ဒီပုဂၢိဳလ္ေတြကို ဖမ္းဆီးထားတဲ့အခါမွာ ညွဥ္းပမ္းႏွိပ္စက္မႈမလုပ္ဖို႔၊ ေနမေကာင္းဘူးဆိုရင္ က်န္းမာေရးေစာင့္ေရွာက္ခြင့္ေတြရဖို႔ မည္သူ႔ကိုမဆို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတဲ့အခါမွာ အက်ဥ္းသားပင္ျဖစ္ေစကာမူ မိသားစုနဲ႔ေတြခြင့္ ေရွ႕ေနနဲ႔ေတြ႔ခြင့္ စတဲ့အခြင့္အေရးေတြဟာ လူအခြင့္အေရးနဲ႔ဆိုင္ပါတယ္” ဟုဦးယုလြင္ေအာင္ကေျပာသည္။

ရိုက္တာသတင္းဌာနမွ ကိုဝလုံး(ခ)ကိုသက္ဦးေမာင္ေမာင္ႏွင့္ ကိုေက်ာ္စိုးဦး (ခ)ကိုမိုးေအာင္တို႔ ဖမ္းဆီးခံရမႈႏွင့္ပတ္သတ္ၿပီး ျမန္မာႏိုင္ငံ သတင္း မီဒီယာေကာင္စီမွ ဒီဇင္ဘာလ ၂၀ ရက္ေန႔တြင္ ၄င္းတို႔ႏွစ္ဦးအေနျဖင့္ မိသားစု၀င္မ်ားနွင့္ ေတြ႔ဆံုခြင့္ မရရိွေၾကာင္း၊ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထားသည္ကုိ မသိရိွရေၾကာင္း၊ ၎တုိ႔အေပၚ စြပ္စြဲခ်က္မ်ားကုိ ခုခံေခ်ပ ေျဖရွင္းနုိင္ေရးအတြက္ ေရွ႕ေနႏွင့္ ေတြ႔ဆံုခြင့္ မရရိွသည့္အတြက္ လူ႔အခြင့္အေရးေကာ္မရွင္ထံတိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း လူ႔အခြင့္အေရး ေကာ္မရွင္၏ ဒီဇင္ဘာလ ၂၁ ရက္ေန႔ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

“သတင္းေထာက္ ႏွစ္ဦးအား ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ ညွဥ္းပန္း နိွပ္စက္မႈ မခံရေစေရး၊ က်န္းမာေရး ေစာင့္ေရွာက္မႈရရိွေရး၊ မိသားစု၀င္မ်ား၊ ေရွ႕ေနႏွင့္ေတြ႕ဆံုခြင့္ ရရိွေရးတုိ႔ အပါအ၀င္ ၎တို႔ရပုိင္ခြင့္ရိွေသာ လူ႔အခြင့္အေရးမ်ား ရရိွခံစားနုိင္ေရးအတြက္ ေဆာင္ရြက္ေပးသင့္ပါေၾကာင္း တုိက္တြန္းအပ္ပါသည္”ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ရိုက္တာသတင္းဌာနမွ သတင္းေထာက္ႏွစ္ဦးကို ၿပီးခဲ႔ သည္႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔ ညက ရခုိင္ေျမာက္ပုိင္း လုံၿခဳံေရးေဆာင္ရြက္ခ်က္မ်ား အပါအဝင္ ၎ေဒသတြင္ ျဖစ္ေပၚခဲ့သည့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ျမန္မာႏုိင္ငံအစုိးရ၏ လွ်ဳိ႕ဝွက္ခ်က္မ်ားကုိ ျပင္ပသုိ႔ ေပါက္ၾကားေစရန္ ရည္ရြယ္သည္ဟု ဆုိကာ မဂၤလာဒံုျမိဳ႕နယ္၊ ေထာက္ၾကန္႔၌ ဖမ္းဆီးရမိေၾကာင္း၊ ၎တုိ႔ႏွစ္ဦးအား ေထာက္ၾကန္႔နယ္ေျမ ရဲစခန္းမွ (ပ) ၁၂၉၈/ ၂၀၁၇၊ ၁၉၂၃ ခုနွစ္ ျမန္မာနုိင္ငံအစုိးရ လွ်ိဳ႕၀ွက္ ခ်က္မ်ား အက္ဥပေဒပုဒ္မ ၃ ျဖင့္ အမႈဖြင့္ စစ္ေဆးေနသည္ဟု ႏုိင္ငံပုိင္ သတင္းမီဒီယာမ်ားမွတဆင့္ အစုိးရက သတင္းထုတ္ျပန္ခဲ႔သည္။

ၿဖိဳးၿဖိဳး

ရန်ကုန်၊ဒီဇင်ဘာ ၂၁၊၂၀၁၇

ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦး ကိစ္စနှင့် ပတ်သတ်ပြီး မည်သည့်အကျဉ်းသားပင်ဖြစ်စေကာမှု မိသားစုနှင့် ရှေ့နေနှင့်တွေ့ခွင့် ရနိုင်ကြောင်း မြန်မာနိုင်ငံလူ့အခွင်အရေးကော်မှရှင်မှအဖွဲ့ဝင် ဦးယုလွင်အောင်ကပြောသည်။

“ဒီပုဂ္ဂိုလ်တွေကို ဖမ်းဆီးထားတဲ့အခါမှာ ညှဉ်းပမ်းနှိပ်စက်မှုမလုပ်ဖို့၊ နေမကောင်းဘူးဆိုရင် ကျန်းမာရေးစောင့်ရှောက်ခွင့်တွေရဖို့ မည်သူ့ကိုမဆို ဖမ်းဆီးချုပ်နှောင်ထားတဲ့အခါမှာ အကျဉ်းသားပင်ဖြစ်စေကာမူ မိသားစုနဲ့တွေခွင့် ရှေ့နေနဲ့တွေ့ခွင့် စတဲ့အခွင့်အရေးတွေဟာ လူအခွင့်အရေးနဲ့ဆိုင်ပါတယ်” ဟုဦးယုလွင်အောင်ကပြောသည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ)ကိုမိုးအောင်တို့ ဖမ်းဆီးခံရမှုနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီမှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ၄င်းတို့နှစ်ဦးအနေဖြင့် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြောင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း၊ ၎င်းတို့အပေါ် စွပ်စွဲချက်များကို ခုခံချေပ ဖြေရှင်းနိုင်ရေးအတွက် ရှေ့နေနှင့် တွေ့ဆုံခွင့် မရရှိသည့်အတွက် လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင်၏ ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“သတင်းထောက် နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်း နှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့်တွေ့ဆုံခွင့် ရရှိရေးတို့ အပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးကို ပြီးခဲ့ သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရခိုင်မြောက်ပိုင်း လုံခြုံရေးဆောင်ရွက်ချက်များ အပါအဝင် ၎င်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ ပေါက်ကြားစေရန် ရည်ရွယ်သည်ဟု ဆိုကာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၌ ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့နှစ်ဦးအား ထောက်ကြန့်နယ်မြေ ရဲစခန်းမှ (ပ) ၁၂၉၈/ ၂၀၁၇၊ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် ချက်များ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု နိုင်ငံပိုင် သတင်းမီဒီယာများမှတဆင့် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဖြိုးဖြိုး

Leave a Reply