အီရတ္ႏွင့္ ဆီးရီးယားတုိ႔၌ ေလေၾကာင္းထုိးစစ္ဆင္မႈ ၾသစေၾတးလ်ရပ္ဆုိင္း

0
163

ပံုစာ။ ၾသစေၾတးလ်တိုက္ေလယာဥ္တစ္စင္း

ကင္ဘာရာ ဒီဇင္ဘာ ၂၂

အီရတ္ႏွင့္ ဆီးရီးယားတုိ႔ရွိ အုိင္အက္စ္ပစ္မွတ္မ်ားအား ေလေၾကာင္းမွ ထုိးစစ္ဆင္တုိက္ခိုက္မႈကုိ ရပ္ဆိုင္းမည္ျဖစ္ေၾကာင္း ၾသစေၾတးလ်အစိုးရ ကေျပာဆုိခဲ့သည္။

တိုက္ေလယာဥ္ေျခာက္စင္းကို ျပန္လည္ေခၚယူမည္ျဖစ္ေသာ္လည္း အီရတ္၏ေတာင္းဆိုမႈအရ ေလာင္စာျဖည့္တင္းေရးႏွင့္ သတင္း ေထာက္လွမ္းေရးေလယာဥ္မွာမူ အီရတ္တြင္ ဆက္လက္ တာဝန္ထမ္းေဆာင္ေနဦးမည္ျဖစ္သည္။

ႏုိ္င္ငံတကာညႊန္႔ေပါင္းအဖဲြ႕၏တစ္စိတ္တစ္ပိုင္းအျဖစ္ ၾသစေၾတးလ်သည္ အီရတ္နွင့္ ဆီးရီးယားတို႔၌ ေလေၾကာင္းမွထုိးစစ္ဆင္ေနသည္မွာ ႏွစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္သည္။

အိုင္အက္စ္အၾကမ္းဖက္အဖဲြ႕အေပၚ ေအာင္ပဲြဆင္ႏိုင္ၿပီျဖစ္ေၾကာင္း အီရတ္က မၾကာေသးမီတြင္ ေၾကညာခဲ့ၿပီးေနာက္ တိုက္ေလယာဥ္မ်ားကုိ ျပန္လည္ေခၚယူရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး မာ႐ိုက္စ္ပိန္းကေျပာဆုိခဲ့သည္။

ယင္းဆံုးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး အီရတ္၊ အျခားမဟာမိတ္မ်ားႏွင့္ တုိင္ပင္ခဲ့ေၾကာင္း ပိန္းကေျပာဆုိခဲ့သည္။ အေမရိကန္ဦးေဆာင္ေသာ ညႊန္႔ေပါင္းအဖဲြ႕၏တစ္စိတ္တစ္ပိုင္းအျဖစ္ ၾသစေၾတးလ်သည္ စစ္သည္ ၇၈၀ ဦးကုိ ေစလႊတ္ခဲ့သည္။

စစ္ေျမျပင္တြင္ အီရတ္လံုၿခံဳေရးတပ္ဖဲြ႕ဝင္မ်ားရရွိခဲ့သည့္ ေအာင္ျမင္မႈမ်ားအရ ၾသစေၾတးလ်၏ထည့္ဝင္သည္ပုိးမႈသည္ အသြင္ကူးေျပာင္းေရးအေျခအေနသုိ႔ေရာက္ရွိသြားၿပီျဖစ္ေၾကာင္း ပိန္းကေျပာဆုိခဲ့သည္။

အီရတ္ႏွင့္ နုိင္ငံတကာညႊန္႔ပါင္းအဖဲြ႕မွ အျခားအဖဲြ႕ဝင္မ်ားႏွင့္ ေဆြးေႏြးၿပီးေနာက္ ၾသစေၾတးလ်အစိုးရသည္ အေရွ႕အလယ္ပိုင္းမွ တိုက္ေလယာဥ္ေျခာက္စင္းကို ျပန္လည္ေခၚယူရန္ ဆံုးျဖတ္လိုက္ၿပီျဖစ္သည္ဟု ၎ကဆက္လက္ေျပာဆုိခဲ့သည္။

ပိန္းက အေရွ႕အလယ္ပို္င္းရွိ စစ္ဆင္ေရးသည္ ရွည္ၾကာၿပီး ရက္စက္မႈမ်ားအျပည့္ပါဝင္ေၾကာင္း၊ စစ္မႈထမ္းခဲ့သည့္ ၾသစေၾတးလ်ႏုိင္ငံသားမ်ားကုိ ေက်းဇူးတင္ရွိပါေၾကာင္းေျပာဆုိခဲ့သည္။

အီရတ္တပ္မ်ားသည္ ယခုအခ်ိန္တြင္ အီရတ္ႏွင့္ ဆီးရီးယားနယ္စပ္ကို လံုးဝထိန္းခ်ဳပ္ႏုိင္ၿပီျဖစ္ေၾကာင္း အီရတ္ဝန္ႀကီးခ်ဳပ္ ဟိုင္ဒါ အယ္လ္-အာဘာဒီက လြန္ခဲ့ေသာႏွစ္ပတ္ခန္႔တြင္ ဘဂၢဒတ္၌ ေျပာဆုိခဲ့သည္။ အေမရိကန္ျပည္ေထာင္စုုက အုိင္အက္စ္အဖဲြ႕၏ ထိန္းခ်ဳပ္မႈ အဆံုးသတ္ျခင္းကို ႀကိဳဆုိခဲ့ေသာ္လည္း အၾကမ္းဖက္အဖဲြ႕ကုိ ဆက္လက္ႏွိမ္နင္းေနဦးမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

Source:BBC

႐ုိးေျမ

ကင်ဘာရာ ဒီဇင်ဘာ ၂၂

အီရတ်နှင့် ဆီးရီးယားတို့ရှိ အိုင်အက်စ်ပစ်မှတ်များအား လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သြစတြေးလျအစိုးရ ကပြောဆိုခဲ့သည်။

တိုက်လေယာဉ်ခြောက်စင်းကို ပြန်လည်ခေါ်ယူမည်ဖြစ်သော်လည်း အီရတ်၏တောင်းဆိုမှုအရ လောင်စာဖြည့်တင်းရေးနှင့် သတင်း ထောက်လှမ်းရေးလေယာဉ်မှာမူ အီရတ်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေဦးမည်ဖြစ်သည်။

နို်င်ငံတကာညွှန့်ပေါင်းအဖွဲ့၏တစ်စိတ်တစ်ပိုင်းအဖြစ် သြစတြေးလျသည် အီရတ်နှင့် ဆီးရီးယားတို့၌ လေကြောင်းမှထိုးစစ်ဆင်နေသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့အပေါ် အောင်ပွဲဆင်နိုင်ပြီဖြစ်ကြောင်း အီရတ်က မကြာသေးမီတွင် ကြေညာခဲ့ပြီးနောက် တိုက်လေယာဉ်များကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရိုက်စ်ပိန်းကပြောဆိုခဲ့သည်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အီရတ်၊ အခြားမဟာမိတ်များနှင့် တိုင်ပင်ခဲ့ကြောင်း ပိန်းကပြောဆိုခဲ့သည်။ အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့၏တစ်စိတ်တစ်ပိုင်းအဖြစ် သြစတြေးလျသည် စစ်သည် ရ၈၀ ဦးကို စေလွှတ်ခဲ့သည်။

စစ်မြေပြင်တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များရရှိခဲ့သည့် အောင်မြင်မှုများအရ သြစတြေးလျ၏ထည့်ဝင်သည်ပိုးမှုသည် အသွင်ကူးပြောင်းရေးအခြေအနေသို့ရောက်ရှိသွားပြီဖြစ်ကြောင်း ပိန်းကပြောဆိုခဲ့သည်။

အီရတ်နှင့် နိုင်ငံတကာညွှန့်ပါင်းအဖွဲ့မှ အခြားအဖွဲ့ဝင်များနှင့် ဆွေးနွေးပြီးနောက် သြစတြေးလျအစိုးရသည် အရှေ့အလယ်ပိုင်းမှ တိုက်လေယာဉ်ခြောက်စင်းကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ပိန်းက အရှေ့အလယ်ပို်င်းရှိ စစ်ဆင်ရေးသည် ရှည်ကြာပြီး ရက်စက်မှုများအပြည့်ပါဝင်ကြောင်း၊ စစ်မှုထမ်းခဲ့သည့် သြစတြေးလျနိုင်ငံသားများကို ကျေးဇူးတင်ရှိပါကြောင်းပြောဆိုခဲ့သည်။

အီရတ်တပ်များသည် ယခုအချိန်တွင် အီရတ်နှင့် ဆီးရီးယားနယ်စပ်ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်-အာဘာဒီက လွန်ခဲ့သောနှစ်ပတ်ခန့်တွင် ဘဂ္ဂဒတ်၌ ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုုက အိုင်အက်စ်အဖွဲ့၏ ထိန်းချုပ်မှု အဆုံးသတ်ခြင်းကို ကြိုဆိုခဲ့သော်လည်း အကြမ်းဖက်အဖွဲ့ကို ဆက်လက်နှိမ်နင်းနေဦးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ သြစတြေးလျတိုက်လေယာဉ်တစ်စင်း။

Leave a Reply