တစ္ဦးႏွင့္တစ္ဦးဖက္ေပြ႔အၾကင္နာေပးသည့္ ဆယ္ေက်ာ္သက္ႏွစ္ဦး ေက်ာင္းထုတ္ခံရ

0
188

ေဒလီ ဒီဇင္ဘာ ၂၂

အိႏိၵယႏိုင္ငံေတာင္ပိုင္းရွိ ကီရာလာျပည္နယ္၌ တစ္ဦးႏွင့္ တစ္ဦး ဖက္ေပြ႔သည့္ ဆယ္ေက်ာ္သက္ႏွစ္ဦးအား စာသင္ေက်ာင္းက အမ်ားျပည္သူဆုိင္ရာေနရာတြင္ အၾကင္နာေပးမႈျဖင့္ ထုတ္ပယ္ခဲ့ေၾကာင္း ဘီဘီစီသတင္းအရ သိရသည္။

ကီရာလာျပည္နယ္ရွိ စိန္႔ေတာမတ္စ္စာသင္ေက်ာင္း၌ အသက္ ၁၅ ႏွစ္အရြယ္ ေက်ာင္းသူေလးသည္ သီခ်င္းအဆိုၿပိဳင္ပဲြ၌ ၎ေဖ်ာ္ေျဖခဲ့မႈေကာင္း မေကာင္းကို သူငယ္ခ်င္းျဖစ္သူ အသက္ ၁၆ ႏွစ္အရြယ္ ေက်ာင္းသားေလးကို ေမးျမန္းခဲ့ရာ ေက်ာင္းသားေလးက ဂုဏ္ျပဳေၾကာင္းေျပာဆုိၿပီး ဖက္ေပြ႕ခဲ့သည္။

ဖက္ေပြ႕မႈသည္ တစ္စကၠန္႔၊ ႏွစ္စကၠန္႔သာၾကာျမင့္ေၾကာင္း ေက်ာင္းသူေလးကေျပာဆုိခဲ့သည္။ အနီးအနားတြင္ အျခားေက်ာင္းသားမ်ား ႏွင့္ ဆရာမ်ားရွိေနၿပီး မွားယြင္းေနသည္ဟု မခံစားရေၾကာင္း ေက်ာင္းသူေလးကေျပာဆုိခဲ့သည္။

သို႔ေသာ္ ဆရာတစ္ဦးက ေက်ာင္းအုပ္ႀကီးကုိသြားေရာက္တိုင္ၾကား ခဲ့ၿပီးေနာက္ မိုးမီးေလာင္ခဲ့သည္။ ဇူလုိင္ ၂၂ ရက္တြင္ ယင္းေက်ာင္းသားႏွင့္ ေက်ာင္းသူတို႔အား စာသင္ေက်ာင္းက ေက်ာင္းတက္ခြင့္ အခ်ိန္ကာလ အကန္႔အသတ္မရွိ ရပ္ဆုိင္းခဲ့သည္။ ေလးလအၾကာ ႏိုဝင္ဘာ ၂၂ ရက္တြင္ ေက်ာင္းသားေလးကုိ စာသင္ေက်ာင္းမွ ထုတ္ပယ္ခဲ့သည္။

စာသင္ေက်ာင္းဆိုသည္မွာ စည္းကမ္းအစျပဳသည့္ေနရာျဖစ္ေၾကာင္း ေက်ာင္းအုပ္ႀကီး ဆီဘတ္ရွန္း တိီဂ်ိဳးဆက္ကေျပာဆုိခဲ့သည္။ ေက်ာင္းသားအား ဝန္ခ်ေတာင္းပန္ရန္ အခြင့္အေရးေပးခဲ့ေသာ္လည္း မိဘမ်ားႏွင့္ ယင္းေက်ာင္းသားတုိ႔က ေနာင္တရဟန္မျပခဲ့ေၾကာင္း ေက်ာင္းအုပ္ဆရာႀကီးကေျပာဆုိခဲ့သည္။

သို႔ေသာ္ ခ်က္ခ်င္းေတာင္းပန္ခဲ့ေၾကာင္း ေက်ာင္းသားေလးကေျပာဆုိ ခဲ့သည္။ မိန္းကေလးမွာမူ ေက်ာင္းပင္မအပ္ရေသးေသာေၾကာင့္ ေက်ာင္းျပန္တက္ျခင္းမျပဳခဲ့ေခ်။ ေက်ာင္းသူေလးသည္ ဖခင္ျဖစ္သူ အလုပ္လုပ္ကိုင္ေနသည့္ ဒူဘုိင္းမွ ကီရာလာသို႔ ဇြန္တြင္ ေျပာင္းေရႊ႕ လာခဲ့ျခင္းျဖစ္သည္။ ေက်ာင္းအပ္ရန္အတြက္ စာရြက္စာတမ္း မစံုလင္ေသးေသာေၾကာင့္ စိန္႔ေတာမတ္စ္စာသင္ေက်ာင္းသည္ ၎အား ေက်ာင္းသူအျဖစ္ သတ္မွတ္ျခင္းမရွိေသးေခ်။

ေက်ာင္းသားႏွင့္ ေက်ာင္းသူတို႔၏ လူမႈမီဒီယာအေကာင့္မ်ားကို ဝင္ၾကည့္ခဲ့ရာ ၎တို႔ႏွစ္ဦး လြန္မင္းစြာရင္းႏွီးေနသည့္ ဓာတ္ပံုမ်ားကုိေတြ႕ခဲ့ရေၾကာင္း စာသင္ေက်ာင္းကေျပာဆုိခဲ့သည္။ ဂုဏ္ျပဳေၾကာင္းျပသည့္အေနျဖင့္ ဖက္ေပြ႕ျခင္းျဖစ္ေၾကာင္း ေက်ာင္းသားျဖစ္သူကေျပာဆုိခဲ့သည္။

ေက်ာင္းသား၏မိဘမ်ားသည္ ကီရာလာကေလးအခြင့္အေရးေကာ္မရွင္ကို တုိင္ၾကားခဲ့ရာ ေကာ္မရွင္က ေက်ာင္းထုတ္ထားျခင္းကို ဖ်က္သိမ္းရန္ စာသင္ေက်ာင္းအား ညႊန္ၾကားခဲ့သည္။ သို႔ေသာ္ စာသင္ေက်ာင္းသည္ ကီရာလာအထက္႐ုံးသို႔ေလွ်ာက္ထားခဲ့ရာ အထက္႐ုံးက ေက်ာင္းထုတ္ရန္ ညႊန္ၾကားခ်က္ကုိ အတည္ျပဳေပးခဲ့သည္။

Source:BBC

႐ိုးေျမ

ဒေလီ ဒီဇင်ဘာ ၂၂

အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာပြည်နယ်၌ တစ်ဦးနှင့် တစ်ဦး ဖက်ပွေ့သည့် ဆယ်ကျော်သက်နှစ်ဦးအား စာသင်ကျောင်းက အများပြည်သူဆိုင်ရာနေရာတွင် အကြင်နာပေးမှုဖြင့် ထုတ်ပယ်ခဲ့ကြောင်း ဘီဘီစီသတင်းအရ သိရသည်။

ကီရာလာပြည်နယ်ရှိ စိန့်တောမတ်စ်စာသင်ကျောင်း၌ အသက် ၁၅ နှစ်အရွယ် ကျောင်းသူလေးသည် သီချင်းအဆိုပြိုင်ပွဲ၌ ၎င်းဖျော်ဖြေခဲ့မှုကောင်း မကောင်းကို သူငယ်ချင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေးကို မေးမြန်းခဲ့ရာ ကျောင်းသားလေးက ဂုဏ်ပြုကြောင်းပြောဆိုပြီး ဖက်ပွေ့ခဲ့သည်။

ဖက်ပွေ့မှုသည် တစ်စက္ကန့်၊ နှစ်စက္ကန့်သာကြာမြင့်ကြောင်း ကျောင်းသူလေးကပြောဆိုခဲ့သည်။ အနီးအနားတွင် အခြားကျောင်းသားများ နှင့် ဆရာများရှိနေပြီး မှားယွင်းနေသည်ဟု မခံစားရကြောင်း ကျောင်းသူလေးကပြောဆိုခဲ့သည်။

သို့သော် ဆရာတစ်ဦးက ကျောင်းအုပ်ကြီးကိုသွားရောက်တိုင်ကြား ခဲ့ပြီးနောက် မိုးမီးလောင်ခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် ယင်းကျောင်းသားနှင့် ကျောင်းသူတို့အား စာသင်ကျောင်းက ကျောင်းတက်ခွင့် အချိန်ကာလ အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့သည်။ လေးလအကြာ နိုဝင်ဘာ ၂၂ ရက်တွင် ကျောင်းသားလေးကို စာသင်ကျောင်းမှ ထုတ်ပယ်ခဲ့သည်။

စာသင်ကျောင်းဆိုသည်မှာ စည်းကမ်းအစပြုသည့်နေရာဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဆီဘတ်ရှန်း တိီဂျိုးဆက်ကပြောဆိုခဲ့သည်။ ကျောင်းသားအား ဝန်ချတောင်းပန်ရန် အခွင့်အရေးပေးခဲ့သော်လည်း မိဘများနှင့် ယင်းကျောင်းသားတို့က နောင်တရဟန်မပြခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီးကပြောဆိုခဲ့သည်။

သို့သော် ချက်ချင်းတောင်းပန်ခဲ့ကြောင်း ကျောင်းသားလေးကပြောဆို ခဲ့သည်။ မိန်းကလေးမှာမူ ကျောင်းပင်မအပ်ရသေးသောကြောင့် ကျောင်းပြန်တက်ခြင်းမပြုခဲ့ချေ။ ကျောင်းသူလေးသည် ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်နေသည့် ဒူဘိုင်းမှ ကီရာလာသို့ ဇွန်တွင် ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်သည်။ ကျောင်းအပ်ရန်အတွက် စာရွက်စာတမ်း မစုံလင်သေးသောကြောင့် စိန့်တောမတ်စ်စာသင်ကျောင်းသည် ၎င်းအား ကျောင်းသူအဖြစ် သတ်မှတ်ခြင်းမရှိသေးချေ။

ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုမီဒီယာအကောင့်များကို ဝင်ကြည့်ခဲ့ရာ ၎င်းတို့နှစ်ဦး လွန်မင်းစွာရင်းနှီးနေသည့် ဓာတ်ပုံများကိုတွေ့ခဲ့ရကြောင်း စာသင်ကျောင်းကပြောဆိုခဲ့သည်။ ဂုဏ်ပြုကြောင်းပြသည့်အနေဖြင့် ဖက်ပွေ့ခြင်းဖြစ်ကြောင်း ကျောင်းသားဖြစ်သူကပြောဆိုခဲ့သည်။

ကျောင်းသား၏မိဘများသည် ကီရာလာကလေးအခွင့်အရေးကော်မရှင်ကို တိုင်ကြားခဲ့ရာ ကော်မရှင်က ကျောင်းထုတ်ထားခြင်းကို ဖျက်သိမ်းရန် စာသင်ကျောင်းအား ညွှန်ကြားခဲ့သည်။ သို့သော် စာသင်ကျောင်းသည် ကီရာလာအထက်ရုံးသို့လျှောက်ထားခဲ့ရာ အထက်ရုံးက ကျောင်းထုတ်ရန် ညွှန်ကြားချက်ကို အတည်ပြုပေးခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply