မန္းတိုင္းသည္ တရားမဝင္ရထားလမ္းကူး အမ်ားဆံုးျဖစ္

0
152

 

မႏၱေလး၊ဒီဇင္ဘာ ၂၂၊၂၀၁၇

မီးရထားသံလမ္းမ်ားကို ျဖတ္သန္းသြားလာသည့္ တရားမဝင္ ရထားလမ္းကူး အမ်ားဆံုး ရွိေသာ တိုင္းေဒသႀကီးမွာ မႏၲေလးတိုင္း ေဒသႀကီးျဖစ္ေၾကာင္း ျမန္မာ့မီးရထား (သြားလာေရး႒ာန) က သိရသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ တရားမဝင္မီးရထားလမ္းကူး စုစုေပါင္း ၂၄၈၅ ခု ရွိၿပီး မႏၲေလးတိုင္းသႀကီးအတြင္း တရားမဝင္ရထားလမ္းကူး ၅၂၁ ခု ရွိကာ မေကြးတိုင္းေဒသႀကီးတြင္ တရားမဝင္ရထားလမ္းကူး ၃၄၃ ခု ျဖင့္ ဒုတိယ အမ်ားဆံုးျဖစ္သည္။

“တရားမဝင္ရထားလမ္းကူးေတြက ကၽြန္ေတာ္တို႔ ျမန္မာ့မီးရထားက တရားဝင္လုပ္ေပးထားတဲ့ လမ္းေတြမဟုတ္တဲ့အတြက္ ျဖတ္သန္း သြားလာဖို႔ အဆင္ေျပတဲ့လမ္းမဟုတ္ဘူး ။ တရားဝင္လမ္းေတြက် ကားျဖတ္သန္းသြားလာဖို႔ လမ္းကို ေျပေအာင္လုပ္ထားတယ္ ။ စနစ္တက် အခ်က္ျပတာေတြရွိတယ္ ။ တရားမဝင္ ရထားလမ္းကူးေတြမွာ အခ်က္ျပစနစ္ေတြ မပါေတာ့ မီးရထားနဲ႔ ျဖစ္တဲ့ ယာဥ္မေတာ္တဆမႈေတြ ခဏ ခဏ ျဖစ္တယ္ ။” ဟု ျမန္မာ့မီးရထား (သြားလာေရး႒ာန) မွ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ေက်ာ္မ်ိဳးက ေျပာသည္။

တရားမဝင္သံလမ္းျဖတ္ကူးမႈေၾကာင့္ ရထားႏွင့္ အျခားယာဥ္တိုက္မႈမ်ား သည္ ၂၀၁၇ – ၂၀၁၈ ဘ႑ာႏွစ္ ၈ လအတြင္း ၅၃ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလံုးတြင္ တရားဝင္ဖြင့္လွစ္ထားသည့္ မီးရထားလမ္းကူး ၁၆၆၇ ခု ရွိၿပီး အေစာင့္ရွိသည့္ မီးရထားလမ္းကူး ၇၁၈ ခုႏွင့္ အေစာင့္မရွိ သည့္ မီးရထားလမ္းကူး ၉၄၉ ခု ရွိေၾကာင္းသိရသည္။

“တရားမဝင္ေတြကို ပိတ္ဖို႔ေတာ့လုပ္ေနတယ္ ။အတင္းအၾကပ္လည္း လုပ္မရဘူး ။ ေဒသခံေတြ ျဖတ္သန္းသြားလာေနရေတာ့ အတင္းအၾကပ္ လုပ္ရင္ ကြ်န္ေတာ္တို႔နဲ႔ ျပႆနာျဖစ္မွာ။ အဓိကကေတာ့ ရထားနဲ႔ မေတာ္တဆမျဖစ္ဖို႔ပါ ။ စနစ္တက်ျဖတ္သန္းဖို႔ အတြက္လည္း အသိပညာေပးတာေတြရွိပါတယ္ ။” ဟု ဦးေက်ာ္ေက်ာ္မ်ိဳး က ဆက္လက္ေျပာၾကားသည္။

ထို႔အျပင္ တရားဝင္ မီးရထားလမ္းကူးသည္ ျမန္မာ့မီးရထားမွ တရားဝင္ ျပဳလုပ္ထားသည့္ မီးရထားလမ္းကူး ထက္မ်ားေနေၾကာင္း ေတြ႕ရွိရသည္။

ႏိုင္လင္းဦး

မန္တလေး၊ဒီဇင်ဘာ ၂၂၊၂၀၁၇

မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် တရားမဝင် ရထားလမ်းကူး အများဆုံး ရှိသော တိုင်းဒေသကြီးမှာ မန္တလေးတိုင်း ဒေသကြီးဖြစ်ကြောင်း မြန်မာ့မီးရထား (သွားလာရေးဋ္ဌာန) က သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တရားမဝင်မီးရထားလမ်းကူး စုစုပေါင်း ၂၄၈၅ ခု ရှိပြီး မန္တလေးတိုင်းသကြီးအတွင်း တရားမဝင်ရထားလမ်းကူး ၅၂၁ ခု ရှိကာ မကွေးတိုင်းဒေသကြီးတွင် တရားမဝင်ရထားလမ်းကူး ၃၄၃ ခု ဖြင့် ဒုတိယ အများဆုံးဖြစ်သည်။

“တရားမဝင်ရထားလမ်းကူးတွေက ကျွန်တော်တို့ မြန်မာ့မီးရထားက တရားဝင်လုပ်ပေးထားတဲ့ လမ်းတွေမဟုတ်တဲ့အတွက် ဖြတ်သန်း သွားလာဖို့ အဆင်ပြေတဲ့လမ်းမဟုတ်ဘူး ။ တရားဝင်လမ်းတွေကျ ကားဖြတ်သန်းသွားလာဖို့ လမ်းကို ပြေအောင်လုပ်ထားတယ် ။ စနစ်တကျ အချက်ပြတာတွေရှိတယ် ။ တရားမဝင် ရထားလမ်းကူးတွေမှာ အချက်ပြစနစ်တွေ မပါတော့ မီးရထားနဲ့ ဖြစ်တဲ့ ယာဉ်မတော်တဆမှုတွေ ခဏ ခဏ ဖြစ်တယ် ။” ဟု မြန်မာ့မီးရထား (သွားလာရေးဋ္ဌာန) မှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

တရားမဝင်သံလမ်းဖြတ်ကူးမှုကြောင့် ရထားနှင့် အခြားယာဉ်တိုက်မှုများ သည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ၈ လအတွင်း ၅၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်ဖွင့်လှစ်ထားသည့် မီးရထားလမ်းကူး ၁၆၆၇ ခု ရှိပြီး အစောင့်ရှိသည့် မီးရထားလမ်းကူး ရ၁၈ ခုနှင့် အစောင့်မရှိ သည့် မီးရထားလမ်းကူး ၉၄၉ ခု ရှိကြောင်းသိရသည်။

“တရားမဝင်တွေကို ပိတ်ဖို့တော့လုပ်နေတယ် ။အတင်းအကြပ်လည်း လုပ်မရဘူး ။ ဒေသခံတွေ ဖြတ်သန်းသွားလာနေရတော့ အတင်းအကြပ် လုပ်ရင် ကျွန်တော်တို့နဲ့ ပြဿနာဖြစ်မှာ။ အဓိကကတော့ ရထားနဲ့ မတော်တဆမဖြစ်ဖို့ပါ ။ စနစ်တကျဖြတ်သန်းဖို့ အတွက်လည်း အသိပညာပေးတာတွေရှိပါတယ် ။” ဟု ဦးကျော်ကျော်မျိုး က ဆက်လက်ပြောကြားသည်။

ထို့အပြင် တရားဝင် မီးရထားလမ်းကူးသည် မြန်မာ့မီးရထားမှ တရားဝင် ပြုလုပ်ထားသည့် မီးရထားလမ်းကူး ထက်များနေကြောင်း တွေ့ရှိရသည်။

နိုင်လင်းဦး

 

Leave a Reply