ကာတာလိုနီးယားေဒသေရြးေကာက္ပဲြ ခဲြထြက္ေရးလုိလားေသာ ပါတီမ်ား မဲအမ်ားစုရရွိႏုိင္ေျခရွိ

0
156

ဘာစီလိုနာ ဒီဇင္ဘာ ၂၂

စပိန္ႏုိင္ငံရွိ ၾကြယ္ဝခ်မ္းသာၿပီး ခဲြထြက္ေရးလုိလားသည့္ ကာတာလိုနီးယားေဒသ၌ ဒီဇင္ဘာ ၂၁ ရက္တြင္ ေရြးေကာက္ပဲြမ်ားက်င္းပခဲ့ရာ ခဲြထြက္ေရးလိုလားသည့္ ကာတာလန္ပါတီမ်ား မဲအမ်ားစုျဖင့္ အႏုိင္ရရွိေနေျခရွိေနသည္။

စပိိန္ဗဟိုအစိုးရသည္ ကာတာလိုနီးယားအား ေပးထားသည့္ ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကုိ ႐ုပ္သိမ္းၿပီး ေအာက္တိုဘာတြင္ ျပဳလုပ္ခဲ့သည့္ ခဲြထြက္ေရးဆိုင္ရာ ျပည္သူ႔ဆႏၵခံယူပဲြသည္ ဥပေဒႏွင့္မညီေၾကာင္း ဆံုးျဖတ္ကာ ေရြးေကာက္ပဲြက်င္းပေပးခဲ့သည္။

မဲအားလံုးနီးပါးကုိေရတြက္ၿပီးေနာက္ လြတ္လပ္ေရးလိုလားသည့္ ပါတီမ်ားျဖစ္သည့္ ကာတာလိုနီးယားအတြက္ အတူတကြပါတီ( ေဂ်အိပ္စ္စီေအတီ) ၊ ကာတိုနီးယား ရီပတ္ဘလီကန္လက္ဝဲပါတီ( အီးအာရ္စီ)၊ ျပည္သူ႔ညီညြတ္ေရးပါတီမ်ားသည္ အမတ္ေနရာ ၇၀ ခန္႔ရရွိႏိုင္ေျခရွိေနသည္။

ခဲြထြက္ေရးပါတီမ်ားၾကားတြင္လည္း ျဖဳတ္ခ်ခံ ကာတာလန္ေခါင္းေဆာင္ ကာလက္စ္ပူေဒမန္၏ ေဂ်အိပ္စ္စီေအတီပါတီသည္ အီးအာရ္စီပါတီထက္ မဲပိုရႏိုင္ေျခရွိေနသည္။ ဘရပ္ဆဲလ္စ္တြင္ သြားေရာက္ခိုလံႈေနသည့္ ပူေဒမန္က ကာတာလန္ျပည္သူ႔သမၼတႏုိင္ငံ အနုုိင္ရရွိၿပီး စပိန္ႏုိင္ငံ ႐ႈံးနိမ့္သြားၿပီျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

ပူေဒမန္အား စပိ္န္အစိုးရက ပုန္ကန္မႈ၊ ႏိုင္ငံေတာ္သစၥာေဖာက္မႈမ်ားျဖင့္ စြပ္စဲြထားသည္။ ပူေဒမန္၏လက္ေထာက္အိုရီယိုဟြန္ကြာရာစ္သည္လည္း အလားတူျပစ္မႈမ်ားျဖင့္ စြပ္စဲြခံထားရၿပီး ယခုအခ်ိန္တြင္ စပိန္အစိုးရ၏ ဖမ္းဆီးခ်ဳပ္ေႏွာင္ျခင္းကိုခံထားရသည္။

စပိန္အစိုးရလုိလားေသာ ႏုိင္ငံသားမ်ားပါတီ( စီအက္စ္) သည္ ဆႏၵမဲ ၂၅ ရာခိုင္ႏႈန္းရရွိၿပီး အမတ္ေနရာ ၁၃၅ ခုရွိသည့္ လႊတ္ေတာ္၌ အမတ္ေနရာ ၃၇ ေနရာကို ရရွိခဲ့ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ထုတ္ျပန္ထားသည္။

စပိန္ဝန္ႀကီးခ်ဳပ္ မာရီယာႏို ရာဟြိဳင္း၏ ျပည္သူ႔ပါတီ( ပီပီ) သည္ ကာတာလန္လႊတ္ေတာ္သစ္၌ အမတ္ေနရာသံုးေနရာရရွိမည္ျဖစ္သည္။ လာေရာက္မဲေပးသူ ၈၀ ရာခိုင္ႏႈန္းေက်ာ္ခဲ့ေၾကာင္း ကာတာလန္ေဒသ ဆုိင္ရာေရြးေကာက္ပဲြေကာ္မရွင္က ေျပာဆုိခဲ့သည္။

ျပည္သူ႔ဆႏၵခံယူပဲြြတြင္ စပိန္မွ ခဲြထြက္ရန္ ေထာက္ခံမဲမ်ားစြာရရွိခဲ့ၿပီးေနာက္ ခဲြထြက္ေရးဝါဒီမ်ား ထိန္းခ်ဳပ္ထားသည့္ ယခင္ကာတာလန္လႊတ္ေတာ္သည္ စပိန္မွခဲြထြက္ၿပီး လြတ္လပ္ေရးေၾကညာေၾကာင္း ေအာက္တိုဘာ ၂၇ ရက္တြင္ ေၾကညာခဲ့သည္။ ျပည္သူ႔ဆႏၵခံယူပဲြတြင္ ကာတာလန္သား မဲေပးခြင့္ရွိသူ ၉၀ ရာခိုင္ႏႈန္းက လြတ္လပ္ေရးလိုလားေၾကာင္း မဲေပးခဲ့သည္။

စပိန္ဝန္ႀကီးခ်ဳပ္ ရာဟြိဳင္းသည္ ကာတာလန္အစိုးရကို ျဖဳတ္ခ်ၿပီး တိုက္႐ိုက္အုပ္ခ်ဳပ္မႈက်င့္သုံးကာ ဒီဇင္ဘာ ၂၁ ရက္တြင္ ေရြးေကာက္ပဲြက်င္းပေပးခဲံသည္။ ဘရပ္ဆဲလ္စ္သို႔ တိမ္းေရွာင္ခဲ့သည့္ ပူေဒမန္ႏွင့္ အျခားႏိုင္ငံေရးသမားေလးဦးအပါအဝင္ ကာတာလန္ ခဲြထြက္ေရးလုိလားေသာ ႏိုင္ငံေရးသမားမ်ား ၁၃ ဦးတို႔အား စပိန္ဥပေဒအရာရွိမ်ားက ပုန္ကန္မႈျဖင့္ စြပ္စဲြထားသည္။

Source:BBC

႐ုိးေျမ

ဘာစီလိုနာ ဒီဇင်ဘာ ၂၂

စပိန်နိုင်ငံရှိ ကြွယ်ဝချမ်းသာပြီး ခွဲထွက်ရေးလိုလားသည့် ကာတာလိုနီးယားဒေသ၌ ဒီဇင်ဘာ ၂၁ ရက်တွင် ရွေးကောက်ပွဲများကျင်းပခဲ့ရာ ခွဲထွက်ရေးလိုလားသည့် ကာတာလန်ပါတီများ မဲအများစုဖြင့် အနိုင်ရရှိနေခြေရှိနေသည်။

စပိိန်ဗဟိုအစိုးရသည် ကာတာလိုနီးယားအား ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး အောက်တိုဘာတွင် ပြုလုပ်ခဲ့သည့် ခွဲထွက်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲသည် ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ကာ ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။

မဲအားလုံးနီးပါးကိုရေတွက်ပြီးနောက် လွတ်လပ်ရေးလိုလားသည့် ပါတီများဖြစ်သည့် ကာတာလိုနီးယားအတွက် အတူတကွပါတီ( ဂျေအိပ်စ်စီအေတီ) ၊ ကာတိုနီးယား ရီပတ်ဘလီကန်လက်ဝဲပါတီ( အီးအာရ်စီ)၊ ပြည်သူ့ညီညွတ်ရေးပါတီများသည် အမတ်နေရာ ရ၀ ခန့်ရရှိနိုင်ခြေရှိနေသည်။

ခွဲထွက်ရေးပါတီများကြားတွင်လည်း ဖြုတ်ချခံ ကာတာလန်ခေါင်းဆောင် ကာလက်စ်ပူဒေမန်၏ ဂျေအိပ်စ်စီအေတီပါတီသည် အီးအာရ်စီပါတီထက် မဲပိုရနိုင်ခြေရှိနေသည်။ ဘရပ်ဆဲလ်စ်တွင် သွားရောက်ခိုလှုံနေသည့် ပူဒေမန်က ကာတာလန်ပြည်သူ့သမ္မတနိုင်ငံ အနုုိင်ရရှိပြီး စပိန်နိုင်ငံ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပူဒေမန်အား စပိ်န်အစိုးရက ပုန်ကန်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုများဖြင့် စွပ်စွဲထားသည်။ ပူဒေမန်၏လက်ထောက်အိုရီယိုဟွန်ကွာရာစ်သည်လည်း အလားတူပြစ်မှုများဖြင့် စွပ်စွဲခံထားရပြီး ယခုအချိန်တွင် စပိန်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရသည်။

စပိန်အစိုးရလိုလားသော နိုင်ငံသားများပါတီ( စီအက်စ်) သည် ဆန္ဒမဲ ၂၅ ရာခိုင်နှုန်းရရှိပြီး အမတ်နေရာ ၁၃၅ ခုရှိသည့် လွှတ်တော်၌ အမတ်နေရာ ၃၇ နေရာကို ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း၏ ပြည်သူ့ပါတီ( ပီပီ) သည် ကာတာလန်လွှတ်တော်သစ်၌ အမတ်နေရာသုံးနေရာရရှိမည်ဖြစ်သည်။ လာရောက်မဲပေးသူ ၈၀ ရာခိုင်နှုန်းကျော်ခဲ့ကြောင်း ကာတာလန်ဒေသ ဆိုင်ရာရွေးကောက်ပွဲကော်မရှင်က ပြောဆိုခဲ့သည်။

ပြည်သူ့ဆန္ဒခံယူပွွဲတွင် စပိန်မှ ခွဲထွက်ရန် ထောက်ခံမဲများစွာရရှိခဲ့ပြီးနောက် ခွဲထွက်ရေးဝါဒီများ ထိန်းချုပ်ထားသည့် ယခင်ကာတာလန်လွှတ်တော်သည် စပိန်မှခွဲထွက်ပြီး လွတ်လပ်ရေးကြေညာကြောင်း အောက်တိုဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။ ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာတာလန်သား မဲပေးခွင့်ရှိသူ ၉၀ ရာခိုင်နှုန်းက လွတ်လပ်ရေးလိုလားကြောင်း မဲပေးခဲ့သည်။

စပိန်ဝန်ကြီးချုပ် ရာဟွိုင်းသည် ကာတာလန်အစိုးရကို ဖြုတ်ချပြီး တိုက်ရိုက်အုပ်ချုပ်မှုကျင့်သုံးကာ ဒီဇင်ဘာ ၂၁ ရက်တွင် ရွေးကောက်ပွဲကျင်းပပေးခဲံသည်။ ဘရပ်ဆဲလ်စ်သို့ တိမ်းရှောင်ခဲ့သည့် ပူဒေမန်နှင့် အခြားနိုင်ငံရေးသမားလေးဦးအပါအဝင် ကာတာလန် ခွဲထွက်ရေးလိုလားသော နိုင်ငံရေးသမားများ ၁၃ ဦးတို့အား စပိန်ဥပဒေအရာရှိများက ပုန်ကန်မှုဖြင့် စွပ်စွဲထားသည်။

Source:BBC

ရိုးမြေ

ခွဲထွက်ရေးလိုလားသော ကာတာလန်သားများ ဆန္ဒထုတ်ဖော်ခဲ့စဉ်။

Leave a Reply